Entertainment

မိသားစုကို အချိန်ပေးဖို့ အနုပညာအလုပ်တွေ ၁နှစ်ခန့် ရပ်နားမယ့် အဆိုတော် Pink

Want create site? Find Free WordPress Themes and plugins.

ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ CMA ဆုပေးပွဲမှာ ဖျော်ဖို့လာရောက်ချိန်မှာ အဆိုတော် Pink ဟာ ကော်ဇောနီပေါ်ကို သူနဲ့ အတူ မိသားစုကိုပါ ခေါ်ဆောင်လာခဲ့တာကို တွေ့ရပါတယ်။ ဆုပေါင်းများစွာ ဆွတ်ခူးပြီး ဖြစ်တဲ့ Pink က အနုပညာအလုပ်တွေ လုပ်ကိုင်တာကို ၁နှစ်လောက်ရပ်နားပြီး မိသားစုကို အချိန်ပေးဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

” အလုပ်တွေ ဆက်တိုက်လုပ်နေတာ ၂နှစ်ခွဲကျော်ပြီ။ သမီးအကြီးက ကျောင်းပြန်တက်နေရပြီ။ သားအငယ်လေးက မကြာခင် မူကြိုစတက်ရတော့မှာ ဆိုတော့ မိသားစုကို အချိန်ပေးဖို့ အချိန်တန်ပြီလို့ တွေးမိတယ်  ” လို့ သူမက ပြောပါတယ်။

အခုလို အနားယူရတာဟာ သူကို အမြဲ ကူညီနေတဲ့ အမျိုးသားအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ သီချင်းတွေကို ကိုယ်တိုင်ရေးပြီး သီဆိုလေ့ရှိတဲ့ အဆိုတော် Pink ဟာ အိမ်ထောင်မှုကို ထိန်းသိမ်းဖို့ အတွက် အနားယူမှာ ဖြစ်ပြီး သူတို့ ဇနီးမောင်နှံဟာ မကြာသေးခင်ကမှ အိမ်ထောင်သက်တမ်း ၁၄နှစ် ပြည့်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသမီးအရေးတွေကို တက်ကြွစွာလှုပ်ရှားလေ့ရှိတဲ့ အဆိုတော် Pink ရဲ့ အနားယူမှုကို ပရိသတ်တွေကလည်း နားလည်လက်ခံပေးထားတာကို တွေ့ရပါတယ်။

မကြာသေးခင်ကမှ အသက် ၄၀ ပြည့်သွားတဲ့ သူမဟာ မိသားစုနဲ့မကြာခဏ ခရီးထွက်လေ့ရှိပြီး  မိသားစုဟာ ပျော်ရွှင်မှုကို အမြဲပေးစွမ်းသူတွေ ဖြစ်တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ့ရှိသူလည်း ဖြစ်ပါတယ်။

အခုလို အနားယူရတာဟာ ဘယ်သူတဦးတယောက်ရဲ့ တိုက်တွန်းမှုမှ မပါဘဲ သူကိုယ်တိုင်က မိသားစုကို အချိန်ပြည့် ပေးချင်လို့ ဖြစ်ကြောင့်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref;today.com/

Did you find apk for android? You can find new Free Android Games and apps.
Loading