Entertainment

ကိုယ့်ထက် အသက်ကြီးတဲ့ အမျိုးသားကို မှီခိုရတာ ပိုကြိုက်တဲ့ မော်ဒယ် Jနော်

Want create site? Find Free WordPress Themes and plugins.

စူပါမော်ဒယ်တဦးဖြစ်တဲ့ မော်ဒယ် Jနော်ကတော့ အသက်အရွယ်တခုအရ ပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသားများကို အများကြီးအကဲခတ်တတ်နေပြီဖြစ်ပြီး သူမထက်အသက်ကြီးတဲ့အမျိုးသားအပေါ်မှာ မှီခိုရတာကို ကြိုက်တယ်လို့ ပြောပါတယ်။

“နောတို့ အသက်အရွယ်ကကျတော့ အများကြီး စဉ်းစားတတ်နေပြီပေါ့နော်။ ကိုယ်ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့လူတွေကို အများကြီးအကဲခတ်တတ်နေပြီ။ အမှန်အတိုင်းပြောရရင်တော့ ကိုယ့်ထက် အသက်ကြီးတဲ့ယောက်ျားကို မှီခိုရတာပိုကြိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို သွန်သင်ပေးနိုင်တယ်။ ဆုံးမပေးနိုင်တယ်။ လမ်းပြပေးနိုင်တယ်”

“ ကိုယ့်ထက်ငယ်တဲ့သူကျတော့ တချို့ကအသက်ငယ်ပေမယ့် လူကြီးဆန်တာတွေရှိတယ်။ ဒါပေမယ့် မရှိသလောက်တော့ ရှားတယ်။ ကိုယ့်ထက်အသက်ကြီးတဲ့ယောကျ်ားက ကိုယ့်ကိုဦးဆောင်နိုင်တယ်” လို့ Jနော်ကပြောပါတယ်။

အိမ်ထောင်ပြုဖို့အတွက် စိတ်ကူးမရှိဘူးလို့ အင်တာဗျူးများမှာ ဖြေခဲ့ဖူးပြီး သက်လတ်အပိုင်းအရွယ်တခုဖြစ်တာကြောင့် ချစ်သူရည်းစားကတော့ ထားနေမှာဖြစ်တယ်လို့ သိရပါတယ်။

“အမှန်အတိုင်းပြောရရင် နောလေးအိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူးလို့ အင်တာဗျူးတွေမှာ အမြဲဖြေဖူးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ကအခုအချိန်မှာ လူငယ်တယောက်ဖြစ်တယ်။ သက်လတ်ပိုင်းတယောက်ဖြစ်တဲ့အတွက် သမီးရည်းစား ကတော့ထားမှာပဲ။ ကိုယ်ချစ်တဲ့သူပေါ့နော်”

“ ပြီးတော့ကိုယ်နဲ့စိတ်တူကိုယ်တူဖြစ်တဲ့ ယောက်ျားမျိုးရရင်တော့ အကောင်းဆုံးပေါ့။ ဒါကတော့ မိန်းကလေးတိုင်းလည်း ဆုတောင်းတယ်။ မိန်းကလေးတိုင်းရဲ့အိပ်မက်လည်းဖြစ်တယ်” လို့ Jနော်ကပြောပါတယ်။

ဆက်လက်ပြီး “ဒါပေမယ့် နော အမြဲတမ်းပြောသလို အိမ်ထောင်ပြုတယ်။ ချစ်သူရည်းစားထားတယ်ဆိုတာ ထီထိုးရသလိုပဲ ပေါက်ချင်မှပေါက်တာ။ သူများလက်ထဲမှာ အရမ်းကောင်းတဲ့ ယောက်ျားတယောက်ဖြစ်ချင်ဖြစ်နေမယ်။ ကိုယ့်လက်ထဲ ရောက်မှ ပျက်စီးသွားတဲ့ ယောက်ျားတွေလည်းရှိတယ်”

“ တချို့ကျတော့လည်း သူများတွေအပေါ်မှာ ဘယ်လောက်ပဲမကောင်းတဲ့ ယောက်ျားပဲဖြစ်ပါစေ၊ ကိုယ့်လက်ထဲ ရောက်တော့ ကောင်းသွားတဲ့ ယောက်ျားတွေရှိတယ်။ ကိုယ့်အပေါ်မှာလည်း အများကြီးမူတည်တာကို” လို့ပြောပါတယ်။

Jနော်ကတော့ မွေးနေ့ရောက်တိုင်း အလှူတခုအမြဲကျင်းပလေ့ရှိတဲ့အတွက် ယခုနှစ်မှာလည်း သူမရဲ့မွေးနေ့အလှူအဖြစ် သိမ်ဖြူလမ်းမှာရှိတဲ့ သီလရှင်ကျောင်းတခုမှာ အဘိုးအဘွား ၁ရာကျော်နဲ့ သီလရှင် ၂၅ပါးတို့ကို နေ့လယ်စာ အလှူ လုပ်ခဲ့ပါတယ်။

“ပုံမှန်ဆိုရင်တော့ လူတွေက အသက်တနှစ်ကြီးတိုင်းပိုပြီးတော့ ရင့်ကျက်လာတယ်။ ပိုပြီးတော့ စဉ်းစားတွေးခေါ်တတ် လာတယ်။ နောလေးအတွက်လည်း အဲ့လိုပဲ နှစ်တနှစ်မှာရလိုက်တဲ့ အလုပ်အတွက်အတွေ့အကြုံတွေ ပြီးတော့ အချစ်ရေးမှာ သော်လည်းကောင်း၊ အကုန်လုံးအစစအရာရာမှာ Learn လုပ်ရတဲ့အရာတွေ အများကြီးရှိတယ်။ အတွေ့အကြုံရတဲ့အရာတွေ အများကြီးရှိတယ်။ တနှစ်ထက် တနှစ်ပိုကောင်းအောင်တော့ ကြိုးစားနေတယ်” လို့ Jနော်ကပြောပါတယ်။

မော်ဒယ်တယောက်အဖြစ် စတင်ခဲ့တဲ့အချိန်မှာစတင်ကာ အခုအချိန်အထိ ခိုင်မာစွာရပ်တည်လာခဲ့တဲ့ Jနော်က နောက်နှစ်ထဲမှာဆိုရင်တော့ အနုပညာအသစ်တခုကို ဖန်တီးသွားဖို့ရှိပြီး သေချာတဲ့အချိန်ကျရင် အသိပေးသွားမယ်လို့ ပြောပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading