Superman ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ လက်မလျှော့ချင်သေးတဲ့ မင်းသား Henry Cavill
မင်းသား Henry Cavill ဟာ Superman ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့အတွက် လက်မလျှော့ချင်သေးဘူူးလို့ ဆိုပါတယ်။ အသက် ၃၆ နှစ်အရွယ် မင်းသားဟာ Clarke Kent အဖြစ် ရုပ်ရှင် ၃ ကားမှာ သရုပ်ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Justice League” ရုပ်ရှင်မှာ နောက်ဆုံး သရုပ်ဆောင်ထားပါတယ်။
မင်းသား Ben Affleck နေရာမှာ မင်းသား Robert Pattinson က DC စူပါဟီးရိုးဖြစ်တဲ့ လင်းနို့လူသားအဖြစ် ပါဝင်လာဖြစ်ကတည်းက သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ မရေမရာတွေ ဖြစ်နေခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် မင်းသား Henry ကတော့ Henry ဇာတ်ရုပ်အတွက် ပေးဆပ်စရာတွေ တော်တော်များများ ရှိနေပြီး အဓိကဇာတ်ကောင်နေရာမှာ သူနဲ့အတူ ပြောပြဖို့ ဇာတ်လမ်းတော်တော်များများလည်း ရှိသေးတယ်လို့် ယုံကြည်နေပါတယ်။
“ကိစ္စတွေ ဖြစ်ပျက်နေချိန်မှာ ကျနော်က အမှောင်ထဲမှာ တိတ်တိတ်လေး ထိုင်မနေချင်ပါဘူး။ ကျနော်က အဲ့ဒီဇာတ်ရုပ်ကို လက်မလျှော့ပါဘူး။ Superman ကို ကျနော် ပေးစရာတွေ အများကြီး ရှိနေပါသေးတယ်။ ပြောပြစရာ ဇာတ်လမ်းတွေလည်း ရှိနေပါသေးတယ်”
“ကျနော် ဈာန်ဝင်စားချင်တဲ့ ဇာတ်ကောင်ရဲ့ ရိုးသားမှုအတွက် စစ်မှန်တဲ့ နက်ရှိုင်းမှု တော်တော်များများလည်း ရှိနေပါသေးတယ်။ ကာတွန်း စာအုပ်တွေကို ရောင်ပြန်ဟပ် ဖော်ပြချင်ပါသေးတယ်။ ကျနော့်အတွက် အရေးကြီးပါတယ်။ Superman အတွက် တရားမျှတမှုတွေ လုပ်ဆောင်ဖို့ လိုပါသေးတယ်။ အခြေအနေကတော့ ခင်ဗျားတို့ မြင်တွေ့ရမှာပါ” လို့ မင်းသားက Men’s Health မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
မင်းသားဟာ Superman ရုပ်ရှင် ၃ ကားမှာ သရုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးထွက်ရှိခဲ့တဲ့ Justice League ရုပ်ရှင်က အလုပ်မဖြစ်ခဲ့ဘူးလို့ ဝေဖန်ပြောထားခဲ့ဖူးပါတယ်။
မင်းသားက “’Man of Steel’ ရုပ်ရှင်လား။ တော်တော်လေး အစကောင်းခဲ့ပါတယ်။ တကယ်လို့ ကျနော် ပြန်သွားရမယ်ဆိုရင် တခုခုကို ကျနော် ပြောင်းလဲမယ်လို့တော့ မထင်ပါဘူး။ Batman vs Superman ရုပ်ရှင်ကတော့ လင်းနို့လူသားရုပ်ရှင် ဖြစ်ပါတယ်။ လင်းနို့လူသားရုပ်ရှင်အတွက် တကယ့် မှောင်မိုက်မှုကို ပြသနိုင်တယ်လို့ ထင်ပါတယ်။ Justice League လား။ အလုပ်မဖြစ်ခဲ့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
Superman ရုပ်ရှင်တွေအပြင် မင်းသား Henry ဟာ “Mission: Impossible – Fallout” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပေမယ့် လူရွေးပွဲတွေကို စိုးရိမ်ထိတ်လန့်နေဆဲဖြစ်တယ်လို့
မင်းသားက “လူရွေးပွဲဝင်ရတာ တော်တော်လေး ကြောက်ဖို့ကောင်းပါတယ်။ အနက်ရောင် အပေါက်ထဲ လက်ထိုး ထည့်ထားပြီး တခုခု ထွက်လာပါစေဖို့ မျှော်လင့်နေရသလိုပါပဲ။ ဘောလုံးပွဲတွေမှာလို မြန်တာ၊ သန်မာတာ၊ ကောင်းမွန်တာမျိုးနဲ့ မတူပါဘူး။ တခါတလေ သရုပ်ဆောင်ရတာ တော်တော်လေး ဆိုးရွားပါတယ်”လို့ ဆိုပါတယ်။
Ref: asiaone