Entertainment

ဆောင်းရာသီနဲ့ အလိုက်ဖက်ဆုံး နာမည်ကျော် ကိုရီးယား ဇာတ်ကားကောင်းများ

Want create site? Find Free WordPress Themes and plugins.

ဆောင်းရာသီရဲ့ ပိတ်ရက်ရှည်တွေမှာ အနားယူရင်း အထီးကျန်မှုတွေကို ဖြေသိမ့်ဖို့အတွက် အကောင်းဆုံးကတော့ ကော်ဖီပူပူရယ်၊ ဒါမှမဟုတ် ချောကလက် ပူပူလေး သောက်ရင်း ဇာတ်ကားကောင်းတွေ ကြည့်ရတာပါပဲ။ နာမည်ကျော် ကိုရီးယားဇာတ်ကားတွေထဲက ဆောင်းရာသီနဲ့ အကိုက်ညီဆုံး ဇာတ်ကားကောင်းတွေကို ညွှန်းပေးချင်ပါတယ်။

My Annoying Brother

၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တကားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာ EXO အဖွဲ့ဝင် D.O ၊ ဂျိုဂျွန်ဆော့နဲ့ ပတ်ရှင်ဟေးတို့ ပါဝင်သရုပ်ဆောင်ထားပြီး ညီအစ်ကို နှစ်ယောက်ကြားမှာရှိတဲ့ သံယောဇဉ်တွေကို သရုပ်ဖော် ရိုက်ကူးထားတာပါ။ ပျော်စရာတွေ၊ စိတ်လှုပ်ရှားစရာတွေ တလှည့်နဲ့ ထောင်ကျနေရာကနေ ပြန်လွတ်လာတဲ့ အစ်ကိုကြီးနဲ့ ညီလေးတို့ရဲ့ ကာလရှည်ကြာ ပြတ်တောက်နေတဲ့ ဆက်ဆံရေးက ဘာတွေ ဆက်ဖြစ်မလဲ စိတ်လှုပ်ရှားစရာပါ။

Like for Likes

နာမည်ကြီးတွေအများကြီး ပါဝင်ထားတဲ့ ဒီဇာတ်ကားကတော့ မတူညီတဲ့ စုံတွဲတွေအကြောင်းကို ရိုက် ကူးပြထားတာပါ။ ဆိုရှယ်မီဒီယာကတဆင့် သူတို့ရဲ့ အချစ်တွေ၊ ခံစားချက်တွေကို ဘယ်လိုမျှဝေကြမလဲ ပရိသတ်တွေပါ ငိုလိုက်၊ ရယ်လိုက်ဖြစ်အောင် ဆွဲဆောင်သွားနိုင်မယ့် သရုပ်ဆောင်တွေကတော့ ယူအာအင်း၊ ဂန်ဟာနူး၊ ကင်ဂျူဟော့၊ ချွဲဂျီဝူနဲ့ လီမီယွန်တို့ ပါဝင်ထားတဲ့အပြင် မထင်မှတ်ထားတဲ့ ဇာတ်လမ်း အချိုးအကွေ့ လေးတွေပါ ထည့်ထားတာမို့ ဇာတ်သိမ်းထိ ရင်ခုန်စေမယ့် ဇာတ်ကားကောင်းတကားပါ။

Love Forecast

ငယ်သူငယ်ချင်း နှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ ချစ်ခြင်းတွေက ရာသီဥတုလိုပဲ ဘယ်နေ့ ဘာဖြစ်မယ်ဆိုတာ မခန့်မှန်းနိုင်လောက်အောင် သူတို့ရဲ့ခံစားချက်တွေကို မြင်တွေ့ရမှာပါ။ မင်းသား လီဆောင်ဂီနဲ့ မင်းသမီး မွန်ချေအင်းတို့ ပါဝင်ထားပြီး သင့်ရဲ့ အထီးကျန်နေတဲ့ ဆောင်းရာသီ နေ့ရက်တွေကို တောက်ပ လန်းဆန်းသွားစေမှာပါ။

Midnight Runners

အချစ်ဇာတ်ကားတွေနဲ့ ဒရာမာကားတွေကို မကြည့်ချင်ဘူးဆိုရင်တော့ အစကနေအဆုံး လုံးဝ အက်ရှင် သီး သန့်ကြည့်ရမယ့်အပြင် မင်းသားချော ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူးတို့ ခေါင်းဆောင် ပါဝင်ထားပါတယ်။ ရဲ အကယ်ဒမီ သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ ရဲအရာရှိလောင်း နှစ်ယောက် အားလပ်ချိန်မှာ အပြင်ထွက်ရင်း ကြုံတွေ့ရတဲ့အဖြစ်အပျက်နဲ့ သူတို့နှစ်ယောက် ဘယ်လို ပတ်သက်သွားမလဲဆိုတာ အဖြေရှာကြည့်ရမှာပါ။

Miss & Mrs. Cops

နောက်ထပ် အက်ရှင်ဇာတ်ကား တကားဖြစ်သလို ဟာသတွေ နှောထားတဲ့ ဒီဇာတ်ကားကတော့ အမျိုး သမီး ရဲမေတွေရဲ့ အခန်းကဏ္ဍကို မီးမောင်းထိုးပြထားတာပါ။ အမျိုးသားတွေနဲ့ တန်းတူ အမှုမှန်ဖော်ထုတ်နိုင်စွမ်း ရှိတယ်ဆိုတာ သက်သေပြထားတဲ့ ဒီဇာတ်ကားထဲမှာ မင်းသမီးကြီး ရာမီယမ်နဲ့ လီဆယ်ဂေါင်းတို့က ခေါင်း ဆောင် ပါဝင်ထားပါတယ်။

The Beauty Inside

အမေရိကန်ရုပ်ရှင်ကို အခြေခံထားတာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ တနေ့တမျိုး ရုပ်ပြောင်းလဲသွားတဲ့ အမျိုသား တယောက်က သူချစ်ခင်နှစ်သက်တဲ့ အမျိုးသမီးလေးဆီ ချဉ်းကပ်ပုံတွေကို ရိုက်ပြထားတာပါ။ ရုပ် အသွင်အပြင် ပြောင်းလဲသွားပေမယ့် မပြောင်းလဲတဲ့ ချစ်ခြင်းကို ပုံဖော်ထားတဲ့ ဒီဇာတ်ကားမှာ မင်းသမီး ဟန်ဟိုဂျူအပြင် နာမည်ကြီး ဧည့်သည်သရုပ်ဆောင် မင်းသား အများကြီးကို မြင်တွေ့ရမှာပါ။

Ref: Soompi

Did you find apk for android? You can find new Free Android Games and apps.
Loading