Entertainment

သက်တမ်း ၉၁ နှစ် ပြည့်ပြီဖြစ်တဲ့ Mickey Mouse အကြောင်း သင်သိသင့်တဲ့ အချက်များ

Want create site? Find Free WordPress Themes and plugins.

Walt Disney ကနေ စက္ကူပေါ်မှာ ဖန်တီးခဲ့တဲ့ ကာတွန်းဇာတ်ကောင် ကြွက်လေး Mickey Mouse ဟာ အခုဆိုရင် သက်တမ်း ၉၁ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် Mickey Mouse ဟာ သူ့ကို ဖန်တီးခဲ့သူရဲ့ နှစ်ကိုယ့်တစိတ် ရင်းနှီးသူလို့ ခေါ်ဆိုခဲ့ကြပါတယ်။

Santa Claus ဘိုးဘိုးကြီးထက် မှတ်မိလွယ်တဲ့ ဇာတ်ကောင် ဖြစ်တဲ့ Mickey Mouse ဇာတ်ကောင်ဟာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ၉၁ နှစ်ပြည့်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီလို နာမည်ကျော် ကာတွန်းဇာတ်ကောင်ရဲ့ လူသိနည်းတဲ့ အကြောင်းအရာ တချို့ကို လေ့လာကြည့်ရအောင်။

၁။ Mickey ဟာ ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပထမဆုံး အသံထွက်ကာတွန်းဖြစ်တဲ့ Steamboat Willie မှာ ပါရှိခဲ့ပြီး နာမည်စတင် ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။

၂။ Mickey ဟာ သူ့ရဲ့ နှစ် ၅၀ ပြည့် နှစ်ပတ်လည်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ဟောလိဝုဒ်ရဲ့ အောင်မြင်ခြင်း လမ်းမထက်မှာ ကြယ်ပွင့်ထားရှိခံခဲ့ရပါတယ်။ အဲ့ဒီလိုမျိုး ကြယ်ပွင့်နဲ့ ဂုဏ်ပြုခံခဲ့ရတဲ့ ပထမဆုံး ကာတွန်းဇာတ်ကောင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

၃။ ၁၉၃၂ ခုနှစ်မှာ Mickey Mouse ဇာတ်ကောင် ဖန်တီးမှုအတွက် အထူးအကယ်ဒမီဆုကို Walt Disney ထံပေးအပ်ခဲ့ပါတယ်။

၄။ Mickey ဟာ ၁၉၃၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ စတင်ခဲ့တဲ့ The Band Concert မှာ ပထမဆုံးအနေနဲ့ ကာလာသွင်း ဖော်ပြတာကို ခံခဲ့ရပါတယ်။

၅။ ၁၉၅၅ ခုနှစ်မှာတော့ Mickey ဟာ The Mickey Mouse Club ဆိုတဲ့ ရုပ်သံအစီအစဉ်မှာ ပထမဆုံးအနေနဲ့ ဖန်သားပြင်ထက်မှာ ပွဲထွက်ခဲ့ပါတယ်။

၆။ Disney ပန်းခြံကို ဒီဇိုင်းဖော်ပြီး ဆောက်လုပ်ချိန်မှာတော့ Disney Imagineers အဖွဲ့က Mickey Mouse ရဲ့ အရိပ်မည်းပုံရိပ်တွေကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက် Hidden Mickeys ဆိုတဲ့ ယဉ်ကျေးမှုတရပ် ဖြစ်ထွန်းလာခဲ့ပါတယ်။

၇။ Mickey Mouse ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယနိုင်ငံမှာတော့ Disney Hour ကနေ ထုတ်လွှင့်တဲ့ Doordarshan အစီအစဉ်ကနေ တဆင့် ရုပ်သံအစီအစဉ်တွေမှာ စတင်ပါဝင်လာခဲ့ပါတယ်။

၈။ နယူးယောက်ကနေ ဟောလိဝုဒ်ကို ပြေးဆွဲခဲ့တဲ့ ရထားတစင်းမှာလည်း Mickey Mouse ပုံရိပ်တွေနဲ့ Walt Disney က ဖန်တီးခဲ့ပါတယ်။

၉။ Walt Disney ရဲ့ဇာတ်ကောင်တွေ ပြောခဲ့ဖူးတဲ့ အထင်ကရ စကားတွေထဲမှာဆိုရင် Mickey Mouse ရဲ့ “ကြွက်ကောင်ကနေ အစပြုခဲ့တဲ့ အရာတခုကို ကျနော်တို့ ဘယ်တော့မှ မျက်ခြေ မပြတ်ဘူးလို့ ကျနော် မျှော်လင့်ပါတယ်” ဆိုတဲ့ စကားက အမှတ်တရ ဖြစ်ပါတယ်။

၁၀။ Walt Disney ဆိုတဲ့ ပုဂ္ဂိုလ်က ၁၉၂၈ ခုနှစ်ကနေ ၁၉၄၇ ခုနှစ်အထိ Mickey Mouse အဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၄၇ ခုနှစ်ကလို့ Mickey အဖြစ် Jimmy MacDonald က တရားဝင် အသံသရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် The Mickey Mouse Club အစီအစဉ်တွင် ထုတ်လွှင့်ချိန်မှာတော့ Walt က Mickey အဖြစ် အသံသရုပ်ဆောင်ခဲ့ပါတယ်။

Ref: hindustantimes

Did you find apk for android? You can find new Free Android Games and apps.
Loading