Entertainment

မင်းသားကြီး Nicolas Cage ထပ်မံ ပါဝင်လာဦးမယ့် "National Treasure 3" ရုပ်ရှင်

Want create site? Find Free WordPress Themes and plugins.

“National Treasure” ရုပ်ရှင်ထွက်ရှိခဲ့ချိန်ဟာ ဆယ်စုနှစ် တစုမက ကြာမြင့်သွားခဲ့ပြီဖြစ်ပြီး အခုအချိန်မှာတော့ နောက်ဆက်တွဲ ရုပ်ရှင်အတွက် Disney အနေနဲ့ မူလသရုပ်ဆောင်တွေ အပါအဝင် သရုပ်ဆောင်သစ်တွေကိုပါ ထည့်သွင်းအသုံးပြုသွားဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။

ပထမ ဦးစားပေးအနေနဲ့ အော်စကာဆုပိုင်ရှင် မင်းသားကြီး Nicolas Cage ကပဲ အဓိကဇာတ်ကောင် Benjamin Franklin Gates နေရာကနေ ဆက်လက် သရုပ်ဆောင်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

“National Treasure” ရုပ်ရှင်ဟာ အမေရိကန် တော်လှန်ရေးစစ်ပွဲ ပြီးဆုံးခဲ့ချိန်ကတည်းက ပျောက်ဆုံးနေတဲ့ ရတနာတွေ ကို ရှာဖွေဖို့ တဘဝလုံး နှစ်မြှုပ်ထားသူ သမိုင်းပညာရှင်တယောက်ရဲ့ စွန့်စားခန်းတွေကို ဇာတ်အိမ် တည်ဆောက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

နောက်ဆက်တွဲရုပ်ရှင် “National Treasure 3” ရုပ်ရှင်ကိုတော့ ရုပ်ရှင်ရုံတွေမှာပဲ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသသွားမလား၊ ဒါမှမဟုတ် သိပ်မကြာသေးခင်အချိန်ကမှ စတင်မိတ်ဆက်ခဲ့တဲ့ Disney+ TV Channel မှာပဲ တိုက်ရိုက်ထုတ်လွှင့်သွားမလားဆိုတာတော့ မသိရသေးပါဘူး။

Nicolas Cage ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “National Treasure” ရုပ်ရှင်တွေဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ Review တွေနဲ့အတူ Box Office မှာလည်း ဝင်ငွေစံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာ “National Treasure” ၊ ၂၀၀၇ ခုနှစ်မှာ “National Treasure: Book of Secrets” တို့ ထွက်ရှိခဲ့ပြီး ရုပ်ရှင်ချစ် ပရိသတ်တွေအပြင် ကလေးတွေပါ ကြည့်ရှုနှစ်သက်ခဲ့ကြတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။

နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အပြင် Trilogy အဖြစ်ပါ ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ National Treasure ရုပ်ရှင်တွေမှာ မင်းသားကြီး Nicolas Cage ရဲ့ သရုပ်ဆောင်ဟန်နဲ့ ဘယ်လိုစွန့်စားခန်းတွေ ထပ်မံပါဝင်လာဦးမလဲ ဆိုတာကတော့ စိတ်ဝင်တစား စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

Did you find apk for android? You can find new Free Android Games and apps.
Loading