“Most people are so ungrateful to be alive, but not you, not any more…” ဆိုတာ Saw ရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ မှတ်မိနေမယ့် ဒိုင်ယာလော့ တခွန်းပဲ ဖြစ်ပါတယ်။
Saw ရဲ့ နောက်ဆက်တွဲရုပ်ရှင်တွေ ထွက်ရှိမလာတော့ဘူးလို့ Horror ပရိသတ်တော်တော်များများက စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ Saw ကို တီဗီစီးရီးတခုအဖြစ် ကြည့်ရှုကြရတော့မှာဖြစ်ပါတယ်။
Saw တီဗီစီးရီး ပြန်လည်ရိုက်ကူးရာမှာ Saw ရဲ့ မူလသရုပ်ဆောင်တွေဖြစ်ကြတဲ့ Samuel L. Jackson နဲ့ Chris Rock တို့ပါဝင်လာမှာ ဖြစ်ပါတယ်။ Ghostbusters 3 နဲ့ Scream စတဲ့ ရုပ်ရှင်တွေလည်း အသစ်ပြန်လည်ရိုက်ကူးဖို့ ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် Saw အနေနဲ့ ပရိသတ်တွေကို ဘယ်လိုဖမ်းစားဖို့ ရောက်ရှိလာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ကွင်းဆက် လူသတ်သမားတယောက်ဟာ သူကိုယ်တိုင် တီထွင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေ ၊ တီဗီဖန်သားပြင် တွေပေါ်ကနေ သူ့ရဲ့ တရားစီရင်မှုကို ပုံသွင်းခဲ့ပုံတွေဟာ Saw ရဲ့ အဓိကဇာတ်အိမ်တည်ဆောက်ပုံပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းမှာ James Wan နဲ့ Leigh Whannell တို့ပါ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ လတ်တလောမှာ သတင်းတွေထွက်ပေါ်နေတာပါ။
Saw ကို တီဗီစီးရီးအဖြစ် ထုတ်လုပ်မလား၊ ရုပ်ရှင်အဖြစ်ထုတ်လုပ်မလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ရုပ်ရှင်ပေါင်း ၈ ကားအထိ ထွက်ရှိထားခဲ့တဲ့ Saw ဟာ အရင်က ထွက်ရှိခဲ့ဖူးတဲ့ရုပ်ရှင်တွေအတိုင်း မူရင်းအရသာ ကို ထိန်းထားဖို့အပြင် ပိုပြီးပြည့်စုံကောင်းမွန်တဲ့ ပြင်ဆင်မှုတွေနဲ့ Horror ပရိသတ်တွေဆီ ပြန်လည်ရောက်ရှိ လာတော့မှာဖြစ်ပါတယ်။
သိပ်မကြာခင်မှာ Saw ထွက်ရှိလာမယ့် နေ့စွဲတခု အတည်ပြုဖို့ရှိနေပြီး Lionsgate ကနေ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဗီဒီယိုဂိမ်းတခုလို အသွင်အပြင်တွေ၊ ချောက်ချားစရာ အိမ်အိုအဟောင်းတွေထဲ အထိတ်တလန့် အော်ဟစ်သံတွေနဲ့ Saw ဟာ ပရိသတ်တွေရှေ့မှောက်ဆီ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com