Entertainment

မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင် ဖန်တီးဖို့ ရှိနေ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော်အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ အတ္ထုပ္ပတ္တိဇာတ်လမ်းကို “Bohemian Rhapsody” ရဲ့ ထုတ်လုပ်သူက ဦးစီးပြီး ရုပ်ရှင်အဖြစ် ဖန်တီးဖို့ ကြိုးစားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Deadline, Variety နဲ့ Hollywood Reporter စတဲ့ မီဒီယာတွေရဲ့အဆိုအရ ထုတ်လုပ်သူ Graham King ဟာ ၁၉၈၂ ခုနှစ်မှာ နာမည်ကျော်ခဲ့တဲ့ “Thriller” သီချင်းအဆိုတော် မိုက်ကယ်ရဲ့ ဘဝအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်အတွက် သီချင်းတွေအပါအဝင် မူပိုင်ခွင့်ကို ရရှိခဲ့ပြီလို့ သိရပါတယ်။

အဆိုတော် မိုက်ကယ်ဂျက်ဆင်ဟာ အဆိုနဲ့ အကမှာ ထူးချွန်ခဲ့ပေမယ့် ကလေးလိင်ပိုင်ဆိုင်ရာ အနိုင်ကျင့်မှုစွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။

အဲ့ဒီ ရုပ်ရှင်မှာတော့ ကလေးဘဝကနေ ၂၀၀၉ ခုနှစ်တုန်းက အသက် ၅၀ အရွယ်နဲ့ ကွယ်လွန်ခဲ့ချိန်အထိ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို သရုပ်ဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ဂီတခြေလှမ်းသစ် ဖျော်ဖြေပွဲ မလုပ်ခင် သီတင်းပတ် အနည်းငယ်အလိုမှာ အားပြင်းတဲ့ အိပ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ်။

အမည်ဖော်ပြမထားတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ Deadline မီဒီယာက အဲ့ဒီရုပ်ရှင်ဟာ မိုက်ကယ်ရဲ့ ဘဝကို အသစ်တဖန် ဆေးကြောဖို့ မရည်ရွယ်ဘူးလို့ ဆိုပါတယ်။

ထုတ်လုပ်သူ King’s  ရဲ့ ကုမ္ပဏီနဲ့ မိုက်ကယ်ရဲ့ အမွေထိန်းသိမ်းရေးအဖွဲ့ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။ မိုက်ကယ်ဟာ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး တဦးကို မဖွယ်မရာ ပြုလုပ်ရန် ကြိုးပမ်းမှုနဲ့ တရားရင်ဆိုင်ခဲ့ရတာမျိုး ရှိခဲ့သလို ၁၉၉၄ ခုနှစ်တုန်းကလည်း အသက် ၁၃ နှစ်အရွယ် တခြားယောကျာ်းလေးတဦးနဲ့ ပတ်သက်တဲ့ ကလေးလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ကိစ္စကိုလည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။

ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မိုက်ကယ်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုကို ကလေးဘဝတုန်းက ခံစားခဲ့ကြရတယ်လို့ ဆိုတဲ့ အမျိုးသားနှစ်ဦးရဲ့ အကြောင်း ဖော်ပြထားတဲ့ “Leaving Neverland” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ကြောင့် အခုနှစ်အတွင်းမှာ မိုက်ကယ်ရဲ့ နာမည်ကျော်ကြားမှု အသစ်တဖန် ပြန်တိုးတက်လာခဲ့ရပါတယ်။

မိုက်ကယ်ရဲ့ မိသားစုကတော့ အဲ့ဒီမှတ်တမ်းရုပ်ရှင်ကို တိုက်ခိုက်ပြောဆိုထားပြီး သူ့ရဲ့ အမွေထိန်းသိမ်းရေး အဖွဲ့ကတော့ အတိတ်က ကိစ္စတွေကို မီးပြန်မွှေးပြီး စွပ်စွဲချက်အတုတွေကို ဖန်တီးခဲ့တယ်လို့ ရှုံ့ချထားပါတယ်။

Deadline မီဒီယာရဲ့အဆိုအရ မိုက်ကယ်ရဲ့ ရုပ်ရှင်အတွက် ဇာတ်ညွှန်းကို နာမည်ကျော် ဇာတ်ညွှန်းရေးဆရာ John Logan က ရေးသားပေးမှာဖြစ်ပြီး ပါဝင်မယ့် သရုပ်ဆောင်၊ ဖြန့်ချိပြသမယ့် ရက်နဲ့ စတူဒီယိုတွေကို ကြေညာတာမျိုး မရှိသေးပါဘူး။

Ref: asiaone

You may also like these stories :

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီ Louis Vuitton က မိုက်ကယ်ဂျက်ဆင် ဒီဇိုင်းပုံစံ အင်္ကျီများကို ဖယ်ရှား

မိုက်ကယ်ဂျက်ဆင်သီချင်း ထုတ်လွှင့်မှုတွေကို ရပ်တန့်လိုက်တဲ့ ရေဒီယိုများ ရှိလာ

မိုက်ကယ်ဂျက်ဆင်ရဲ့ လိင်ပိုင်းဆိုင်ရာအရှုပ်တော်ပုံဟာ အများက အနိုင်ကျင့်ခြင်းလို့ မိသားစုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading