• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဟောင်ကောင်ဆန္ဒပြပွဲများကြောင့် ထိုင်ဝမ်အဆိုတော် Jay Chou ရဲ့ ဖျော်ဖြေပွဲကို ရွှေ့ဆိုင်းခဲ့ရ

by မစ်ကီ
20 November 2019
in Entertainment
A A
ထိုင်ဝမ်အဆိုတော် Jay Chou

ထိုင်ဝမ်အဆိုတော် Jay Chou

3.5k
VIEWS
Share on FacebookShare on Twitter

ဒီဇင်ဘာလ အတွင်း ဟောင်ကောင်မှာ ပြုလုပ်မယ့် ထိုင်ဝမ်ပေါ့ပ် အဆိုတော် Jay Chou ရဲ့ ဖျော်ဖြေပွဲတပွဲဟာ အဲ့ဒီမြို့မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဆူပူအုံကြွမှုတွေကြောင့် ရွှေ့ဆိုင်းလိုက်ရပါတယ်။

ပြည်သူ့သယ်ယူပို့ဆောင်ရေး စနစ်တွေမှာ မသေချာမှုတွေနဲ့ ကြားဖြတ်ဟန့်တားမှုတွေ ဖြစ်လာနိုင်တာကြောင့် “WE DO LISTENING: Jay Chou Carnival World Tour Concert 2019 Hong Kong” ဖျော်ဖြေပွဲကို နောက်ဆုတ်ဖို့ ဆုံးဖြတ်လိုက်ရကြောင်း ပွဲစီစဉ်သူ Best Shine Entertainment က နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.7k
မြိတ်မြို့

မြိတ်မြို့

11 May 2025
601
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
263

ဟောင်ကောင်မှာ နှစ်စဉ်ကျင်းပမြဲ အကြီးမားဆုံးဂီတနဲ့ အနုပညာပွဲတော်ဖြစ်တဲ့ Clockenflap ကို ဖျက်သိမ်းရပြီး ရက်အနည်းငယ်အကြာမှာ အခုလိုမျိုး ဖျက်သိမ်းရွှေ့ဆိုင်းမှုကြောင့် ဂီတ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ရပါတယ်။

Best Shine အင်တာတိန်းမန့်က “ဒီဆုံးဖြတ်ချက်ကို ချဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာအဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီးတဲ့နောက်မှာ အများပြည်သူလုံခြုံရေး အကျိုးစီးပွားအတွက် ဒီကိစ္စဟာ အကောင်းဆုံး ဖြစ်မယ်လို့ ရှုမြင်ပါတယ်” လို့ Facebook ပို့စ်တခုမှာ ပြောဆိုထားပါတယ်။

အဆိုတော် Chou ရဲ့ ဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာလ ၆ ရက်ကနေ ၈ ရက်အထိ၊ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ Lantau ကျွန်းမှာရှိတဲ့ Hong Kong Disneyland မှာ ပြုလုပ်ဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။

ပွဲစီစဉ်တဲ့ Best Shine အင်တာတိန်းမန့်ကတော့ အခုလိုမျိုး ပွဲကို ရွှေ့ဆိုင်းလိုက်မှုကြောင့် ဖြစ်ခဲ့ရတဲ့ အဆင်မပြေ ဖြစ်မှုတွေအတွက် တောင်းပန်လိုက်ပြီး ပြန်လည်ပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် အင်အားပြည့် လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

နောက်ထပ် ကြေညာချက်ကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှာ ကြေညာမယ်လို့ ပြောဆိုထားပါတယ်။ ဖျော်ဖြေပွဲကို လာရောက်ကြမယ့်သူတွေကတော့ လက်မှတ်နဲ့ ငွေကို ပြန်လဲလှယ်နိုင်သလို၊ လက်ရှိလက်မှတ်နဲ့ အတည်ပြု အီးမေးလ်တွေကို သိမ်းထားပြီး နောက်ပြုလုပ်မယ့် ဖျော်ဖြေပွဲမှာ ဦးစားပေးမှုကို ရယူနိုင်တယ်လို့ အင်တာတိန်းမန့်က ဆိုပါတယ်။

တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကိစ္စရပ်နဲ့ ဆက်စပ်တဲ့ ဆန္ဒပြပွဲတွေကနေ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု အသွင်ဆောင်လာတာကြောင့် မြို့အတွင်းမှာ ပြုလုပ်မယ့် ပွဲတော်ကြီးတွေကို ဖျက်သိမ်းခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရထားကွန်ရက်တွေကို အဟန့်အတား ပြုလုပ်တာ၊ လမ်းတွေနဲ့ လိုဏ်ခေါင်းတွေကို တားဆီးပိတ်ပင်တာမျိုးတွေကို လုပ်ဆောင်ပြီး မြို့ရဲ့ သယ်ယူပို့ဆောင်ရေး စနစ်ကို ရပ်ဆိုင်းစေဖို့ ဆန္ဒပြသူတွေက ကြိုးပမ်းခဲ့ကြပါတယ်။ အခုအချိန်မှာဆိုရင်တော့ အကြမ်းဖက် ဆန္ဒပြမှုတွေကို မြို့ရဲ့ လမ်းတွေပေါ်မှာသာမက တက္ကသိုလ်ဝန်းတွေအထိ မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်။

Ref:asiaone

Your Thoughts …
Tags: Jay Chouထိုင်ဝမ်အဆိုတော်ဟောင်ကောင်ဆန္ဒပြပွဲ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

K-pop အဆိုတော် Choi Siwon

ဟောင်ကောင်ဆန္ဒပြပွဲ သတင်းကို Like ပေးမိတဲ့အတွက် အဆိုတော် Choi Siwon ပြန်တောင်းပန်

by မစ်ကီ
26 November 2019
2.6k

အသက် ၂၁ နှစ်အရွယ် ဟောင်ကောင်ဆန္ဒပြသူ Chow Pak-kwan နဲ့အင်တာဗျူးထားတဲ့ တောင်ကိုရီးယား သတင်းစာ Chosun ရဲ့ ပို့စ်တခုကို Like ပေးခဲ့ပြီးတဲ့နောက် Unlike ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

Next Post
စက်တင်ဘာလ ၂၈ ရက် ရန်ကုန်၌ ကျင်းပသော တိုင်းရင်းသား ပါတီများ မဟာမိတ်ဖြစ်သည့် UNA ၏ အစည်းအဝေး/UNA / UNA

ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကို နေရပ်ပြန်မဲပေးရန် တိုင်းရင်းသားပါတီများ လိုလားနေ

လီဗြောင်ဟွန်း ပါဝင်တဲ့ "Ashfall" ရုပ်ရှင်

မကြာခင် ရှုစားရတော့မယ့် လီဗြောင်ဟွန်းရဲ့ သဘာဝဘေးအန္တရာယ် အခြေပြုရုပ်ရှင် "Ashfall"

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate