“No Time To Die” ရုပ်ရှင်ဟာ မင်းသား Daniel Craig အနေနဲ့ James Bond ဇာတ်ကောင် နေရာအတွက် နောက်ဆုံး သရုပ်ဆောင်မယ့်ရုပ်ရှင် ဖြစ်တယ်လို့ သူကိုယ်တိုင်က အတည်ပြုပြောကြားလိုက်ပြီ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကနေစလို့ ၂၀၂၀ ခုနှစ်အထိ ၁၄ နှစ်တာ ကာလလုံးမှာ Daniel Craig ဟာ James Bond ရုပ်ရှင်ဇာတ်ကားတွေဖြစ်တဲ့ Casino Royale (2006) , Quantum of Solace (2008) , Skyfall (2012) , Spectre (2015) , No Time To Die (2020) တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
Spectre ရုပ်ရှင်မှာ ပါဝင်ပြီးကတည်းက Daniel Craig ဟာ James Bond နေရာမှာ ထပ်မံသရုပ်ဆောင်မှာ မဟုတ်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့် No Time To Die အထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း Daniel Craig ဟာ သရုပ်ဆောင်နေရာက မဟုတ်ဘဲ နောက်လာမယ့် James Bond ရုပ်ရှင်တွေမှာ ဒါရိုက်တာတယောက်အဖြစ် တာဝန်ယူမှာဖြစ်တယ်လို့ ကောလဟလတွေလည်း ထွက်ပေါ်နေခဲ့တာပါ။
ဂျာမနီအအခြေစိုက် Express သတင်းဌာနဲ့ အင်တာဗျူးတခုမှာတော့ Daniel ကို James Bond ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး မေးခွန်း ၂ ခု အဓိက မေးမြန်းခဲ့တာပါ။ သူ့အနေနဲ့ James Bond တယောက် ပီသခဲ့လား၊ ဒါရိုက်တာ အလုပ်အတွက် အစီအစဉ်ရှိလား စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။
Daniel Craig နောက်ပိုင်းမှာ James Bond မင်းသားအဖြစ် ဘယ်သူဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပြီး No Time To Die မှာ မင်းသမီး Lashana Lynch ကို 007 Code နဲ့ပဲ ဇာတ်အိမ်တည်ရိုက်ကူးထားတယ်လို့တောင် ထင်ကြေးပေးနေခဲ့ကြတာပါ။
Daniel Craig ရဲ့ James Bond အဖြစ် နောက်ဆုံးစွန့်စားခန်းဟာ “No Time To Die” မှာ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး No Time To Die ကို တကမ္ဘာလုံးမှာ တပြိုင်နက်တည်း ပြသမယ့် ရက်စွဲကတော့ ဧပြီလ ၈ ရက်နေ့ ၊၂၀၂၀ ပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို “No Time To Die” လို့ နာမည်ပေး
ခြေကျင်းဝတ်ဒဏ်ရာ ကုသပြီးနောက် “Bond 25” ရိုက်ကွင်းကို ပြန်ရောက်လာတဲ့ Daniel Craig
ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့ရတာဟာ ထူးခြားတဲ့ အတွေ့အကြုံလို့ Daniel Craig ပြော