Disney အနေနဲ့ အောင်မြင်ပြီးသား ရုပ်ရှင်တွေကို Live-action အဖြစ် ပြန်လည်ရိုက်ကူးတဲ့အခါ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။ အခုတခါမှာဆိုရင်လည်း Disney ရဲ့လူသိများတဲ့ ဇာတ်လမ်း တခုဖြစ်တဲ့ Jack and The Bean Stalk ကို Live-action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ စီစဉ်နေပြီပဲ ဖြစ်ပါတယ်။
Disney အနေနဲ့ Jack and The Bean Stalk Live-action ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်တည်းက စတင်မိတ်ဆက်ပြသခဲ့တဲ့ Disney+channel မှာပဲ ပြသမလား၊ ကမ္ဘာတဝှမ်းက ရုပ်ရှင်ရုံတွေမှာပဲ ရုံတင်ပြသ သွားမလားဆိုတာကတော့ မသိရသေးပါဘူး။
ထုတ်လုပ်မှုအပိုင်းမှာလည်း ထင်ထားတာထက် ပိုမိုပြီးစီးခဲ့တာ ဖြစ်တဲ့အပြင် ရိုက်ကူးမယ့်ဒါရိုက်တာရဲ့ စိတ်ကူးထဲက ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကောင်တွေကလည်း အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။
အမျိုးသမီးပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ Tangled ကာတွန်းရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Nathan Greno ကပဲ အခု Jack and The Bean Stalk ကို တာဝန်ယူ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပြီး လာမယ့် ၂၀၂၀ ခုနှစ်မှာ ပြသသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Disney အနေနဲ့ Jack and The Bean Stalk ကို အရင်ကပြသခဲ့ဖူးတဲ့ ဇာတ်လမ်းဇာတ်အိမ်အတိုင်း ရိုက်ကူးဖို့ စီစဉ်ထားခဲ့ပေမယ့် Live-action မှာတော့ အသစ်အဆန်းတခုခုကို ထည့်သွင်းရိုက်ကူးသွားဖို့ အစီအစဉ်ရှိနေတာလည်း ဖြစ်ပါတယ်။
Jack and The Bean Stalk ကို Live-action အဖြစ် ပြန်လည်ရိုက်ကူးဖို့ ပရောဂျက်ကို ဖျက်သိမ်းဖို့ စီစဉ်ခဲ့ပေမယ့် Disney ဟာ Live-action ရုပ်ရှင်တွေ ထုတ်လုပ်ရာမှာ ငွေကြေးအရရော အနုပညာအရပါ ထိန်းထားနိုင်တာဖြစ်လို့ ပရောဂျက်ကို မဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
Disney ရဲ့ Live-action ကိုမှ ကြိုက်နှစ်သက်သူတွေအတွက်တော့ Jack and The Bean Stalk ဟာ သိပ်မကြာခင်မှာ ပုံစံအသစ်တမျိုးနဲ့ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Disney ကုမ္ပဏီကနေ ဆက်လက် ထွက်ရှိလာမယ့် Live-action ရုပ်ရှင်များ
Disney ရုပ်ရှင်ကား ၃၀ ကြည့်ရင်း ဒေါ်လာ ၁၀၀၀ ရနိုင်မယ့် အခွင့်အရေး