Entertainment

ကင်ဆာရောဂါ ခံစားခဲ့ပြီး ၂ နှစ်အကြာမှာ ပရိသတ်ရှေ့မှောက် ပြန်ရောက်လာခဲ့တဲ့ ကင်ဝူဘင်

ကိုရီးယားမင်းသား ကင်ဝူဘင်ဟာ ၂၀၁၇ ခုနှစ်မှာ ကင်ဆာရောဂါကို ခံစားခဲ့ရပြီးတဲ့နောက် ၂ နှစ်အတွင်း ပထမဆုံး အကြိမ်အနေနဲ့ နိုဝင်ဘာလ ၂၁ ရက်ညပိုင်းမှာ ပရိသတ်ရှေ့မှောက် ပထမဆုံး ပြန်ရောက်လာခဲ့ပါတယ်။

ကင်ဆာရောဂါ ကုသမှုတွေ အောင်မြင်ခဲ့ပြီးတဲ့နောက် မင်းသားကင်ဟာ အကြိမ် ၄၀ မြောက် နဂါးပြာရုပ်ရှင်ဆုပေးပွဲမှာ နွေးထွေးတဲ့ မိန့်ခွန်းပြောပြီး လူတိုင်းကို နှုတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ ရောဂါ ကုသမှုနဲ့ ပြန်လည် နလန်ထတဲ့ အချိန်တွေ အတွင်းမှာ အင်တိုက်အားတိုက် အားပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

နဂါးပြာရုပ်ရှင် ဆုပေးပွဲကို အင်ချွန်းမြို့မှာရှိတဲ့ Paradise City မှာ ကျင်းပခဲ့တာဖြစ်ပြီး ကိုရီးယားရုပ်ရှင်လုပ်ငန်းထဲက နာမည်ကျော် မင်းသားနဲ့ မင်းသမီးတွေ တက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မင်းသားဟာ အစီအစဉ် တင်ဆက်သူတဦးအနေနဲ့ အရင်တုန်းက မင်းသား ကင်ဝူဘင် အတိုင်းပဲ စင်ပေါ်မှာ ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ရယူသွားခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ နှာခေါင်း-လည်ချောင်း ကင်ဆာရောဂါကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် ကုသမှုကိစ္စကို အာရုံစိုက်ဖို့ အနုပညာလုပ်ငန်းတွေကို ရပ်နားခဲ့တာဖြစ်ပါတယ်။ ၂ နှစ်နဲ့ ၆ လလောက်ကြာခဲ့ပြီးတဲ့နောက်မှာတော့ မင်းသား ကင်ဟာ ပရိသတ်ရှေ့မှောက်မှာ အခုလိုမျိုး ကျန်းကျန်းမာမာနဲ့ ပြန်လည် ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

မင်းသား ကင်က “ကျနော့်ပြောရမယ့်စကားကို ဘယ်လိုစတင်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ အချိန်အကြာကြီး ခက်ခက်ခဲခဲ စဉ်းစားခဲ့ရပါတယ်။ အားလုံးထက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်မှာ ကျနော် တော်တော်လေး နေမကောင်းဖြစ်ခဲ့ပါတယ်”

“ဒါပေမယ့် အားလုံးရဲ့ အားပေးမှုကြောင့် ခန့်မှန်းထားတာထက် လျင်လျင်မြန်မြန် ပြန်လည် သက်သာလာနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဆုကို မချီးမြှင့်ပေးခင်မှာ မင်းသား ကင်ဟာ နောက်ထပ်ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး သူ့ရဲ့ အမှာစကားပြောဆိုမှုကို အဆုံးသတ်ခဲ့ပါတယ်။

မင်းသားက “ခပ်ဝေးဝေးကနေ ကျနော့်ကို အားပေးခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ ကျနော် ပြောချင်တာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါပေမယ့် စတားတွေရဲ့ ဒီဆုပေးပွဲအတွက် ကျနော် ဒီနေရာမှာပဲရပ်လိုက်ပါ့မယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူပါဝင်ခဲ့တဲ့ ဒရာမာ ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်၊ ပိုင်ဆိုင်ထားတဲ့ မင်းသား ကင်ဟာ မကြာခင်မှာ ရုပ်ရှင်တခုကနေတဆင့် ပရိသတ်ရှေ့မှောက် ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: koreaboo

Loading