Game Of Throne ရုပ်ရှင်ရဲ့ နောက်ဆုံး Season က မကြာသေးခင်က ထွက်ရှိခဲ့ပေမယ့် ပရိသတ်တွေကတော့ အဲဒီရုပ်ရှင်အကြောင်းတွေကို ပြောမဆုံးဖြစ်နေကျဆဲပါပဲ။ ရုပ်ရှင်ထဲက လူကြိုက်အများဆုံး ဇာတ်ကောင်တွေ ြ့ဖစ်တဲ့ Jason Momoa နဲ့ Emilia Clarke တို့ ၂ယောက်ရဲ့ ဇာတ်ဝင်ခန်းအချို့ကို Game Of Throne ပရိသတ်များ သိပြီး ဖြစ်ပါလိမ့်မယ်။
ဒီလို အဖော်အချွတ်အခန်းတွေနဲ့ ပတ်သတ်ပြီး မင်းသမီးဖြစ်တဲ့ Emilia Clarke ရဲ့ ပြောကြားချက်အရ Jason Momoa ဟာ လုံခြုံတဲ့ ပတ်ဝန်းကျင်တခုဖြစ်အောင် အမြဲပြုလုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။
” သူက ကျမကိုရော ပတ်ဝန်းကျင်ကိုပါ ဂရုစိုက်ပေးတယ်။ ကျမကိုယ်တိုင် သတိမထားမိတဲ့ အရာတွေကိုတောင်မှ ဂရုစိုက်ပေးလေ့ရှိတယ်။ သူ့ကြောင့် ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရတာ သက်သောင့်သက်သာ ဖြစ်ရတယ်။ Jason က အတွေ့အကြုံရှိတဲ့ မင်းသားတယောက်ဖြစ်လို့ ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာကို ကောင်းကောင်းသိတယ် ” လို့ Emilia Clarke ကပြောပါတယ်။
အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး Jason Momoa ကတော့ ” ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်လို့ ကူညီပေးတာပါ။ တချို့အရာတွေကို သူမကို ကျနော့်ဘက်က ဂရုစိုက်ပေးရမှာတွေ ရှိတယ်လေ။ ဒီလို အဖော်အချွတ်တွေ ရိုက်ရလို့ ဆိုးဝါးတဲ့ အဖြစ်အပျက် တွေ ကျနော်က မဖြစ်စေချင်ဘူး ” လို့ ပြောပါတယ်။
မင်းသမီး Emilia Clarke က Game Of Throne မှာ သရုပ်ဆောင်ရတာဟာ ခက်ခဲတဲ့ အတွေ့အကြုံတွေ အများကြီး ရကြောင်းနဲ့ Jason Momoa လို ဖြူစင်ပြီး လူသားဆန်တဲ့ မင်းသားတယောက်ကို တခါမှ မတွေ့ဖူးကြောင်း စတာတွေ ကို အင်တာဗျူးတခုမှာ ဖြေကြားခဲ့ပါတယ်။
Ref;cosmopolitan
You may also like these stories:
Aquaman Premiere ပွဲမှာ အဖွဲ့သားတွေနဲ့အတူ ရိုးရာအက ကခဲ့တဲ့ Jason Momoa
Netflix က ထွက်ရှိလာမယ့် Thriller ရုပ်ရှင်တခုမှာ ပါဝင်လာမယ့် Jason Momoa
GOT ဇာတ်သိမ်းပိုင်းအတွက် ဟစ်တလာ မိန့်ခွန်းတွေကို ကြည့်ပြီး ပြင်ဆင်ခဲ့ရတဲ့ Emilia Clarke