• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဆံပင်ပုံစံအသစ် ညှပ်ထားတဲ့အကြောင်း ပြောပြတဲ့ အောင်ရဲထိုက်

by ယုဖြူဟန်
17 November 2019
in Entertainment
A A
ဆံပင်ပုံစံအသစ်နဲ့ အောင်ရဲထိုက်  / Aung Ye Htike's Facebook

ဆံပင်ပုံစံအသစ်နဲ့ အောင်ရဲထိုက် / Aung Ye Htike's Facebook

8.4k
VIEWS
Share on FacebookShare on Twitter

လာမယ့်လပိုင်းအတွင်းရုံတင်ပြသတော့မယ့် “သန်းခေါင်ယံ” ဆိုတဲ့ရုပ်ရှင်ကားထဲမှာတော့ သရုပ်ဆောင်အောင်ရဲထိုက်ကို ထူးခြားတဲ့ဆံပင်ပုံစံနဲ့တွေ့မြင်ရမှာဖြစ်ပြီး ဒီဆံပင်ပုံစံညှပ်ဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုဆိုပါတယ်။

“သန်းခေါင်ယံ ကားထဲက ဆံပင်ပုံစံက ဇာတ်လမ်းထဲမှာ အဲ့လိုပုံစံလို့ မပြောထားဘူး။ ဒီတိုင်းဆိုရင်က ပျင်းစရာကြီးလေ။ ကိုယ့်ရဲ့ကာရိုက်တာကို ထူးခြားပြီး ပေါ်အောင်လုပ်ချင်တယ်ဆိုတော့ အဲ့လိုလေးလုပ်လိုက်မယ်ဆိုပြီး ကိုယ့်ဘာသာ ကိုယ်လုပ်လိုက်တာ ဆိုင်ကယ်ဦးထုပ်ဖြစ်သွားတယ်” လို့ အောင်ရဲထိုက်ကပြောပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
217
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
791
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

နဂိုချောမောလှပတဲ့ရုပ်ကို ဆံပင်ပုံစံကြောင့် ရုပ်တမျိုးပြောင်းသွားခဲ့တဲ့အတွက် ရုပ်ဆိုးမှာကို စိတ်မပူခဲ့ဘူးလို့လည်း ဆိုပါတယ်။

“ရုပ်ဆိုးမှာကိုတော့ စိတ်မပူပါဘူး။ ဆိုးချင်ရင်ဆိုးမယ်၊ ကြည့်ကောင်းချင်ရင် ကြည့်ကောင်းမှာပေါ့။ ကျနော်သိတာက ဒီကာရိုက်တာတခုအပေါ်မှာ ကျနော်ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုဆိုကာရိုက်တာက ပိုပြီးကြွလာမလဲဆိုတာပဲ စဉ်းစားတယ်။ ရုပ်ဆိုးမှာ မစဉ်းစားဘူး။ လိုက်ညှပ်ပါ။ ခေါင်းအေးတာပေါ့။ ဘာမှလုပ်စရာမလိုဘူး။ ဒီတိုင်းထား လိုက်ရုံပဲ” လို့ အောင်ရဲထိုက်က ပြောပါတယ်။

ဒီ “သန်းခေါင်ယံ” ကားထဲမှာတော့ အောင်ရဲထိုက်က ဖွန်ကြောင်ပြီးကပ်စေးနဲလွန်းသူ “အလွမ်း” ဆိုတဲ့ကာရိုက်တာကို သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

“သန်းခေါင်ယံ” ကားကတော့ အခွီသူငယ်ချင်းတသိုက်အပျော်ခရီးသွားရင်း ချောက်ချားစရာတွေနဲ့ ကြုံတွေ့ရတဲ့ အကြောင်းကို ဒါရိုက်တာအောင်မြတ်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များအဖြစ် စိုင်းဝဏ္ဏအောင် ၊ အောင်ရဲထိုက် ၊ ကြက်ဖ ၊ သိန်းလင်းစိုး ၊ စိုးမြတ်သူဇာ ၊ သင်ဇာဝင့်ကျော် ၊ နန်းခင်ဇေယျာနဲ့ တခြားသောသရုပ်ဆောင်များက ပါဝင်ထားပါတယ်။

အောင်ရဲထိုက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးတဲ့အခါမှာ သူ့အတွက်လုပ်ကွက်ရခြင်းမရခြင်းထက် အကောင်းဆုံး ဖြစ်အောင်ပဲလုပ်တယ်လို့ ဆိုပါတယ်။

“အဓိကက လုပ်ကွက်ရခြင်းမရခြင်းထက် ကျနော်လုပ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အရာတခုအပေါ်မှာ ကျနော်အကောင်းဆုံး ဖြစ်အောင်လို့ လုပ်ဖို့စဉ်းစားထားတယ်ဆိုတော့ လုပ်ကွက်ထက် အကောင်းဆုံးဖြစ်အောင်လုပ်မယ်ပဲ တွေးတယ်” လို့ အောင်ရဲထိုက်ကပြောပါတယ်။

အောင်ရဲထိုက်ကတော့ ရုပ်ရှင်ဇာတ်ကားများကိုရိုက်ကူးနေသလို သီချင်းဆိုတဲ့အပိုင်းမှာလည်း ဒီဇင်ဘာလအတွင်း သူကိုယ်တိုင်ရေးသားထားတဲ့ “စောင့်” ဆိုတဲ့သီချင်းရဲ့ Music Video ကို တင်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“သီချင်းအသစ် ၁ပုဒ် ထွက်ဖို့ရှိတယ်။ အဟောင်းရုပ်ရှင်ကားရိုက်ပြီးတဲ့အခါကျရင် Music Video အနေနဲ့ ထွက်ဖို့ရှိတယ်။ သီချင်းက ကိုသားသားရဲ့အခွေထဲမှာ ကျနော်ရေးပေးဖူးတယ်။ အဲဒီရေးပေးထားတဲ့ဟာကို ပြန်ဆိုတာ ကြိုက်လို့ပြန်လုပ်ပြီး ပြန်ဆိုတာ။ သီချင်းနာမည်လေးက “စောင်”့ လို့ပေးထားတယ်” လို့ အောင်ရဲထိုက်ကပြောပါတယ်။

ယခုရက်ပိုင်းအတွင်းမှာလည်း “အဟောင်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

Your Thoughts …
Tags: ဆံပင်သန်းခေါင်ယံအောင်ရဲထိုက်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

Hair Dryer သုံးတဲ့အခါ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ ရှိပါတယ်

Hair Dryer သုံးတတ်သူတွေ သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ

by ဟယ်လ်သင်
26 October 2019
30.9k

ဆံပင်တွေကို Dryer နဲ့ မမှုတ်ခင် ဗီတာမင်အီး၊ သံလွင်ဆီ စတဲ့အဆီတမျိုးမျိုးကို လိမ်းကျံပေးပြီးမှ အခြောက်ခံပေးခြင်းက ဆံသားတွေကို ပုံကျလှပစေနိုင်ပါတယ်။

ကျန်းမာသန်စွမ်းတဲ့ ဆံပင် ရရှိဖို့ စားသင့်တဲ့ အစားအစာများ

ကျန်းမာသန်စွမ်းတဲ့ ဆံပင်ကို ပိုင်ဆိုင်ဖို့ စားသင့်တဲ့ အစားအစာများ

by ရေဗန်
23 March 2019
8.5k

ဟင်းနုနွယ်ဟာ သံဓာတ်ကြွယ်ဝပြီး ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် အေလည်း ပါဝင်ပါတယ်။ ဟင်းနုနွယ်ကို စားခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေရုံမက ဆံပင်ကိုပါ သန်စွမ်းစေပါတယ်။

ဆံပင် ဆေးဆိုးခြင်းနဲ့ ဆံပင်ဖြောင့်ဆေး အသုံးပြုခြင်းတို့ဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

ဆံပင် မကြာခဏ ဆေးဆိုးခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်

by ဟယ်လ်သင်
4 January 2020
7.1k

အခုနောက်ဆုံး ပြုလုပ်တဲ့ လေ့လာမှုအရ ဆံပင် မကြာခဏ အရောင်ဆိုးတာ၊ အရောင်ပြောင်းတာ ပြုလုပ်တာမျိုးတွေဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

သာမန်အားဖြင့် လူတယောက်ဟာ တနေ့မှာ ဆံပင်ချည်ပေါင်း ၁၅၀ ခန့်ထိ ကျွတ်လေ့ရှိပါတယ်

သင့်ဆံပင်တွေက ပြောပြနေသော သင့်ကျန်းမာရေး အကြောင်း

by ဟယ်လ်သင်
20 April 2018
14.3k

ဦးရေပြားပေါ်က အဆီဂလင်းတွေဟာ လိုအပ်တာထက်ပိုပြီး အဆီတွေ ပိုမိုထွက်ရှိခြင်းကြောင့် ဆံသား အဆီပြန်ခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။

မိန်းကလေးတွေအတွက် ဆံပင်ဆိုတာ ဒုတိယမျက်နှာလို့ တင်စားကြပါတယ်

ဆံပင်အဖျား နှစ်ခွဖြစ်ခြင်းတွေကို ပြန်လည်ကောင်းမွန်စေမယ့် နည်းလမ်းများ

by ဟယ်လ်သင်
27 December 2018
8.9k

အုန်းဆီကို ဆံသားအရင်းကနေ အဖျားအထိ နှံ့စပ်အောင်လိမ်းပြီးမှ ခေါင်းလျှော်ပေးခြင်းအားဖြင့် ဆံပင်အဖျားနစ်ခွဖြစ်ခြင်းတွေကို ပြန်လည် ကောင်းမွန်လာစေပါတယ်။

သရုပ်ဆောင် နန်းခင်ဇေယျာ  / ချစ်ပိုး / ဧရာဝတီ

“မျက်လုံး အိုက်တင်တွေကို မကြီးစိုးက သင်ပေးတယ်”လို့ နန်းခင်ဇေယျာ ပြော

by ချစ်ပိုး
24 November 2019
5.2k

ဒါရိုက်တာ အောင်မြတ်က သေချာလေးလည်း လုပ်ထားတယ်။ ညမှာ တောက်လျှောက် ရိုက်ရခဲ့ရတဲ့ ကား၊ အမှတ်တရတွေလည်း အများကြီးရှိတယ်။

Next Post
အကယ်ဒမီခင်စိုးပိုင်  / ယုဖြူဟန် / ဧရာဝတီ

ဇာတ်လမ်းတွဲ ရိုက်ကူးပြီး အနုပညာအလုပ်တွေ ပြန်လုပ်လာပြီဖြစ်တဲ့ ခင်စိုးပိုင်

ပြင်သစ်နိုင်ငံက လူတွေအများဆုံးလည်ပတ်ကြတဲ့နိုင်ငံပဲ ဖြစ်ပါတယ်

လူတွေ အများဆုံး သွားရောက်လည်ပတ်ကြတဲ့ နိုင်ငံများ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate