မော်ဒယ်လီလီကျော်ခိုင်ကတော့ ထပ်ဆင့်အကယ်ဒမီဝါဝါဝင်းရွှေ ရိုက်ကူးထားတဲ့ “ရှင်ဥပဂုတ္တ” ရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ကားထဲမှာ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးရဲ့ မယ်တော်နေရာက သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ဒီထဲမှာတော့ မစ္ဆဒေဝီဆိုတဲ့ ရွှေငါးကြီးဝမ်းဗိုက်ထဲကနေ ထွက်လာတဲ့ သမီးတော်လေးနေရာက ပါဝင်ထားတယ်။ ပြီးတော့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးရဲ့ မယ်တော်နေရာကနေ ပါဝင်ထားပါတယ်” လို့ လီလီကျော်ခိုင်ကပြောပါတယ်။
ဒီကားထဲမှာပါဝင်ရန်အတွက် ဝါဝါဝင်းရွှေက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ကာရိုက်တာက သူနဲ့လိုက်ဖက်တာကြောင့် ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ မာမီ (ဝါဝါဝင်းရွှေ) ကမ်းလှမ်းလာခဲ့တာပါ။ အရှေ့မှာ “တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ”ကားထဲမှာ သရုပ်ဆောင်ထားတာကို မာမီကတွေ့ပြီးတော့ လာရောက်ကမ်းလှမ်းတယ်။ ဒီမှာဆိုသူက ရုပ်ဆင်းအင်္ဂါလည်း ချောမောရမယ်။ အသားအရေကလည်း အဝါဘက်ကိုသွားရမယ်။ ဖြူနေတာမျိုးလည်း မဟုတ်ဘူး။ မည်းနေတာမျိုးလည်း မဟုတ်ဘူး”လို့ လီလီကျော်ခိုင်ကပြောပါတယ်။
ဆက်လက်ပြီး လီလီကျော်ခိုင်က “မာမီကသမီးနဲ့လိုက်တယ်။ သရုပ်ဆောင်ချင်လားဆိုတော့ မာမီဘာကားလေးလဲ မေးတော့ ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီးဆိုတော့ တကယ်တမ်းပြောရင် ကျမက ရဟန္တာမထေရ်မြတ်ကြီးရဲ့ အတ္ထုပ္ပတ္တိကို တကယ်ကိုမသိဘူး”
“ ဒါပေမယ့်ဘုရားတွေဘာတွေသွားရင် ကန်တော့တယ်။ ဒီမထေရ်မြတ်ကြီးကအရမ်းကို အေးချမ်းတယ်။ အဲ့လိုမျိုး ကန်တော့ခဲ့တဲ့စိတ်လေးတွေက ရှိနေတာပေါ့နော်။ အဲဒါနဲ့ဒီကားကိုရိုက်ရမယ်ဆိုတော့ ရတယ်မာမီ သမီးပါမယ်ဆိုပြီး ဘာမှကိုမမေးတော့ဘူး။ ပါဝင်ဖြစ်သွားတာ။ ဒီမှာတော့ မာမီက ရီဟာဇယ်ကိုအကြိမ်ရေများများလေး လုပ်ပြီးတော့ သရုပ်ဆောင်စေခဲ့တာပေါ့” လို့ ဆိုပါတယ်။
ဒီကားအတွက် ဒါရိုက်တာဝါဝါဝင်းရွှေကလည်း သူ့အနေနဲ့ အချိန်၁၀နှစ်တာစုဆောင်းခဲ့တဲ့ အကြောင်းအရာများကို လေ့လာပြီး ရိုက်ကူးခဲ့ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
“မာမီက ၁၀နှစ်တာစုဆောင်းခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ထုတ်ပြတယ်။ ပထမဆုံးရိုက်မယ်လို့ သိကတည်းက ရှာပြီးတော့ အကြောင်းအရာလေးတွေကိုဖတ်ဖြစ်တယ်။ ပြီးတော့ မာမီကသူ့ရဲ့ဇာတ်အိမ်လေးကို ထုတ်ပြတယ်။ အဲ့ကနေစပြီးတော့ပဲ လေ့လာဖြစ်ပြီးသိသွားတာပေါ့” လို့ ပြောပါတယ်။
ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ကားမှ အတွေ့အကြုံများစွာရရှိခဲ့ပြီး ခေါင်းဆောင်မင်းသမီးနေရာကလည်း ပထမဆုံးသရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဒီမှာက တော်တော်ကြီးကိုပညာရခဲ့တယ်။ အတွေ့အကြုံတွေရခဲ့သလို ဆုလာဘ်ကောင်းတွေလည်း အများကြီး ရခဲ့တဲ့ကားလေးတကားပါ။ အရှေ့မှာရိုက်ခဲ့တဲ့ကားကကျတော့ မော်ဒယ်တွေအများကြီးကြားထဲမှာ ရောသွားခဲ့တယ်။ ဒီကားထဲမှာကျတော့ မာမီက ခေါင်းဆောင်အနေနဲ့လည်းတင်လိုက်တယ်”
“ မာမီ့ရဲ့ပို့ချမှုတွေက ကောင်းတဲ့အတွက် အဲ့ကနေမှတဆင့် အလုပ်တွေအများကြီးရခဲ့တယ်။ အခုဆိုရင်ရုံကြီးကား ၆ကားရိုက်ပြီးသွားပြီ။ အသစ်တယောက်အနေနဲ့ ဒီလိုမျိုးအရည်အတွက်များများရဖို့အတွက်က ခက်ခဲပါတယ်။ မာမီ့ရဲ့ဒီကားကနေတဆင့် တဖြည်းဖြည်းလူသိလာတယ်။ လူတွေလက်ခံပေးလာတယ်။ အဲဒါကြောင့် မာမီ့ရဲ့ကားလေးက ဆုလာဘ်တခုပါပဲ” လို့ လီလီကျော်ခိုင်ကပြောပါတယ်။
ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကြီး ရုပ်ရှင်ကားကတော့ လီလီကျော်ခိုင်ရဲ့ ဒုတိယမြောက်ရုံတင်မယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး အရှေ့မှာ “တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားပါတယ်။
ဆက်လက်ပြီးတော့လည်း ရုပ်ရှင်ဇာတ်ကားများ ၊ ဇာတ်လမ်းတွဲများစွာရိုက်ကူးသွားဖို့ရှိပြီး မော်ဒယ်တယောက် ဖြစ်တာကြောင့်လည်း မော်ဒယ်အလုပ်များကိုလည်း ဆက်လက်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
အလုပ်ကနေ လစာမဲ့ ထွက်လာပြီး Master Chef ဝင်ပြိုင်ခဲ့တဲ့ နေအောင်
ကစ်ကစ်ရဲ့ နောက်ဆုံးအချိန် အကြောင်း ပြောပြတဲ့ အနီးကပ် ပြုစုစောင့်ရှောက်ပေးသူ မနွယ်နွယ်
ဟာသ သရုပ်ဆောင် ကစ်ကစ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းစကားဆိုကြတဲ့ အနုပညာရှင်များ