Entertainment

K-pop လောကအကြောင်း ရုပ်ရှင် ထုတ်ရိုက်မယ့် သြစတြေးလျ မင်းသမီး Rebel Wilson

သြစတြေးလျ မင်းသမီး၊ ဟာသသရုပ်ဆောင် Rebel Wilson ဟာ သူကိုယ်တိုင် ဇာတ်ညွှန်း ရေးသားထားတဲ့ “Seoul Girls” လို့ အမည်ရတဲ့ ရုပ်ရှင်ကို ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ ဟောလိဝုဒ်မှာ ရှိတဲ့ လက်ရှိ K-pop လောကကို အခြေခံထားတဲ့ ရုပ်ရှင်ကို နာမည်ကျော်ထုတ်လုပ်ရေး ကုမ္ပဏီ Lionsgate က ထုတ်လုပ်မှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့နာမည်ကျော်ကြားဆုံး K-pop အမျိုးသား အဆိုတော်အဖွဲ့အတွက် အဖွင့်သီချင်း တင်ဆက်သူကို ရှာဖွေနေတဲ့ ပြိုင်ပွဲတပွဲကို ဝင်ပြိုင်ဖို့ ကြိုးပမ်းကြတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန် ဆယ်ကျော်သက်တဦးနဲ့ သူ့ရဲ့ သူငယ်ချင်းတွေအကြောင်း ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်မှာ မင်းသမီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကြောင်းအရာ ဖော်ပြချက်မှာတော့ “ဗြိတိသျှ အမျိုးသမီးအဆိုတော် အဖွဲ့ဝင်ဟောင်း တဦးနဲ့ K-pop လေ့ကျင့်ပေးသူဟောင်း တဦးတို့ရဲ့ အကူအညီနဲ့ Seoul Girls အဖွဲ့ဟာ ကမ္ဘာအကြီးမားဆုံး စင်မြင့်ထက်မှာသူတို့ရဲ့ အသံတွေကို ရှာဖွေကြမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

သရုပ်ဆောင်တွေအဖြစ် ဘယ်သူတွေ ပါဝင်မယ်ဆိုတာနဲ့ ဘယ်ဒါရိုက်တာက ရိုက်ကူးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ “Seoul Girls” ရုပ်ရှင်ဟာ နာမည်ကျော်ကြားနေစဉ်မှာ ချစ်သူထားရတဲ့အချိန် ကြုံတွေ့ရတဲ့ ခက်ခဲမှုတွေအကြောင်း အခုနှစ်အစောပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အသက် ၃၉ နှစ်အရွယ် မင်းသမီး Wilson အတွက်တော့ နောက်ဆုံးရုပ်ရှင် ဖြစ်လာမှာပါ။

မင်းသမီးဟာ “Pitch Perfect” ရုပ်ရှင်တွေမှာ Fat Amy ဇာတ်ရုပ်ကနေ ပါဝင်ခဲ့သူဖြစ်ပြီး ABC ကနေ ထုတ်လွှင့်ခဲ့တဲ့ “Super Fun Night” အပါအဝင် စီးရီးတွေကိုလည်း ကိုယ်တိုင်ရေးသားထုတ်လုပ်ခဲ့ပါသေးတယ်။

အခုရုပ်ရှင်ကိုတော့ ဇာတ်ညွှန်းရေးဆရာမက Young Il Kim က သုံးသပ်ကြည့်ရှုထားပြီးဖြစ်ပြီး အဲ့ဒီသတင်းတွေနဲ့ ရုပ်ရှင်အကြောင်း သူက Twitter ကနေ တဆင့် သွယ်ဝိုက်သောအားဖြင့် အတည်ပြုထားတာလည်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းဆရာမက Kim က “ဒီ K-pop ရုပ်ရှင်ကြောင့် ကိုရီးယားတန်းက စားသောက်ဆိုင်တွေမှာ အနည်းဆုံးတော့ ၁၀ ရာခိုင်နှုန်း လျှော့ဈေးရတော့မှာပဲ”လို့ ရေးသားခဲ့ပါတယ်။

Ref: etcanada

You may also like these stories:

ကလေးတယောက်ရပြီးမှ ချစ်သူ Cheryl Cole နဲ့လမ်းခွဲလိုက်တဲ့ အဆိုတော် Liam Payne

ဒုတိယကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ တရုတ်မင်းသမီး Zhang Ziyi

ပထမဆုံး အိမ်ထောင်ကျစဉ်အခါက စိတ်ကြွဆေး စွဲခဲ့ဖူးတယ်ဆိုတဲ့ Kim Kardashian

Loading