မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ဇာတ်ကားက ရုံဝင်ငွေ ၁ ဘီလီယံ ရရှိခဲ့တဲ့ ပထမဆုံး R-rated ရုပ်ရှင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ R-rated ဆိုတာ အမေရိကန်နိုင်ငံက ရုပ်ရှင်ကြည့်ရှုသူတွေ အတွက် သတ်မှတ်ထားတဲ့ စံနှုန်းဖြစ်ပြီး ကလေးတွေအနေနဲ့ မကြည့်ရှုသင့်ဘူးလို့ သတ်မှတ်ထားတဲ့ နှုန်းဖြစ်ပါတယ်။
ဒီအပတ်ရဲ့ အမေရိကန် ရုံဝင်နှုန်းစာရင်းမှာ နံပါတ် ၇ နေရာမှာ ရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ရုံတင်ပြသခြင်း မရှိပေမယ့် အခုလို ရုံဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ အထိရရှိခဲ့တာဟာ ထူးခြားတဲ့ အောင်မြင်မှုတရပ်လို့ ဆိုနိုင်ပါတယ်။
ရုံဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ရရှိခြင်းနဲ့ ပတ်သက်ပြီး Box Office ရဲ့ တည်ထောင်သူဖြစ်တဲ့ Gitesh Pandya ကတော့ “အံ့သြစရာ တော်တော်ကောင်းလောက်တဲ့ ဝင်ငွေ ရရှိမှုပါ”လို့ ချီးမွမ်း ပြောဆိုခဲ့ပါတယ်။
Joker ရုပ်ရှင်ဟာ Warner Brothers ရုပ်ရှင်ရဲ့ ဒေါ်လာ ၁ ဘီလီယံကျော် ရရှိတဲ့ ၆ ကားမြောက်ဇာတ်ကားဖြစ်ပြီး ပထမဆုံး R-rated ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဒါရိုက်တာ Todd Phillips ရိုက်ကူးထားတဲ့ Joker ရုပ်ရှင်ကားဟာ ကမ္ဘာတဝှမ်းက ရုပ်ရှင်ရုံတွေမှာ လာရောက်ကြည့်ရှုသူ စံချိန်တင်ခဲ့တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။
Joker ရုပ်ရှင်ဇာတ်ကားကို အမေရိကန် အိမ်ဖြူတော်မှာ လာမယ့် စနေနေ့မှာ စုပေါင်းကြည့်ရှုဖို့ ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။ သမ္မတရဲ့ ကျန်းမာရေး စိုးရိမ်နေရလားဆိုတဲ့ မေးခွန်းတွေ အပေါ်မှာ အိမ်ဖြူတော်ရဲ့ တာဝန်ရှိသူတွေက ဖြေကြားရင်း အခုလို ရုပ်ရှင်စုပေါင်းကြည့်ရှုကြမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပရိသတ်တွေကလည်း Joker ရုပ်ရှင်ထဲက မင်းသားဖြစ်သူ Joaquin Phoenix ဟာ အဲဒီရုပ်ရှင်အတွက် အော်စကာဆုကို ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref; BBC, yahoo, news18
You may also like these stories:
Joker ရုပ်ရှင်ကြောင့် အကြမ်းဖက်မှု များဆီ ဦးတည်နိုင်လို့ စိုးရိမ်မှုများရှိနေ
လူသွားလူလာများပြီး ဓာတ်ပုံရိုက်သူတွေနဲ့ ပြည့်နေတဲ့ Joker ရုပ်ရှင်ထဲက Joker Stairs
မင်းသား Jared Leto သရုပ်ဆောင်ခဲ့တဲ့ Joker အတွက် မကျေမနပ် မဖြစ်ခဲ့ဖူးဘူးလို့ ဒါရိုက်တာ ပြော