Entertainment

၅ နှစ်အကြာမှာ ဇာတ်လမ်းတွဲသစ် ပြန်လည် ရိုက်ကူးတော့မယ့် မင်းသမီး ကင်တေဟီး

အနုပညာအလုပ်တွေ ခေတ္တရပ်နားထားတဲ့ မင်းသမီး ကင်တေဟီးကို ပရိသတ်တွေ ပြန်လည် မြင်တွေ့ရတော့မှာပါ။ အိမ်ထောင်ကျပြီးနောက်ပိုင်း ၅ နှစ်လောက် အနုပညာအလုပ်တွေ ရပ်နားခဲ့ရာက ဇာတ်လမ်းတွဲအသစ် ရိုက်ကူးဖို့အတွက် တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။

tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသမယ့် “Hi Bye, Mama!” လို့ ယာယီ နာမည်ပေးထားတဲ့ စိတ်ကူးယဉ် ဒရာမာဇာတ်ကားမှာ မင်းသား လီကျူဟွန်းနဲ့အတူ ရိုက်ကူးသွားဖို့ လက်ခံလိုက်တာပါ။ ဒီဇာတ်ကားဟာ မတော်တဆမှု တခုကြောင့် သေဆုံးသွားတဲ့ မိခင်တဦးက ယောက်ျားနဲ့ သမီးလေးဆီ ဝိညာဉ်အဖြစ်နဲ့ ၄၉ ရက်ပြန်လည် ရောက်ရှိလာတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။

မင်းသမီး ကင်တေးဟီကတော့ ဒီဇာတ်ကားမှာ သေရွာက ဝိညာဉ်အဖြစ်နဲ့ ခေတ် တပြန်ရောက်လာတဲ့ ချာယူရီ ဇာတ်ကောင်နေရာက သရုပ်ဆောင်သွားမှာဖြစ်ပြီး သမီးလေးအတွက် မလုပ်ပေးခဲ့ရတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်စိတ်ကြောင့် မိသားစုဆီ ၄၉ ရက်ပြန်သွားနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့ပါတယ်။

မင်းသား လီကျူဟွန်းကတော့ ချာယူရီရဲ့ ကျန်ရှိခဲ့တဲ့ ခင်ပွန်းနေရာက သရုပ်ဆောင်သွားမှာပါ။ ခွဲစိတ်ဆရာဝန်တယောက်ဖြစ်တဲ့ ဂျိုဂန်ဟွာဟာ အချစ်ဦးလည်းဖြစ်၊ အချစ်ရဆုံးဇနီးလည်း ဖြစ်သူကို ဆုံးရှုံးခဲ့ရအပြီးမှာတော့ စိတ်ဓာတ် အကြီးအကျယ် ကျသွားခဲ့ပြီး ပင်ကိုယ်စရိုက်ပါ ပြောင်းလဲသွားခဲ့ရပါတယ်။

တနေ့မှာတော့ မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ ဇနီးသည် ပြန်လည် ရောက်ရှိလာချိန်မှာ သူ့ဘဝကြီးနောက်တခါ ကပြောင်းကပြန် ဖြစ်ခဲ့ရပြန်ပါတယ်။

၂၀၁၅ ခုနှစ်က SBS drama “Yong Pal” ပြီးတည်းက အနုပညာအလုပ်တွေ ရပ်နားခဲ့တဲ့ မင်းသမီး ကင်တေဟီး အတွက် အခုဇာတ်ကားသစ်ဟာ ၅ နှစ်ကြာမှ ပြန်လည် ရိုက်ကူးတာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက် ပိုင်းလောက်မှာ ပြသသွားဖို့ရှိတဲ့ စနေ-တနင်္ဂနွေ ဇာတ်လမ်းတွဲသစ် “Hi Bye, Mama!” ကို “Go Back Couple” ဇာတ်လမ်းတွဲ ရေးသားခဲ့သူ ဂွမ်ဟေးဂျူက ရေးသားထားတာဖြစ်ပြီး ဒါရိုက်တာကတော့ “The Smile Has Left Your Eyes” ရိုက်ကူးခဲ့သူ ယူဂျေးဝန်က တာဝန်ယူသွားမှာဖြစ်ပါတယ်။

“Hi Bye, Mama!” မှာကို မကြာခင် ပြသတော့မယ့် tvN ရဲ့ ဇာတ်လမ်းတွဲသစ် မင်းသား ဟွန်ဘင်းနဲ့ မင်းသမီး ဆိုယဲဂျင်းတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ “Crashing Landing on You” အပြီးမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။

Ref: Soompi

You may also like these stories:

ဆောင်းဂျီဟို ပါဝင်လာမယ့် ဒရာမာအသစ်ကို ၂၀၂၀ ပြည့်နှစ်မှာ ပြသဖို့ရှိ

ကိုရီးယားနိုင်ငံရဲ့ Plastic Surgeons တွေ ရွေးချယ်ခဲ့တဲ့ မျက်နှာအလှဆုံး အနုပညာရှင်များ

Loading