နာမည်ကျော်ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်းဟာ ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မွမ်ဘိုင်းမြို့က Gateway of India မှာဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်မှ အာဇာနည်တွေနဲ့ ဘေးသင့်ခဲ့သူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
မင်းသားကြီးဟာ စင်ပေါ်မှာ အင်အား ကောင်းကောင်းနဲ့ တင်ဆက်မှုတခုကို ပြုလုပ်ခဲ့ပြီး ပရိသတ်တွေကို စိတ်ခံစားမှုရသတွေ ပေးစွမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီတင်ဆက်မှုအခမ်းအနားကို သားဖြစ်သူ မင်းသား Abhishek Bachchan နဲ့ ချွေးမ မင်းသမီး Aishwarya Rai၊ သမီးဖြစ်သူ Shweta Bachchan တို့လည်း တက်ရောက်ခဲ့ပါတယ်။
ကိုယ်လုံးပြည့် အနက်ရောင်ဝတ်ဆုံဝတ်ဆင်ထားတဲ့ မင်းသားကြီး ဘဂျမ်းဟာ ‘Kya sare jahan se achha Hindustan hamara?’ သီချင်းနဲ့ သူ့ရဲ့ တင်ဆက်မှုကို စတင်ခဲ့ပြီး သူနဲ့အတူ Shiamak Davar အကအဖွဲ့ကလည်း ကပြဖျော်ဖြေခဲ့ တာတွေ့ရပါတယ်။
Abhishek Bachchan နဲ့ Aishwarya တို့ စုံတွဲကလည်း အတူတူ ထိုင်နေခဲ့ကြပြီး Abhishek က အနက်ရောင် အနောက်တိုင်းဝတ်စုံ၊ Aishwarya က အဝါရောင်ဝတ်စုံနဲ့ Shweta က အဖြူရောင်ဝတ်စုံ ဝတ်ဆင်လာခဲ့ပါတယ်။
အဲ့ဒီနောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာ အမှတ်တရဓာတ်ပုံတော်တော်များများကို မင်းသားကြီး ဘဂျမ်းက သူ့ရဲ့ ဘလော့မှာ ဝေမျှခဲ့ပါတယ်။ ပြီးတော့သူက “၁၁ လပိုင်း ၂၆ ရက်ကို အမှတ်ရတဲ့အနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ၊ ခွန်အားရဲ့ဇာတ်လမ်းတွေ၊ နိုင်ငံကို ချစ်တဲ့စိတ်တွေ” ဆိုပြီး ပုံစာရေးခဲ့ပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကွယ်လွန်သူ ဖခင်ကြီး Harivansh Rai Bachchan ရဲ့ မွေးနေ့နှစ်ပတ်လည်အတွက် သူ့ရဲ့ ဘလော့မှာ နိုးနိုးကြားကြားရှိနေခဲ့ပါတယ်။
အဲ့ဒီနောက် မင်းသားကြီးက ၁၉၀၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ကွယ်လွန်သူ ဖခင်ကြီးရဲ့ မွေးနေ့အမှတ်တရ ဖြစ်တဲ့ စကားကို သန်းခေါင်ကျော်အချိန်မှာ ရေးတင်ခဲ့ပါတယ်။ ဖခင်ကြီးနဲ့အတူ ခရီးသွားလာခဲ့ကြဖူးတဲ့ အမှတ်တရတွေအကြောင်းနဲ့အတူ ဖခင်ကြီးဆီကနေ သင်ယူရရှိခဲ့တဲ့အရာတွေ အကြောင်းလည်း ဖော်ပြပြောဆိုခဲ့တာကိုတွေ့ရပါတယ်။
မင်းသားကြီးဟာ ပါကစ္စတန်စစ်သွေးကြွ Ajmal Kasab ကို ဖမ်းတီးရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်း Tukaram Omble နဲ့ပတ်သက်လို့လည်း Twitter မှာ ပို့စ်တင်ခဲ့တာကို တွေ့ရပါတယ်။ မင်းသားကြီးဟာ လာမယ့်သီတင်းပတ်တွေအတွင်းမှာ “Brahmastra” ရုပ်ရှင်အတွက် တောင်တန်းဒေသတခုကို သွားရောက်မှာလည်း ဖြစ်ပါတယ်။
Ref: hindustantimes