Entertainment

အနုပညာ ခရီးလမ်းအစမှာ ဒါရိုက်တာရဲ့ အဝတ်ချွတ်ပြခိုင်းမှုကို ခံခဲ့ရတဲ့ ဂျန်နီဖာလိုပက်ဇ်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် အဆိုတော်၊ မင်းသမီး ဂျန်နီဖာလိုပက်ဇ် (Jennifer Lopez) ဟာ သူ့ရဲ့ အနုပညာခရီးလမ်း အစပိုင်းမှာ ဒါရိုက်တာ တဦးကို အဝတ်ချွတ်ပြဖို့ ငြင်းဆိုခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၅၀ အရွယ် လိုပက်ဇ်ဟာ သူ အဝတ်စမ်းသပ် ဝတ်ဆင်နေတဲ့အချိန်မှာ နာမည်ဖော်ပြမထားတဲ့ ဒါရိုက်တာတဦးက အဝတ်ချွတ်ပြဖို့ စေခိုင်းခဲ့ပြီး အဲ့ဒီ ဒါရိုက်တာကို စိတ်ပျက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ် ကိုယ်တိုင်အတွက် ရပ်တည်နိုင်ခဲ့တယ်လို့ ခံစားခဲ့ရတဲ့ အတွက်လည်း ကျေးဇူးတင်မိတယ်လို့ ဆိုပါတယ်။

မင်းသမီး Lupita Nyong’o နဲ့ မင်းသမီး Scarlett Johansson တို့အပါအဝင် လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်နဲ့အတူ မင်သမီး လိုပက်ဇ်ဟာ The Hollywood Reporter မီဒီယာရဲ့ Drama Actress ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ “သူက ကျမရဲ့ရင်သားတွေကို ကြည့်ချင်တယ်တဲ့။ အခုရိုက်ကွင်းမှာ မဟုတ်ဘူးလို့ ကျမက ပြန်ပြောလိုက်တယ်။ မလုပ်နိုင်ဘူးလို့ ကျမ ပြောလိုက်တယ်။ ကိုယ့်ကိုယ်တိုင် အတွက် ရပ်တည်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျမအရမ်း ကြောက်ရွံ့တုန်လှုပ်မိနေခဲ့တယ်ဆိုတာကို သတိရမိတော့ တော်တော်လေးကိုလည်း ရယ်ရပါတယ်”

“အခန်းထဲမှာ ဝတ်စုံဒီဇိုင်နာ အမျိုးသမီး တယောက်လည်း ရှိနေခဲ့တယ်။ သူက ဒီလိုပြောတယ်။ ကျမက မလုပ်နိုင်ဘူး ပြောခဲ့တယ်။ ကျမရဲ့ ရင်သားတွေကို ပြဖို့ မလိုအပ်ဘူးလေ။ ရိုက်ကွင်းမှာဆိုရင်တော့ မြင်ချင်မြင်ရမှာပေါ့”လို့ မင်းသမီးက ဆိုပါတယ်။

အဆိုတော် လိုပက်ဇ်ဟာ အဲ့ဒီလိုမျိုး ရုပ်ရှင်ရိုက်ကူးရေး အစောပိုင်းကာလမှာ စည်းတခု ချမှတ်ဖို့ဟာ အရေးကြီးတယ်လို့ ခံစားခဲ့ရပြီး နောက်ပိုင်းမှာတော့ ဒါရိုက်တာဖြစ်သူက ပြန်တောင်းပန်ခဲ့လို့ ကျေနပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

သူက “အဲ့ဒီလို အချိန်မျိုးမှာ သူတို့လုပ်ချင်တာ ဘာမဆို လုပ်နိုင်တယ်ဆိုပြီး လူတယောက်က ရုတ်တရက် ဒီလိုမျိုး လုပ်လာတာနဲ့ ကြုံရနိုင်ပါတယ်။ ပြီးတော့ ကျမကလည်း အဲ့ဒီမှာ စည်းလေးတခုကို ချခဲ့ပါတယ်။ ပြီးတော့ မလုပ်နိုင်ဘူး ပြောခဲ့တယ်”

“နောက်တော့ သူက ပြန်တောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် သူအခန်းထဲက ထွက်သွားပြီး မိနစ်ပိုင်းကြာတော့ ဝတ်စုံဒီဇိုင်နာက ကျမ တောင်းပန်ပါတယ်။ ဒီလိုဖြစ်ခဲ့ရလို့ တောင်းပန်ပါတယ်” လို့ ဆိုပါတယ်။

အခုနောက်ဆုံးထွက်ရှိထားတဲ့ Hustlers ရုပ်ရှင်ရိုက်ကွင်းမှာတော့ မင်းသမီး လိုပက်ဇ်ဟာ အရာအားလုံးကို ပရော်ဖက်ရှင်နယ်ကျကျ ထိန်းသိမ်းနိုင်တဲ့သူတဦး ရှိနေတာကြောင့် စိတ်သက်သောင့်သက်သာ ပိုဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူက “Hustlers မှာတော့ စိတ်သက်သောင့်သက်သာဖြစ်ခဲ့ရတဲ့ နည်းပြတဦး ရှိပါတယ်။ အဲ့ဒီလောကကို အခြေခံကျကျ နားလည်တဲ့သူတဦးပါ။ ပြီးတော့ ဒီအရာတွေကတော့ အဆင်ပြေတယ်။ ဒီအရာတွေကတော့ အဆင်မပြေဘူးလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

ရိုက်ကွင်းရှိခဲ့တဲ့ အမျိုးသမီးတွေက ကိုယ်တပိုင်းနဲ့ ကိုယ်လုံးပြည့် ဝတ်လစ်စလစ်တွေ ဖြစ်နေတာကြောင့် ရိုက်ကွင်းမှာရှိတဲ့ လူတိုင်း အဆင်ပြေအောင် လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading