Blade ထဲက ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိနေတဲ့ Doctor Strange 2
Avengers: End Game ရုပ်ရှင်ပြီးဆုံးသွားခဲ့ချိန်မှာ အခြား Avengers အဖွဲ့ဝင်တွေအပြင် Doctor Strange ပါ စွန့်လွှတ်အနစ်နာခံခဲ့တာကို ကြည့်ရှုခဲ့ဖူးသူတိုင်း အမှတ်ရနေကြမှာပါ။ Doctor Strange 2 ထွက်ရှိလာဖို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်သလိုDoctor Strange in the Multiverse of Madness လို့ အမည်ပေးထား တာလည်းဖြစ်ပါတယ်။
နောက်ထပ် Doctor Strange ရုပ်ရှင်မှာလည်း မင်းသား Benedict Cumberbatch ပဲ သရုပ်ဆောင်မှာဖြစ်ပြီး Marvel အနေနဲ့လည်း သူတို့ရဲ့ နာမည်ကျော်ဇာတ်ကောင် Doctor Strange နောက်ဆက်တွဲရုပ်ရှင်အတွက် အစစအရာရာ ကောင်းသထက်ကောင်းမွန်အောင် ကြိုးစားအားထုတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ Doctor Strange 2 ရဲ့ ဗီလိန်ဟာ Dracula ဖြစ်ပြီး Marvel ရဲ့ နောက်ထပ်ဇာတ်ကောင် Blade ရဲ့ ဗီလိန်အဖြစ်လည်း ကျော်ကြားတဲ့ ဇာတ်ကောင်တယောက်လည်းဖြစ်ပါတယ်။
Doctor Strange နဲ့ပတ်သက်ပြီး အခုလိုထွက်ပေါ်နေတဲ့သတင်းတွေသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ ပရိသတ်တွေဟာ Horror နဲ့ Adventure ရောနှောထားတဲ့ ရုပ်ရှင်ကောင်းတခုကို ကြည့်ရှုကြရတော့မှာပါ။ Marvel နဲ့အတူ Doctor Strange 2 ကို တာဝန်ယူရိုက်ကူးမယ့် ဒါရိုက်တာ Scott Derrickson တို့ကတော့ Horror အမျိုးအစားဘက် ကူးပြောင်းဖို့ ဆန္ဒရှိနေခဲ့ကြတာလည်းဖြစ်ပါတယ်။
Doctor Strange 2 မှာ Dracula အပြင် နောက်ထပ်ပါဝင်လာနိုင်ခြေရှိတဲ့ နောက်ထပ်ဇာတ်ကောင်ကတော့ Marvel ရဲ့လူသိပ်မသိခဲ့တဲ့ Werewolf By Night ဖြစ်ပါတယ်။ Marvel ရဲ့ နောက်ထပ်ခြေလှမ်းသစ်တွေဟာ အရင့်အရင်ရုပ်ရှင်တွေထက် ပိုမိုတောင့်တင်းဖို့လိုအပ်လာပြီဖြစ်ပြီး ပရိသတ်တွေကိုလည်း မတူညီတဲ့ ရသတွေ ပေးစွမ်းဖို့ ဦးတည်လာနေတာဖြစ်ပါတယ်။
အသစ်ပြန်လည်ရိုက်ကူးမယ့် Blade ရုပ်ရှင်ဟာလည်း စိတ်လှုပ်ရှားစရာကောင်းနေတာဖြစ်ပြီး Doctor Strange in the Multiverse of Madness ရုပ်ရှင်ဟာလည်း Marvel နဲ့ စူပါဟီးရိုးရုပ်ရှင်ပရိသတ်တွေအတွက် တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
မုန့်ပို့သမားတဦးကို သူရဲကောင်းဆန်ဆန် ကယ်တင်ခဲ့တဲ့ မင်းသား Benedict Cumberbatch
အီးယူမှ ဗြိတိန်ခွဲထွက်ရေး လုပ်ဆောင်ခဲ့သူအဖြစ် Benedict Cumberbatch သရုပ်ဆောင်မည်
“Ironbark” ရုပ်ရှင်မှာ စစ်အေးခေတ် စပိုင်တဦးအဖြစ် မင်းသား Benedict Cumberbatch သရုပ်ဆောင်မည်
“Doctor Strange 2” ရုပ်ရှင်အတွက် စတာလင်ပေါင် ၇ ဒဿမ ၅ သန်း ကမ်းလှမ်းခံရတဲ့ Benedict Cumberbatch