Entertainment

"ကလေးယူဖို့ လိုပါသေးတယ်"လို့ ပြောတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

Want create site? Find Free WordPress Themes and plugins.

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီး၊ သရုပ်ဆောင် ရွှေမှုံရတီကတော့ မကြာခင် အသက် ၂၂ နှစ် ပြည့်တော့မှာဖြစ်ပြီး လတ်တလော အနုပညာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောပါတယ်။

“လတ်တလောမှာတော့ “သရဲဆိုချိုနဲ့လား” ဆိုတဲ့ကား ရိုက်နေပါတယ်။ ပြီးရင် နောက်တကားရိုက်ဖို့ ရှိပါတယ်။ သီချင်းထွက်ဖို့တော့ မရှိသေးပါဘူး။ သဲက မင်းသမီးပါ။ အဆိုတော် မဟုတ်ပါဘူး။ စကားနည်းသွားတာက ဘယ်လိုပြောရမလဲ သိပ်စကားပိုတွေ မပြောချင်တော့တာ။ နောက် ၅ လဆို အသက်လည်း ၂၂ ပြည့်တော့မှာမို့ပါ”လို့ ရွှေမှုံရတီက ပြောပါတယ်။

ရွှေမှုံရတီကတော့ အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျပြီး အိမ်ထောင်သက်တမ်း တနှစ်ပြည့်မှာ ခရီးတွေ ထွက်ဖြစ်တယ်လို့ဆိုပြီး လတ်တလောတော့ ကလေး မယူဖြစ်သေးဘူးလို့ ဆိုပါတယ်။

“အိမ်ထောင်သက် တနှစ်ပြည့် ခရီးတွေ ထွက်ကြတယ်။ ထွေထွေထူးထူးတော့ လုပ်တာ မရှိပါဘူး။ ကလေးယူဖို့ကတော့ လိုပါသေးတယ်။ နောက် ၄၊ ၅ ၊ ၈ နှစ် လောက်နေမှ ယူဖြစ်မယ်။ အလှူအတန်းတွေလည်း လုပ်ဖို့ ရှိပါတယ်။ ဒီလထဲမှာလည်း လုပ်ဖို့ ရှိပါတယ်”လို့ ရွှေမှုံရတီက ပြောပါတယ်။

မကြာခင် ရုံတင်မယ့် “ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပုံကိုလည်း ရွှေမှုံရတီက အခုလိုပဲ ပြောပါတယ်။

“ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်ကားက ဟာသကားလေးပေါ့။ ဟာသကား ရိုက်တာတော့ ထပ်စရာတော့ မရှိဘူးဆိုတော့ အဲ့ဒါကြောင့် အဲ့ကားလေးကို ကြိုက်ကြမယ် ထင်ပါတယ်။ ပေါ့ပေါ့ပါးပါးပဲ လုပ်ထားပါတယ်။ Tom Boy ပုံစံလေးကို တမျိုးလေး ထူးအောင်တော့ လုပ်ထားတယ်။ အခုလို ဟဲဗီးကားတွေ ကြားထဲမှာ ဟာသကား ဆိုတော့လည်း ဟာသကားကြိုက်တဲ့သူကလည်း ဟာသပေါ့။ ဟဲဗီးကြိုက်တဲ့သူကလည်း ဟဲဗီးပေါ့။ မတူကြဘူးပေါ့”လို့ ရွှေမှုံရတီက ပြောပါတယ်။

“ကျော်ကြားနှင့် အမွှေစိန် ဝိညာဉ်” ဇာတ်ကားကို ဒါရိုက်တာ သိန်းဟန်(ဖီးနစ်) ရိုက်ကူးပြီး သရုပ်ဆောင် ခန့်စည်သူ၊ ခင်လှိုင်၊ နေဒွေး၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ၊ ခြူးလေးနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင် ပြသသွားမယ်လို့ သိရပါတယ်။

You may also like these stories:

“အိမ်ထောင်ကျပြီးမှ ပိုချစ်တယ်လို့ ခံစားရတယ်”လို့ ရွှေမှုံရတီ ပြော

အိမ်ထောင်ကျပြီးနောက်ပိုင်း ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ သရုပ်ဆောင် ရွှေမှုံရတီ

Did you find apk for android? You can find new Free Android Games and apps.
Loading