၁၉၉၄ ခုနှစ်မှာ The Mask ရုပ်ရှင်ဟာ Comic စာအုပ်ကနေ ရုပ်ရှင်အဖြစ် ပြန်လည် ဖန်တီးနိုင်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း အအောင်မြင်ဆုံး ပြယုဂ်တခုအဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ The Mask ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့အတူ မင်းသား Jim Carrey ကိုလည်း အရင်က ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေ (Ace Ventura ၊ Dumb and Dumber) ထက် လူသိများ ထင်ရှားစေခဲ့တယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။
The Mask ရုပ်ရှင်ရဲ့ အဲဒီခေတ်အချိန်ကာလမှာ Box Office မှတ်တမ်းတွေအရ ဒေါ်လာ ၃၅၁ မီလျံအထိ ရရှိခဲ့တာဖြစ်ပြီး Warner Bros. ကုမ္ပဏီအနေနဲ့ နောက်ဆက်တွဲရုပ်ရှင်ကို ပုံစံအသစ်နဲ့ ထပ်မံရိုက်ကူးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းဟာ The Mask ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာပဲ ဖြစ်ပါတယ်။
The Mask ရုပ်ပြကို Dark Horse Comics ကနေ ထုတ်ဝေခဲ့တာဖြစ်ပြီး မင်းသား Jim Carrey ကိုပဲ အဓိကဇာတ်ကောင် နေရာအတွက် ပြန်လည်သရုပ်ဆောင်ခိုင်းဖို့ ရှိနေကြောင်း ဆက်တိုက်ဆိုသလို သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
Warner Bros. နဲ့ Jim Carrey တို့ကြား တရားဝင်ညှိနှိုင်းမှုတွေတော့ မပြုလုပ်ရသေးပေမယ့် တွဲဖက်ဖန်တီးသူတဦးဖြစ်တဲ့ Mike Richardson ကတော့ The Mask ရုပ်ရှင်သစ်နဲ့ ပတ်သက်လို့ နောက်နှစ်နွေရာသီမှာ စတင်မှာဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
Mike ကပဲ နောက်ထပ် The Mask ရုပ်ရှင်ကို ပိုပြီးအားကောင်းတဲ့ ဇာတ်လမ်းတည်ဆောက်မှုပုံစံနဲ့ အဓိကအမျိုးသမီး ဇာတ်ကောင်သစ်ကိုပါ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ဖြည့်စွက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အကယ်လို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေသာ အမှန်တကယ်ဖြစ်မယ်ဆိုရင်တော့ Jim Carrey ဟာ ကုမ္ပဏီရဲ့ ပထမဦးစားပေးနေရာကနေ ပါဝင်နေတာဖြစ်ပြီး သူသာလက်ခံဖြစ်မယ်ဆိုရင်တော့ ၁၉၉၄ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Mask ရုပ်ရှင်မှာ သူ့ရဲ့ သရုပ်ဆောင်ဟန်ပန်တွေကို ပြန်လည် အမှတ်ရရင်း ရုပ်ရှင်သစ်ကို ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
ကိုယ့်ဇာတ်ကောင်ကိုယ် ပြန်မုန်းတီးကြတဲ့ ကမ္ဘာကျော် သရုပ်ဆောင်များ
Harry Potter ရုပ်ရှင်အသစ်ကို မူလသရုပ်ဆောင်တွေနဲ့အတူ ထုတ်လုပ်တော့မယ့် Warner Bros.