Entertainment

သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေ ပါဝင်လာတဲ့ Release The Synder's Cut လှုပ်ရှားမှု

Want create site? Find Free WordPress Themes and plugins.

နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဒါရိုက်တာတွေ တော်တော်များရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ Release The Synder’s Cut ဆိုတဲ့ စာကို တင်ထားကြပြီး လှုပ်ရှားမှုမှာ ပါဝင်လာကြတယ်လို့ သိရပါတယ်။

Release The Synder’s Cut လှုပ်ရှားမှုဆိုတာ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်ဇာတ်ကားကို Warner Brothers ရုပ်ရှင်ထုတ်လုပ်ရေးက ဒါရိုက်တာ Zack Synder ရိုက်ကူးထားတဲ့အတိုင်း အပြည့်အဝ ထုတ်ခဲ့တာ မဟုတ်ဘဲ ဖြတ်ခဲ့တဲ့ အခန်းတွေ ရှိတာကြောင့် အဲဒီအခန်းတွေကို ပြန်ပြီး ထုတ်ပေးဖို့ တောင်းဆိုကြတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

ဒါရိုက်တာဖြစ်သူ Zack Synder ကိုယ်တိုင်က ထုတ်ပေးဖို့ တောင်းဆိုနေတာ ၂ နှစ်ရှိပြီ ဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက်နေ့မှာတော့ အဲဒီရုပ်ရှင်မှာ Wonder Woman နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Gal Gadot နဲ့ Batman နေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Ben Affleck တို့ကပါ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

DC ရဲ့ ပရိသတ်တွေကတော့ ၂၀၁၇ ခုနှစ်က ထုတ်ခဲ့တဲ့ အဲဒီရုပ်ရှင်ကို အပြည့်အဝ စိတ်ကျေနပ်မှု မရှိတာကြောင့် ဖြတ်ခဲ့တဲ့ အပိုင်းတွေကို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက တွစ်တာ၊ အင်စတာဂရမ်စတဲ့ လူမှုကွန်ရက်တွေမှာ နံပါတ် ၁ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

ဖြတ်ထားတဲ့ အခန်းဆိုတာ တကယ် မရှိလောက်ဘူးလို့ ဝေဖန်သူတွေ ရှိနေပေမယ့် ဒါရိုက်တာ Zack Synder ကတော့ ရှိတယ်လို့ ပြန်လည် ချေပထားပါတယ်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့မှာ Justice League ရုပ်ရှင် ထွက်ရှိထားခဲ့ပြီး ဒီနေ့မှာ ၂ နှစ်ပြည့်တာကြောင့် အထူးတလည်ပြန်ပြီး တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

Ref; deadline.com

Did you find apk for android? You can find new Free Android Games and apps.
Loading