Entertainment

"အဖေ့ကို မြင်စေချင်တယ်"လို့ Master Chef Myanmar ရဲ့ Season 2 Winner အာကာ ပြော

Want create site? Find Free WordPress Themes and plugins.

Master Chef Myanmar Season 2 ပြိုင်ပွဲရဲ့ Winner ဆုရှင် အာကာကတော့ Winner ဆု ရပြီးနောက် ရှေ့ဆက်ပြီး လုပ်ကိုင်သွားမယ့် အလုပ်တွေနဲ့ ဆုကြေးငွေကို အလှူလုပ်မယ့် အကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ကျနော် Master Chef မှာ ခင်တဲ့ ကောင်းကင်ထက်နဲ့ ဆိုင်ဖွင့်တော့ ပြောထားပါတယ်။ ကျနော် အခုလိုဆုရပေမယ့် လမ်းကတော့ မဆုံးသေးပါဘူး။ မှတ်တိုင် တခုတော့ ချနိုင်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးတော့လည်း ဟင်းချက်တာတွေ ဆက်လုပ်သွားမယ်။ ကျနော် ပညာတွေလည်း လက်ဆင့်ကမ်းမယ်။ မသိတာတွေလည်း သင်ဖို့ ရှိပါတယ်။ ဆုကြေးတွေနဲ့လည်း အလှူလုပ်ဖို့ ရှိတယ်။ အမေ့ကိုလည်း ပေးပါမယ်။ ကျနော်အခုလို ဆုရတာကို အမေကလည်း ဂုဏ်ယူနေမှာပါ။ မရှိတော့တဲ့ အဖေ့ကိုလည်း အခုချိန်မှာ မြင်စေချင်ပါတယ်။ အဖေလည်း တနေရာကနေ ဂုဏ်ယူနေမှာပါ”လို့ အာကာက ပြောပါတယ်။

ဆက်လက်ပြီး အာကာက အခုလို Winner ဆု ရခဲ့တဲ့အတွက် သူရဲ့ အိပ်မက်တွေ ပြည့်သွားတယ်လို့လည်း ဆိုပါတယ်။

“ကျနော် အခုလို Winner ရလို့ အရမ်းဝမ်းသာပါတယ်။ ကျနော် မက်ခဲ့တဲ့ အိပ်မက် ပြည့်သွားတယ်လို့ပြောရမှာပေါ့။ ကျနော်ကို အားပေးကြတဲ့ တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်။ We Love တွေလည်း ကျေးဇူးတင်သလို ကျနော့်ကို ဝန်းရံပေးလို့လည်း ကျေးဇူးတင်ပါတယ်။ Fan Meeting လည်း လုပ်ဖို့ ရှိပါတယ်။ ကျနော် Season 1 တုန်းက အချိန်လည်း မပေးနိုင်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဝင်မပြိုင်ဖြစ်လိုက်ဘူး”

“ကျနော် Master Chef Season 2 ပြိုင်ပွဲဖို့အတွက်လည်း ကြိုတင် ပြင်ဆင်ပြီးမှ ပြိုင်ခဲ့တာပါ။ ကျနော် ပြိုင်ပွဲ တောက်လျှောက်မှာတော့ အခက်အခဲ သိပ်မရှိပါဘူး။ ပုဂံမှာပြိုင်ခဲ့တဲ့ ပြိုင်ပွဲကတော့ အရမ်းအဆင်မပြေခဲ့ဘူး။ ဒါပေမယ့် အဲ့ဒါတွေက အခုချိန်မှာ အမှတ်တရတွေ ဖြစ်ခဲ့ပါတယ်။ Master Chef စီစဉ်တဲ့သူတွေကလည်း လိုအပ်တာ မရှိအောင် ကူညီပေးပါတယ်”လို့ အာကာက ပြောပါတယ်။

ပြိုင်ပွဲဝင် အားလုံးနဲ့လည်း ပြိုင်နေစဉ် ကာလအတွင်းသာ ပြိုင်ဘက်လို သဘောထားပေမယ့် ကျန်တဲ့ အချိန်မှာတော့ ညီအစ်ကို မောင်နှမတွေလိုပဲလို့ အာကာက ဆိုပါတယ်။

“ပြိုင်ပွဲဝင် အချင်းချင်းကလည်း ပြိုင်တဲ့အချိန်ပဲ ပြိုင်ဘက်လို သဘောထားတာပါ။ ကျန်တဲ့ အချိန်မှာတော့ ညီအစ်ကို မောင်နှမတွေလိုပါပဲ။ အာလုံး အဆင်ပြေပါတယ်။ Master Chefမှာ ကျနော့် ပြိုင်ဘက်က အယောက် ၂၀ လုံးပဲ။ ဒါပေမယ့် ကိုနေအောင်လည်း ကျနော့်အတွက် ပြိုင်ဘက်ကောင်း ဖြစ်ခဲ့ပါတယ်။ အကုန်လုံးက ကျနော့်အတွက် ပြိုင်ဘက်ကောင်းတွေပါပဲ”လို့ အာကာက ပြောပါတယ်။

ပြိုင်ပွဲမှာ ဝေဖန်မှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့လည်း အာကာက ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။

“ဒီပြိုင်ပွဲကနေ ပညာတွေလည်း အများကြီး ရခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာတယ်။ ကျနော့်ကိုလည်း လူတွေပိုသိလာတယ်။ ကျနော် ဒီလို လုပ်နိုင်တာကိုလည်း လူတွေ သိလာတဲ့အတွက်ကြောင့် ပြိုင်ပွဲကရတဲ့ ကောင်းကျိုးတွေပါ။ ဒိုင်တွေပြောတာတွေကတော့ ကောင်းစေချင်လို့ ပြောတာပါ။ ကျနော်အတွက်တော့ သိပ်မထူးဆန်းပါဘူး။ သူတို့ပြောတာလည်း ကောင်းစေချင်လို့ ပြောတယ်လို့ပဲ သတ်မှတ်ပါတယ်။ ဝေဖန်တဲ့သူတွေလည်း ကျေးဇူးတင်ပါတယ်။ ဝေဖန်မှုတွေကို အကောင်းဆုံးပြင်ဆင်သွားမှာပါ”လို့ အာကာက ပြောပါတယ်။

Master Chef Myanmar Season 2 ရဲ့ Winner ဆုရှင် အာကာကတော့ အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ကနေ Master Chef Myanmar ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

Master Chef Myanmar ရဲ့ Winner ဆုရှင် မတင်တင်ဦးနဲ့ တွေ့ဆုံခြင်း

ကိုယ်ပိုင်ဆိုင်ပိတ်ပြီး Master Chef Myanmar ပြိုင်ပွဲဝင်ခဲ့တဲ့ ကိုအောင်ဝေဖြိုး

Master Chef Myanmar Winner ဆုရှင် မတင်တင်ဦး ရောင်းတဲ့ “Winner ဆားဘဲဥ အာလူးကြော်”

Did you find apk for android? You can find new Free Android Games and apps.
Loading