Entertainment

“ဇာတ်လမ်းတွဲက အနုပညာကို အချိန်တိုအတွင်းချပြခွင့်ရလို့ ပျော်တယ်” လို့ မိုးယံဇွန် ပြော

Want create site? Find Free WordPress Themes and plugins.

လတ်တလော MRTV 4 ရုပ်သံလိုင်းမှာပြသလျက်ရှိတဲ့ “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်မိုးယံဇွန်ကတော့ ဇာတ်လမ်းတွဲရိုက်ရတာ ပရိသတ်အတွက် အနုပညာကိုအချိန်တိုအတွင်း ချပြခွင့်ရတာ ကြောင့် ပျော်တယ်လို့ ပြောပါတယ်။

“ဇာတ်လမ်းတွဲတွေရိုက်ရတာ ပျော်ပါတယ်။ ဇာတ်လမ်းတွဲကရိုက်ပြီးရင် လပိုင်းအနည်းငယ်အတွင်းမှာ ပရိသတ်တွေဆီကို တင်ဆက်လို့ရတယ်။ ရုပ်ရှင်ဆိုရင်က ၁နှစ်နီးပါး နှစ်ဝက်နီးပါးလောက်ကြာတယ်။ အဲ့တော့ ကျနော်တို့ရဲ့အနုပညာကို Active ဖြစ်အောင်လုပ်လို့မရဘူး။ အခုလိုမျိုးဇာတ်လမ်းတွဲတွေ သရုပ်ဆောင်ရတာပျော်လည်းပျော်တယ်။ အနုပညာကို ချက်ချင်းပရိသတ်တွေ သိခွင့်ရလို့လည်းဝမ်းသာတယ်” လို့ မိုးယံဇွန်ကပြောပါတယ်။

“အခုလက်ရှိ MRTV 4 မှာလာနေတဲ့ အကြင်နာမြစ်ဖျား ဇာတ်လမ်းတွဲကို အားပေးနေတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ မိုးယံဇွန်ကပြောပါတယ်။

ထပ်မံပြီးတော့လည်း Bonanza Production နဲ့ MNTV တို့ပူးပေါင်းတင်ဆက်မယ့် “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီကားထဲမှာပါမယ့် ဇာတ်ကောင်က အရမ်းကိုတည်ကြည်ခန့်ပြီးတော့ လူငယ်တွေကြားထဲမှာရိုးသားတယ်။ ဒီကားထဲမှာပါတဲ့ သူငယ်ချင်းမိတ်ဆွေတွေ အကုန်လုံးကိုလိုက်ကူညီတတ်တယ်။ ဒီကားထဲမှာပါတဲ့ ကာရိုက်တာတွေထက် ရိုးသားဖြောင့်မတ်တဲ့ပုံစံမျိုးကို သရုပ်ဆောင်ရမှာပါ” လို့ မိုးယံဇွန်ကပြောပါတယ်။

“မျက်နှာပြင်များ” ၊ “မြို့ပြမုဆိုး” တို့လို အမိုက်စားရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ထားတဲ့ Bonanza ထုတ်လုပ်ရေးနဲ့ လက်တွဲအလုပ်လုပ်ဖြစ်ပုံကိုလည်းပြောပြခဲ့ပါတယ်။

“Bonanza ထုတ်လုပ်ရေးကရိုက်မယ့် ရင်ခုန်သံခုနှစ်ဆယ့်လေးရက် ဇာတ်လမ်းတွဲမှာ ဇာတ်ကောင်တခုအနေနဲ့ ကျနော်နဲ့လိုက်တယ်ပြောတယ်။ ကျနော်လည်း ဒီထုတ်လုပ်ရေးနဲ့ အလုပ်တခါမှမလုပ်ဖူးဘူး။ လက်တွဲပြီးလုပ်ချင်တာနဲ့ သူတို့ပြောတဲ့ဇာတ်ကောင်ကို ဇာတ်ညွှန်းအစအဆုံးဖတ်ကြည့်တော့ အဆင်ပြေတယ်။ သဘောကျတဲ့အတွက် လက်ခံဖြစ်တာပါ” လို့ မိုးယံဇွန်ကပြောပါတယ်။

ဆက်လက်ပြီး “ ဒီထုတ်လုပ်ရေးနဲ့ လက်တွဲလုပ်ထားတဲ့ အသိမိတ်ဆွေသူငယ်ချင်းတွေရှိတယ်။ သူတို့က လူငယ်တွေကြီး ပဲဖွဲ့စည်းထားတယ်။ အရမ်းမိုက်တယ်။ တခါမှအလုပ်တွဲ မလုပ်ဖူးဘူး။ လက်တွဲတဲ့အခါမှာ အရမ်းအဆင်ပြေတယ်။ ကိုယ်ဖန်တီးချင်တဲ့အရာ ကိုယ်ဖြစ်ချင်တဲ့အရာကိုပြောရတာ အရမ်းလွယ်တယ်”

“ ပြီးတော့ပွင့်ပွင့်လင်းလင်းနဲ့ အမိုက်စားတခုကိုဖန်တီးလို့ရတယ်။ အရှေ့မှာလည်း အမိုက်စားတွေ အများကြီး ဖန်တီးထားတာဆိုတော့ အားကျစရာကြီးပေါ့” လို့ မိုးယံဇွန်ကပြောပါတယ်။

မိုးယံဇွန်ကတော့ ၂၀၂၀ မှာလည်း ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးသွားဖို့ရှိပြီး ရုံတင်ဖို့ဇာတ်ကားများလည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

You may also like these stories:

“အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲမှာ အခက်အခဲတွေ ကြုံခဲ့တဲ့ ထက်ထက်ထွန်း

မကြာခင် ပြသမယ့် “အကြင်နာမြစ်ဖျား” ဇာတ်လမ်းတွဲ အကြောင်း ပြောပြတဲ့ ဒါရိုက်တာ သားညီ

Did you find apk for android? You can find new Free Android Games and apps.
Loading