မင်းသား Chris Pratt ဟာ Captain America ဇာတ်ရုပ်အတွက် လူရွေးပွဲ ဝင်ခဲ့တယ်လို့ သိရပါတယ်။ “Jurassic World” ရုပ်ရှင်စတား မင်းသား Pratt ဟာ Marvel Cinematic Universe မှာ ပါဝင်တဲ့ “Guardians of the Galaxy” ရုပ်ရှင်စီးရီးတွေမှာ Star-Lord ဇာတ်ကောင်နေရာကနေ ပါဝင်ထားသူဖြစ်ပေမယ့် သူဟာ သတ္ထုဒိုင်းကိုင်ရမယ့် စူပါစစ်သားတဦးအနေနဲ့ MCU မှာ ထပ်မံပါဝင်လာနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အဲ့ဒီ သတင်းကိုတော့ Marvel စတူဒီယိုရဲ့ သရုပ်ဆောင်ဆိုင်ရာ ဒါရိုက်တာ Sarah Finn က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မင်းသား Chris Evans အနေနဲ့ “Cap” လို့ချစ်စနိုးခေါ်ကြတဲ့ Steve Rogers ဇာတ်ကောင်ကနေ နုတ်ထွက်လိုက်တဲ့နောက်ပိုင်းမှာ မင်းသား Pratt ကို ထည့်သွင်းဖို့ လူရွေးပွဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Peter Quill တဖြစ်လဲ Star-Lord အဖြစ် အသက် ၄၀ အရွယ် မင်းသား Pratt ဟာ လူမှန်နေရာမှန်မှာ ရှိနေတယ် ဆိုတာကို ဒါရိုက်တာ Finn က ဝန်ခံပေးမယ့် သူ့အနေနဲ့ လူရွေးပွဲမှာ ပါဝင်နိုင်ဖို့ ဒါရိုက်တာ James Gunn ထံကနေ ခွင့်ပြုချက် တောင်းခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။
ဒါရိုက်တာ Finn က “James Gunn ဟာ သူ့ကို စိတ်ပျက်စေရလောက်တဲ့အကြောင်း ကျမက ပြောခဲ့ပေမယ့် သူက သိပ်ကို ရက်ရောပါတယ်။ ပြီးတော့ Chris Pratt ကိုလည်း အဲ့ဒီနေရာမှာ ဆက်သရုပ်စေမယ်လို့ ပြောပါတယ်။ ဒါပေမယ့် Pratt ကတော့ အဲ့ဒီ Cap ဇာတ်ရုပ်ကို သရုပ်မဆောင်ချင်ဘဲ လူရွေးပွဲကို ငြင်းဆန်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာ Finn ရဲ့ အဆိုအရ မင်းသား Pratt ရဲ့ လူရွေးပွဲအခိုက်အတန့်ဟာ ထူးခြားလွန်းခဲ့တယ်လို့ ဆိုပါတယ်။ Finn က “နောက်ဆုံးမှာတော့ ကျမ သူ့ကို လူရွေးပွဲဆီ ခေါ်လာနိုင်ခဲ့တယ်။ James Gunn ကတော့ Pratt ကို မမြင်ချင်ဘူးလို့ ပြောတယ်။ တကယ့်ကိုပဲ စိန်ခေါ်မှုတခု ဖြစ်စေခဲ့တယ်”
“သူတို့ နှစ်ယောက်လုံးကို ပြန်ခေါ်နိုင်လိုက်တဲ့အချိန်မှာ ကျမ တကယ့်ကိုပဲ ပျော်ရွှင်ခဲ့ရပါတယ်။ ဒါဟာ ရိုရိုးသားသား ပြောရရင် သိပ်ကို ထူးခြားလွန်းတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဆယ်စက္ကန့်လောက်နေတော့ James က ကျမဘက်ကို လှည့်ပြီး ပြောတယ်။ “Pratt ဟာ တကယ့်ကောင်ပဲ” လို့ ဆိုပါတယ်။
မင်းသား Pratt ဟာ “Guardians of the Galaxy” ရုပ်ရှင်နှစ်ကားနဲ့ နောက်ဆုံး “Avengers” ရုပ်ရှင်နှစ်ကားမှာ Star-Lord အဖြစ် သရုပ်ဆောင်ထားပြီး နောက်ထွက်လာမယ့် တတိယမြောက် Guardians ရုပ်ရှင်မှာ အာကာသယာဉ် ကပ္ပတိန်အဖြစ် ပြန်လည် သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။
Ref:asiaone