• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကမ္ဘာကျော်ကားဒီဇိုင်နာ ၂ဦးရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရမယ့် ‘Ford v Ferrari’ ရုပ်ရှင်

by မစ်ကီ
14 November 2019
in Entertainment
A A
'Ford v Ferrari' ရုပ်ရှင်

'Ford v Ferrari' ရုပ်ရှင်

66.5k
VIEWS
Share on FacebookShare on Twitter

မကြာမီ ရုံတင်ဖို့ ရှိနေတဲ့ “Ford v Ferrari” ရုပ်ရှင်မှာတော့ ကမ္ဘာကျော်ကားဒီဇိုင်းကို ပုံဖော်ခဲ့ကြတဲ့ အမျိုးသား၂ဦးကြားက အပြိုင်အဆိုင် တိုက်ပွဲကို ဖော်ပြမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီနောက်ကွယ်က ဖြစ်ရပ်တွေကို ရင်သပ်ရှုမောဖွယ် ပုံဖော်ထားတာဖြစ်ပါတယ်။

မင်းသား Matt Damon နဲ့ မင်းသား Christian Bale တို့ခေါင်းဆောင် ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ကစလို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
406
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
829
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.6k

“1966 24 Hours of Le Mans” ပြိုင်ပွဲမှာ အီတလီရဲ့ နာမည်ကျော် Ferrari အသင်းကို အနိုင်ယူဖို့ Ford GT40 ကားကို တည်ဆောက်ခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိသျှကားဒီဇိုင်နာနဲ့ အင်ဂျင်နီယာတွေရဲ့ လူသိနည်းတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

မင်းသား Bale က “ကားပြိုင်ပွဲနဲ့ ပတ်သက်လို့ ခင်ဗျားတို့ ဘာမှမသိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျနော်တို့ ဘာတွေကို ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ပြသထားတာပါ။ ကားဘန်ပါနဲ့ အင်ဂျင်တွေရဲ့ လှပတဲ့ရိုက်ချက်တွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ ထူးခြားတဲ့ ရင်းနှီးမှုအကြောင်း ဇာတ်အိမ်တည်ထားပြီး ၁နာရီ မိုင် ၂၃၀ အမြန်နှုန်းနဲ့ ကြည့်ရမှာပါ” လို့ပြောဆိုခဲ့ပါတယ်။

မင်းသား Bale ကတော့ “Vice” ရုပ်ရှင်မှာ အမေရိကန်ဒုသမ္မတဟောင်း Dick Cheney အဖြစ် နောက်ဆုံးသရုပ်ဆောင်ခဲ့ ပြီးတဲ့နောက် ဗြိတိသျှကားမောင်းသူ Ken Miles အဖြစ် သရုပ်ဆောင်ဖို့ ပေါင် ၇၀ လောက်ချခဲ့ရပါတယ်။ မင်းသား Damon ကတော့ အမေရိကန် ပြိုင်ကားမောင်းသူနဲ့ ဒီဇိုင်နာ Carroll Shelby အဖြစ် ပါဝင်ထားပါတယ်။

ဒီဇိုင်နာ Shelby ကို Le Mans ပြိုင်ပွဲမှာ Ferrari အသင်းကို အနိုင်ယူနိုင်ဖို့ ဗြိတိသျှသား Miles နဲ့အတူ ကားတစင်းကို တည်ဆောက်ပေးဖို့ Henry Ford II က ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာဇာတ်ညွှန်း ဗားရှင်းအမျိုးမျိုး ရှိခဲ့ပေမယ့် မင်းသား Damon ကတော့ အဲ့ဒီထဲက ဇာတ်ညွှန်း တခုဟာ Miles နဲ့ Shelby ဇာတ်ကောင်တွေအပေါ် အာရုံစိုက်မှုရှိသွားစေတယ်လို့ ဆိုပါတယ်။

မင်းသား Damon က “ကျနော်က ကားပြိုင်တာကို လုံးဝမကြိုက်ပါဘူး။ ဇာတ်ညွှန်းကြောင့် စိတ်လှုပ်ရှားခဲ့ရပြီး ဇာတ်လမ်းကို ၆လလောက် ဖန်တီးခဲ့ရပါတယ်။ ပရိသတ်တွေလည်း အလားတူခံစားရမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

ရုပ်ရှင်ထဲမှာ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပုံရိပ်တွေကို လျှော့ချထားပြီး ဒါရိုက်တာ James Mangold က “တကယ့်ကား အစစ်တွေနဲ့ စတန့်အတွက် အတွေ့အကြုံရှိတဲ့ ပြိုင်ကားမောင်းသူ အဖွဲ့တခုကို အသုံးပြုထားပါတယ်။ မင်းသား Bale ဟာဆိုရင် ကားမောင်းပြိုင်သင်တန်းတခုကိုတောင် တက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Mangold က “လမ်းပေါ်က ကားတွေနဲ့ ကားအက်ရှင်တွေက ၁၀၀ ရာခိုင်နှုန်း ကားအစစ်တွေဖြစ်ပါတယ်။ အဲ့ဒီကားတွေထဲမှာ လူတွေကိုထည့်ပြီး ရိုက်ကူးခဲ့တာပါ” လို့ဆိုပါတယ်။

Ref:Reuters

You may also like these stories:

သည်းထိတ်ရင်ဖိုရုပ်ရှင်မှာ အတူမြင်တွေ့ရမယ့် Ben Affleck နဲ့ Matt Damon

Matt Damon ကို လက်ထပ်ပြီး နှစ်နိုင်ငံသား ဖြစ်ခွင့်ပေးချင်တယ်လို့ Chris Hemsworth အရွှန်းဖောက်

မင်းသား Ben Affleck ရိုက်ကူးမယ့် ဖြစ်ရပ်မှန် မှုခင်းရုပ်ရှင်မှာ မင်းသား Matt Damon ပါဝင်မည်

Your Thoughts …
Tags: 'Ford v Ferrari' ရုပ်ရှင်
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

No Content Available
Next Post
မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စပ်ရွှေသိုက်၏ မြေး၊ ပန်းချီဆရာ ဆဝမ်ဝုန်ဆီ ယောင်ဝီ

ဦးနေဝင်းအိမ်ကို ငှားသောကြောင့် EU ပန်းချီပြပွဲမှ မြန်မာပန်းချီဆရာ နုတ်ထွက်

မင်းသား Russell Crowe

သြစတြေးလျ တောမီးကြောင့် မင်းသား Russell Crowe ရဲ့ အဆောက်အဦ မီးလောင်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.3k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate