မင်းသား Johnny Depp ဟာ လက်ရှိချစ်သူ မိန်းကလေးနဲ့ လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ မင်းသမီး Amber Heard၊ Lori Anne Allison တို့နဲ့ လက်ထပ်ခဲ့ဖူးတဲ့ အသက် ၅၆ နှစ်အရွယ် Johnny ဟာ အခုနှစ် အစောပိုင်းကစလို့ အသက် ၂၄ နှစ်အရွယ် ရုရှား အကမယ် Polina Glen နဲ့ ချစ်ကြိုးသွယ်နေခဲ့တာပါ။
သူတို့ရဲ့အချစ်ရေးအပေါ် လူထုရဲ့ အာရုံစူးစိုက်မှုခံခဲ့ရတာကြောင့် အကမယ် Polina က အချစ်ရေးကို အဆုံးသတ်လိုက်ပြီး ရုရှားနိုင်ငံကို ပြန်သွားခဲ့တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်တခုက “Polina ဟာ အချစ်ရေးအပေါ် လူတွေ စိတ်ဝင်စားလာကြတာကို သူ့အနေနဲ့ ကြောက်စရာ ကောင်းတယ်ဆိုတာ တွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။ အခုတော့ သူ ရုရှားကို ပြန်သွားပါပြီ။ ပြီးတော့ Johnny က သူ့ကိုလက်ထပ်ဖို့ စီစဉ်ထားတဲ့ ကိစ္စတွေကလည်း ရူးကြောင်ကြောင် ကိစ္စတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်”လို့ ဆိုထားပါတယ်။
“Pirates of the Caribbean” စတား Johnny ဟာ အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်တွေကြောင့် အသရေဖျက်မှုနဲ့ ပြန်လည်တရားစွဲထားတဲ့ ဇနီးဟောင်း Amber ရဲ့ လက်ရှိ အမှုကိစ္စတွေကြောင့် အာရုံ အရမ်းထွေပြားနေတယ်လို့ Polina က ခံစားနေရတာ ဖြစ်ပါတယ်။
အတွင်းသတင်း တခုအရ “Amber နဲ့ ဆက်ဖြစ်နေတဲ့ အမှုကိစ္စရယ်၊ မင်းသားရဲ့ နာမည်ကျော်ကြားမှုတွေကြောင့် Polina က တော်တော်လေးကို စိတ်ဖိစီးလာပါတယ်။ အဲ့ဒီတော့ Johnny နဲ့အတူတူနေမယ့် အခွင့်အရေးကို လက်လျှော့ပြီး အကအလုပ်ကိုပဲ ပြန်သွားလုပ်တော့တာပါ”လို့ ဆိုပါတယ်။
Polina ကတော့ ပြီးခဲ့တဲ့ နွေဦး၊ နွေရာသီတို့မှာ ကယ်လီဖိုးနီးယားမှာရှိတဲ့ မင်းသား Johnny ရဲ့ အိမ်နဲ့ သူ့ရဲ့ အမိမြေ ရုရှားကို ကူးလူးရင်း အချိန်ကုန်ခဲ့ပေမယ့် အခုတော့ ရုရှားကို ပြန်သွားခဲ့ပါပြီ။ သတင်းတွေရဲ့ အဆိုအရ Polina က မင်းသား Johnny ကို စတင်တွေ့ဆုံချိန်မှာ နာမည်ကျော် သရုပ်ဆောင်မှန်း မသိခဲ့ဘူးလို့ ဆိုပါတယ်။
သတင်းရင်းမြစ်တခု မှာတော့ “Polina က Johnny ကို LA မှာ လုပ်ခဲ့တဲ့ ပါတီတခုမှာတွေ့ခဲ့တာပါ။ သူက အကမယ် ဖြစ်ပြီး အရမ်းမိုက်တဲ့ မိန်းကလေးပါ။ မင်းသားက သူ့ကို လာမိတ်ဆက်ခဲ့တဲ့အချိန်တုန်းက မင်းသား ဘယ်သူဆိုတာ သူ မသိခဲ့ပါဘူး။ အားလုံးက အံ့သြခဲ့ကြရပါတယ်။ လက်ရှိမှာ မင်းသားရဲ့ ဇနီးဟောင်းနဲ့ အမှုဖြစ်နေတဲ့ ကိစ္စ ရှိနေတယ်။ ပြီးတော့ ဒီမှာ လှပငယ်ရွယ်တဲ့ ရုရှားအကမယ်လေး ရှိနေတယ်”
“မင်းသာ Jonny ဘယ်သူလဲ ဆိုတာတောင် အဲဒီ ရုရှားမလေးက မသိလို့ သူ တခုခု လိုချင်ခဲ့တာမျိုးလည်း မရှိပါဘူး။ ဒါပေမယ့် မင်းသား Jonny Depp ဆိုတာ သိခဲ့ပြီးတဲ့နောက် Polina က ပျော်ရွှင်ခဲ့ပါတယ်။ ကောင်မလေးက တကယ့်ကို ချိုသာပြီး ဂရုစိုက်တတ်ပါတယ်။ အရမ်း အရည်အချင်း ရှိတယ်”လို့ ဆိုပါတယ်။
“Johnny က ကူညီပေးတာမျိုး ရှိခဲ့တယ်ဆိုပေမယ့် တချို့ကိစ္စတွေကို သူ့ဘာသာ လုပ်တာပါ။ Polina က လူသိနည်းတဲ့သူပါ။ မင်းသားရဲ့ အိမ်နဲ့ သူ အက ကရမယ့် နေရာဆီကို သွားလိုက်ပြန်လိုက် လုပ်ရပါတယ်။ သူအဲ့ဒီမှာ နေတယ်ဆိုတာတောင် ဘယ်သူမှ မသိကြပါဘူး” လို့ သတင်းရင်းမြစ်က ဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
ရော်ဖက်ဆာတဦးရဲ့ လက်ကျန်နေ့စွဲများ (သို့မဟုတ်) The Professor (2019)
“Fantastic Beasts 3” မှာ ပြန်လည် ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ မင်းသား Johnny Depp
မင်းသား Johnny Depp မပါဘဲ “Pirates of the Caribbean” ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးဖွယ်ရှိ