Entertainment

ဆောင်းဂျီဟို ပါဝင်လာမယ့် ဒရာမာအသစ်ကို ၂၀၂၀ ပြည့်နှစ်မှာ ပြသဖို့ရှိ

Want create site? Find Free WordPress Themes and plugins.

JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Did We Love?” ဆိုတဲ့ ဒရာမာမှာ ပါဝင်မယ့် အဓိက သရုပ်ဆောင် စာရင်းကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီဒရာမာဟာဆိုရင် ၁၄ နှစ်လောက် ကိုယ့်ဘဝကို တဦးတည်း ရုန်းကန်ခဲ့ရတဲ့ Single မိခင်တယောက်နဲ့ မတူညီတဲ့ စိတ်ဓာတ်လေးမျိုးရှိတဲ့ အမျိုးသားလေးဦးအကြောင်း ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီဒရာမာကို အရင်က “Begin Again” လို့ နာမည်ပေးထားခဲ့ပြီး မင်းသား ကင်မင်ဂျွန်း၊ မင်းသမီး ဆောင်းဂျီဟိုနဲ့ တခြားနာမည်ကျော် သရုပ်ဆောင်တွေ ပါဝင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

ဒါရိုက်တာ ကင်ဒိုယောင်းက ရိုက်ကူးမှာဖြစ်ပြီး လီဆောင်းဂျင်က ဇာတ်လမ်းရေးသားပေးထားပါတယ်။

အဲ့ဒီဒရာမာမှာ မင်းသမီး ဆောင်းဂျီဟိုက ရုပ်ရှင်ထုတ်လုပ်သူနဲ့ Single မိခင်တဦးဖြစ်တဲ့ Noh Ae Jung အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ ချစ်ခြင်း လို့အဓိပ္ပါယ်ရတဲ့ သူနာမည်လိုပဲ Ae Jung ဟာ အချစ်တွေကို မျှဝေလေ့ ရှိသူ ဖြစ်ပေမယ့် ၁၄ နှစ်တာကာလပတ်လုံး အလုပ်ကိုပဲ အာရုံစိုက်ပြီး ကလေးကိုပဲ ကျွေးမွေးစောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူ့ဘဝမှာ အမျိုးသားလေးဦး ရောက်ရှိလာခဲ့ပြီးတော့ အိပ်ပျော်နေစိတ်အချစ်စိတ်တွေ တဖန်နိုးထလာခဲ့ပါ တယ်။

မင်းသား ဆွန်းဟိုဂျွန်ကတော့ ခပ်ဆိုးဆိုး အကျင့်စရိုက်ရှိပေမယ့် ဆွဲမက်ဖွယ်ကောင်းတဲ့ စာရေးဆရာ Oh Dae Oh အဖြစ် ပါဝင်မှာပါ။ သူဟာ ရောင်းအားအကောင်းဆုံး ဝတ္ထုတွေကို ရေးသားသူ ဖြစ်ပြီး ဟောလိဝုဒ် ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းတွေကိုရေးသားပေးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဘဝမှန်ကို ဖုံးကွယ်ထားသူလည်း ဖြစ်ပါတယ်။

မင်းသား ဆောင်းဂျုံဟိုကတော့ ပျော့ညံ့ပေမယ့် ချမ်းသာတဲ့ မင်းသား Ryu Jin အဖြစ် သရုပ်ဆောင်မှာပါ။ တက္ကသိုလ် မှာတုန်းက သူ့ကို ဘေယောင်ဂျွန်းအငယ်လေး လို့ ခေါ်ခဲ့ကြပြီး အခုတော့ တက်သစ်စမင်းသားတယောက်ဖြစ်လာသူပါ။

မင်းသား ကင်မင်ဂျွန်းကတော့ ကြောက်ဖို့ကောင်းပေမယ့် ဆွဲဆောင်မှုအားကောင်းတဲ့ စီအီးအို Goo Pa Do အဖြစ် ပါဝင်မှာပါ။ Nine Capital လို့ခေါ်တဲ့ ဘဏ္ဍာရေးကုမ္ပဏီကြီးရဲ့ စီအီးအိုဖြစ်ပြီး အရင်က ပုဂ္ဂလိကငွေချေး လုပ်ငန်းမှာ ရော်ဘင်ဟုဒ်လို့ နာမည်ပြောင်ရခဲ့တဲ့အထိ သောင်းကြမ်းခဲ့တဲ့ ဂိုဏ်းစတားဟောင်း တယောက်လည်း ဖြစ်ပါတယ်။

မင်းသား ဂူဂျာဆောင်းကတော့ ငယ်ရွယ်ပြီး နှစ်သက်ဖွယ်ကောင်းတဲ့ Oh Yeon Woo ဆိုတဲ့ အမျိုးသားနေရာကနေ သရုပ်ဆောင်မှာပါ။ သူဟာ ကိုယ်ကာယပညာရေးဆိုင်ရာ လေ့ကျင့်ပေးသူဖြစ်ပြီး သူ့ရဲ့ကျောင်းမှာ နာမည်အကျော်ကြားဆုံး ဆရာတယောက်လည်းဖြစ်ပါတယ်။

အဲ့ဒီအမျိုးသားလေးဦးနဲ့ Single မိခင်တယောက်တို့ရဲ့ကြားက အချစ်ဇာတ်လမ်းတွဲကို လာမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာ ပြသဖို့ ရှိနေပါတယ်။

Ref:soompi

You may also like these stories:

ဒုတိယမြောက် သမီးလေး မွေးဖွားခဲ့တဲ့ မင်းသား ရိန်းနဲ့ ဇနီး ကင်ထယ်ဟီး

၁၄ နှစ်ကြာမှ ငွေရောင်ပိတ်ကားပေါ်မှာ မြင်တွေ့ရမယ့် မင်းသမီး လီယောင်အေး

အချစ် ဒရာမာအသစ်မှာ ပါဝင်မယ့် မင်းသား Kang Ha Neul နဲ့ မင်းသမီး Gong Hyo Jin

Did you find apk for android? You can find new Free Android Games and apps.
Loading