မြန်မာနိုင်ငံမှာ ရုံတင်ပြသပြီး တနှစ်အကြာမှာတော့ “မီ”ရုပ်ရှင်ဇာတ်ကားကြီးဟာ ကိုရီးယားနိုင်ငံရှိ Busan ASEAN Film Week မှာ သွားရောက်ပြသခွင့် ရရှိခဲ့တဲ့အပေါ် ဖန်တီးရိုက်ကူးသူ ဒါရိုက်တာ ဏကြီးနဲ့ “မီ” အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပိုင်ဖြိုးသုတို့ နှစ်ဦးတို့က ဝမ်းသာ ပီတိစကားများကို ပြောပြခဲ့ပါတယ်။
“မေးကြတယ်။ ဇာတ်လမ်းကလည်း ဒရာမာ၊ နောက်ပြီး Black and White ဖြစ်နေတယ်။ ဒီလိုကားမျိုးက ကိုရီးယား Film မှာတောင် ရိုက်ဖို့က မလွယ်ကူသေးဘူး။ ဘာလို့ ရိုက်ဖြစ်တာလဲဆိုရင် သုသုကြောင့်သာဆို ကျနော် ရိုက်ဖြစ်မှာ မဟုတ်ဘူး။ ကျနော့်ရဲ့ ပထမဆုံးကားလည်း ဖြစ်တယ်”
“ကာရိုက်တာ Dream လေ။ Plot Dream မဟုတ်ဘူး။ အောင်မြင်ဖို့ ရာခိုင်နှုန်းက နည်းတယ်။ အမှန်အတိုင်းဖြေခဲ့တာ သူ့အတွက် ရိုက်ပေးခဲ့တာပေါ့” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
ပိုင်ဖြိုးသုက “ကိုယ်မပါတဲ့ ခရီးသွားတာ ကိုယ့်အကြောင်း Q&A Section မှာ ထည့်ဖြေပေးတော့ ကျေနပ်တာပေါ့။ ကျေးဇူးတင်တယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားမှာ ပြုလုပ်ထားတဲ့ “ရုပ်ရှင်ဥယျာဉ်” လမ်းကြားမှာလည်း ယခင်ကရုပ်ရှင်သမိုင်းမှာ ကျော်ကြားအောင်မြင်ခဲ့တဲ့ ရုပ်ရှင်ပိုစတာများ ၊ မင်းသား၊ မင်းသမီးကြီးများရဲ့ ပန်းချီများနဲ့အတူ “မီ” ရုပ်ရှင်ပိုစတာကို ပြန်လည် ရေးဆွဲထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။
“ရုပ်ရှင်လမ်းကြားမှာ မီ ရုပ်ရှင်ပုံကို ဆွဲထားတာကို အရမ်းဝမ်းသာတယ်။ ဆရာရဲရဲ့သမီးလေး ညီမလေး ခင်ကံ့ကော်ကျော် ဆွဲတာ။ တခြားရုပ်ရှင် အကျော်အမော်တွေနဲ့အတူ ပုံဆွဲထားတော့ ဂုဏ်ယူတာပေါ့” လို့ ဒါရိုက်တာ ဏကြီးက ပြောပါတယ်။
အဆိုပါပန်းချီနဲ့အတူ ဓာတ်ပုံသွားရောက် ရိုက်ကူးချင်ပေမယ့် အလုပ်များနဲ့ မအားသေးတဲ့အတွက် သွားမရိုက်ရသေးဘူးလို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“သုသုဆိုလည်း ဝမ်းသာတာပေါ့နော်။ ဒီ မီဇာတ်ကားလေးက အမှတ်တရတွေ အများကြီးကျန်သွားသလို ဖြစ်သွားတယ်။ ဒီပန်းချီလေးလည်း ပါသွားတော့။ အဲ့လမ်းကြားကို အရမ်းသွားချင်နေပြီ။ ဒီရက်ပိုင်းကလည်း မအားတော့ ဘယ်လိုမှ မရောက်ဖြစ်သေးတာ။ ကိုဏကြီးကလည်း ပြောနေတယ်။ အဲ့ပန်းချီလေးနဲ့ ဓာတ်ပုံသွားရိုက်ရအောင် ဆိုပြီးတာ့လေ” လို့ ပိုင်ဖြိုးသုက ပြောပါတယ်။
“မီ”ရုပ်ရှင်ဇာတ်ကားကတော့ ဒါရိုက်တာ ဏကြီးရဲ့ ပထမဆုံးဖန်တီးတဲ့ ရုပ်ရှင်ဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိခဲ့သလို ပိုင်ဖြိုးသုကြောင့်လည်း ရိုက်ဖြစ်ခဲ့တာဖြစ်တယ်လို့ ဏကြီးက ကိုရီးယားသွားတဲ့အချိန်မှာလည်း ပြောပြခဲ့ပါတယ်။
“မီ” ဇာတ်ရုပ်ကိုတော့ တခြားသူနဲ့ရိုက်ဖြစ်ဖို့က လူအပေါ်မှာမူတည်ပြီး အခုအချိန်မှာတော့ ပိုင်ဖြိုးသုနဲ့ပဲ မြင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ “လူအပေါ်မှာ မူတည်တာပေါ့။ အခုကတော့ မီကို သူနဲ့ပဲမြင်ထားပြီးသားဆိုတော့ တခြားလူကိုမြင်လို့ မရဘူး ဖြစ်နေတာပေါ့” လို့ ဏကြီးက ပြောပါတယ်။
ဏကြီးကို ကိုရီးယားသွားခါနီး ပိုင်ဖြိုးသုက လေဆိပ်လိုက်ပို့ရင်း တင်ခဲ့တဲ့ Status နဲ့ပတ်သက်လို့ လူတော်တော်များက သူတို့ရဲ့အခေါ်အဝေါ်လေးတွေနဲ့ ပတ်သက်ပြီးတော့လည်း သဘောကျလျက်ရှိပါတယ်။
“ကျနော်လို့ပြောတာကတော့ သမီးရည်းစားဘဝ စတွေ့ကတည်းက ပြောတာပါ။ သုသုက အိမ်မှာဆိုကျနော့်ကို ဘူးဘူးဘဲလို့ ခေါ်တယ်။ ကျနော်ကတော့ သဲလေးလို့ပဲခေါ်တယ်” လို့ ဏကြီးက ပြောပါတယ်။
ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးကတော့ ထပ်မံပြီးတော့လည်း သူတို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Fatty Gangster ထုတ်လုပ်ရေးမှ ရုပ်ရှင်များ ဖန်တီးသွားဦးမှာ ဖြစ်ပါတယ်။
You may also like these stories:
“Now & Ever” ရုပ်ရှင် ရိုက်ကူးရင်း ခံစားခဲ့ရတဲ့အကြောင်း ပြောပြတဲ့ ပိုင်ဖြိုးသု
“မီ” နဲ့ ပတ်သက်ပြီး ဝေဖန်တာ မဟုတ်ဘဲ တိုက်ခိုက်တာမျိုးဆို လျစ်လျူရှုထားလိုက်တယ်
ကျောင်းသားဘဝကတည်းက သဘောကျခဲ့ရတဲ့ အိန္ဒြာကျော်ဇင်နဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ ဏကြီး