Entertainment

ဒရာမာအသစ်မှာ မြောက်ကိုရီးယားအရာရှိအဖြစ် သရုပ်ဆောင်ထားတဲ့ Hyun Bin

tvN ရုပ်သံလိုင်းကနေမကြာခင်ထုတ်လွှင့်တော့မယ့် ရိုးမန့်ဒရာမာ “Crash Landing on You” မှာ အဓိက သရုပ်ဆောင် နေရာကနေ ပါဝင်ထားတဲ့ မင်းသား Hyun Bin ရဲ့ ပုံရိပ်တချို့ထွက်ပေါ်လာပါတယ်။

အဲ့ဒီ ဒရာမာမှာကတော့ မိုးပျံလေဟုန်စီး ခရီးစဉ်တခုမှာ ထင်မှတ်မထားတဲ့ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ကိုရီးယား ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံသူချမ်းသာတဲ့ သူဌေးမလေး ယွန်ဆဲရီ အဖြစ် မင်းသမီး ဆွန်းယယ်ဂျင်း က သရုပ်ဆောင်ထားပါတယ်။

သူဌေးမလေး ယွန်းဆဲရီကို မြောက်ကိုရီးယားအရာရှိ ရီဂျောင်ယော့က တွေ့ရှိခဲ့ပြီးတဲ့နောက် ဖွက်ထားပေးခဲ့ ပါတယ်။ လူမျိုးတူပေမယ့် နိုင်ငံမတူသူ အမျိုးသားနဲ့ အမျိုးသမီးတို့ကြားမှ လေဟုန်ဆန်မယ့် အချစ်တခုကို ပုံဖော်ထားတဲ့ ဒရာမာဖြစ်ပါတယ်။ မြောက်ကိုရီးယားအရာရှိရီဂျောင်ယော့အဖြစ် မင်းသား Hyun Bin က ပါဝင်ထားတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့တုန်းက အဲ့ဒီဒရာမာထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ မြင်တွေ့ရတဲ့ အရာရှိ ရီဂျောင်ယော့အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Hyun Bin ရဲ့ ပုံရိပ်တချို့ကို ဖြန့်ချိခဲ့ပါတယ်။ အရာရာကို စာအုပ်ကြီးအတိုင်း လုပ်ကိုင်ဆောင်ရွက်လေ့ရှိသူ၊ စည်းကမ်းကြီးမားသူ အရာရှိတဦးအနေနဲ့ သူ့ရဲ့ စိတ်အစဉ်ကို ပြောင်းလဲစေမယ့် ဖြစ်ရပ်ကို စောင့်မျှော်နေတဲ့ ကိုယ်နေဟန်ထားမှာရှိပါတယ်။

မင်းသား Hyun Bin ဟာ Secret Garden ၊ Memories of the Alhambra စတဲ့ဒရာမာတွေနဲ့ နာမည်ကြီးသူ ဖြစ်ပြီး Confidential Assignment နဲ့ The Swindlers စတဲ့ ရုပ်ရှင်တွေမှာလည်း ပါဝင်ထားသူဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသားဟာ ၂၀၀၃ ခုနှစ်ကစလို့ အနုပညာလောကထဲကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး MBC ဒရာမာဆုအပါအဝင် ဆုကြီးတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူပါဝင်သရုပ်ဆောင်ထားတဲ့ “Crash Landing on You” ဒရာမာကိုတော့ လာမယ့် ဒီဇင်ဘာလ ၁၄ ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ စတင်ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Ref:soompi

Loading