Entertainment

AMA ဆုပေးပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ ဆုအများဆုံး ရထားတဲ့ စံချိန်ကို လိုက်မီခဲ့တဲ့ Taylor Swift

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ AMA လို့ခေါ်တဲ့ American Music Awards ဆုပေးပွဲမှာ ၂၄ ခုမြောက် ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အဆိုတော် Taylor Swift ဟာ အရင်တုန်းက အဆိုတော် မိုက်ကယ်ဂျက်ဆင် တင်ထားခဲ့တဲ့ စံချိန်ကို မီသွားခဲ့ပါတယ်။

အနုပညာရှင်တယောက် အနေနဲ့ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့် ပြုတဲ့အတွက် သူ့ရဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလိုမျိုး မှတ်ချက်ပေး ပြောဆိုမှုကတော့ သူနဲ့ သူ့ရဲ့ သီချင်းတော်တော်များများကို ပိုင်ဆိုင်ခွင့်ရသွားတဲ့ အမျိုးသားတွေကြား ဖြစ်ပွားခဲ့တဲ့ စကားစစ်ထိုးမှုတွေ ပြီးတဲ့နောက် ပထမဆုံး ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် Swift ဟာ Universal Music Group ရဲ့ Republic Records ကနေ ပထမဆုံး ဖြန့်ချိခဲ့တဲ့ “Lover” အယ်ဘ်ဘမ်နဲ့ အကြိုက်နှစ်သက်ဆုံး ပေါ့ပ်၊ ရော့ခ် အယ်လ်ဘမ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဂီတမန်နေဂျာ Scooter Braun နဲ့အတူ ဖြန့်ချိထားတဲ့ သီချင်းတွေကို ပိုင်ဆိုင်ထားတဲ့ Scott Borchetta ဆိုသူ တည်ထောင်ထားတဲ့ Big Machine Label Group နဲ့ သူ့ရဲ့ ပထမဆုံး အယ်လ်ဘမ် ၆ ချပ်ကို ဖြန့်ချိခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုတော် Swift က “ဒီအယ်လ်ဘမ်က တကယ့်ကိုပဲ အသစ်တခုလိုမျိုး ခံစားရပါတယ်။ ပြီးတော့ ကျမက Universal နဲ့ Republic ဖြစ်တဲ့ အခု ကုမ္ပဏီကို တကယ်ပဲ ချစ်ပါတယ်။ Monte Lipman နဲ့ Lucian Grange တို့ရေ။ ကျမကို လိုက်လျောပေးလို့ ကျမဖန်တီးချင်တဲ့ ဂီတကို ဖန်တီးခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်”

“သီချင်းရေး ဆရာတယောက်အနေနဲ့ အဲ့ဒီလိုမျိုး ဆက်လုပ်နိုင်ရတာ ကျမ တကယ့်ကိုပဲ ပျော်ရွှင်မိပါတယ်။ ပြီးတော့ အခုလိုမျိုး ဖျော်ဖြေမှုတွေ လုပ်နိုင်ခဲ့တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒီဆုပေးပွဲမှာ အဆိုတော် Eilish ကလည်း အကြိုက်ဆုံး “Alternative အနုပညာရှင်ဆု”ကို ရရှိခဲ့ပါတယ်။ အဆိုတော် ဆလီနာဂိုးမက်ဇ်ကလည်း AMA ဆုပေးပွဲမှာ ဖျော်ဖြေခဲ့ချိန်မှာတော့ စင်အောက်မှာ ရှိနေတဲ့ Swift နဲ့ Halsey တို့က သူတို့ရဲ့ သူငယ်ချင်းကို အားပါးတရ အားပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လော့စ်အင်ဂျလိစ်မြို့မှာရှိတဲ့ Microsoft Theater မှာ ပြုလုပ်ခဲ့တဲ့ အဲ့ဒီဆုပေးပွဲကို ABC ရုပ်သံကနေ ထုတ်လွှင့်ခဲ့ပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ R&B အဆိုတော် Ciara ကတော့ ဆလီနာဂိုးမက် နောက်မှာ ဖျော်ဖြေခဲ့ပါတယ်။

ဆု ၅ ဆု လျာထားခံခဲ့ရတဲ့ အဆိုတော် Swift ဟာ ပေါ့ပ်ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင်ရဲ့ စံချိန်ကို ကျော်လွန်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ သူဟာ Carole King ကချီးမြှင့်ခဲ့တဲ့ ဆယ်စုနှစ်တာအတွက် အကောင်းဆုံးအနုပညာရှင်ဆုကို လည်း လက်ခံရယူခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နာမည်ကျော်ကြားတဲ့ သီချင်းတွေကိုလည်း တစုတစည်း ဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။

Ref: hindustantimes

You may also like these stories :

Taylor Swift လို ဝတ်ထားသူကို ဆုမှားပေးခဲ့တဲ့ မင်းသားကြီး John Travolta

Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး မင်းသမီးများ

သီချင်းမူပိုင်ခွင့်တွေ ဆုံးရှုံးလိုက်ရတဲ့အကြောင်း ရင်ဖွင့်ခဲ့တဲ့ အဆိုတော် Taylor Swift

Did you find apk for android? You can find new Free Android Games and apps.
Loading