Superman ဇာတ်ရုပ်နဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတဲ့ မင်းသား Henry Cavill ဟာဆိုရင်တော့ James Bond ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ စိတ်ဝင်စားနေသူလည်း ဖြစ်ပါတယ်။
Cavill အနေနဲ့ James Bond ဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ဆန္ဒရှိနေတာကြောင့် James Bond ဇာတ်ကားတွေရဲ့ ပင်တိုင်ဒါရိုက်တာ Martin Campbell နဲ့ သိပ်မကြာသေးခင်က သွားရောက်တွေ့ဆုံခဲ့ပေမယ့် ကိုယ်အလေးချိန် အနည်းငယ်မြင့်တက်ပြီး ဝနေတာကြောင့် James Bond ဇာတ်ကောင်အတွက် အဆင်မပြေနိုင်ဘူးလို့ ငြင်းပယ် ခံလိုက်ရပါတယ်။
Man of Steel, Batman Vs Superman, Justice League စတဲ့ ဇာတ်ကားတွေမှာ စူပါမန်းဇာတ်ကောင်နဲ့ လူသိများလာခဲ့တဲ့ မင်းသား Henry Cavill ဟာ James Bond ဇာတ်ကောင်အတွက် ငြင်းပယ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး Men’s Health နဲ့အင်တာဗျူးမှာ အခုလိုပဲဖြေကြားခဲ့ပါတယ်။
“Martin ကအခုလို ပြောလိုက်လို့ သူ့ကို သိပ်ကျေးဇူးတင်ရပါတယ်၊ ဒီလိုထောက်ပြပေးမယ့်သူ ရှိတာကိုလည်း ဝမ်းသာရပါတယ်၊ ဒီလိုထောက်ပြပေးမှလည်း ကျနော် ဘာလိုအပ်တယ်ဆိုတာကို သေချာသိရမှာပေါ့၊ လောလောဆယ်တော့ ဘယ်လိုနည်းလမ်းနဲ့ ဝိတ်ချရင်ကောင်းမလဲ ဆိုတာ ကျနော်မသိသေးဘူးဗျ ” လို့ ဆိုပါတယ်။
မင်းသား Henry Cavill ဟာဆိုရင်တော့ Superman ဇာတ်ကောင်အပြင် တခြားသော ဇာတ်ရုပ်တွေမှာ သရုပ်ဆောင်ဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ James Bond ဇာတ်ရုပ်အတွက် ကိုယ်အလေးချိန်မြင့်တက်နေလို့ ဆိုပြီး ငြင်းပယ်ခံလိုက်ရပေမယ့် Netflix ကနေရိုက်ကူးတဲ့ “The Witcher” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ Geralt Of Rivia ဇာတ်ကောင်နေရာမှာ မင်းသား Henry Cavill ကိုကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
Netflix ရဲ့ “ The Witcher” ဆိုတဲ့စီးရီးဟာ ဆိုရင်တော့ Action, Adventure, Drama ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထွက်ရှိတော့မှာလည်း ဖြစ်ပါတယ်။
Ref. www.insider.com
ဆက်စပ်ဖတ်ရှုရန်
Superman အဖြစ် မင်းသား Nicolas Cage သရုပ်ဆောင်ဖို့ ပရိသတ်များ လိုလားနေ
Superman အဖြစ်မှ Henry Cavill မနုတ်ထွက်သေးကြောင်း Jason Momoa ပြော
“Mission: Impossible 7” ရုပ်ရှင်မှာ ထပ်မံပါဝင်လာဖွယ် ရှိတဲ့ မင်းသား Henry Cavill