Entertainment

Superman အဖြစ် သရုပ်ဆောင်ဖို့ Warner Bros နဲ့ ဆွေးနွေးနေတဲ့ မိုက်ကယ်ဘီဂျော်ဒန်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်မင်းသား မိုက်ကယ်ဘီဂျော်ဒန်ဟာ Superman မင်းသားသစ် အဖြစ်ပါဝင်ဖို့ Warner Bros နဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဒီနှစ်မှာ အသက် ၃၂ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ မင်းသားရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Outlier Society က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Warner Bros. မှာ ကနဦး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်တာကြောင့် Marvel ကနေ DC ကို ရွှေ့ပြောင်းမယ့် မင်းသားရဲ့ လုပ်ရပ်က လူအများအပြားကို ထိတ်လန့်စေခဲ့ခြင်း မရှိခဲ့ပါဘူး။

တကယ်လို့သာ အများချစ်ကြတဲ့ Superman အဖြစ် မင်းသား ဂျော်ဒန်သာ ပါဝင်ဖြစ်ခဲ့မယ်ဆိုရင်တောင် ၂၀၂၃ မတိုင်မီ အထိ အဲ့ဒီရုပ်ရှင်ကို ရုံတင်နိုင်ဦးမယ့်ပုံမှာ မရှိပါဘူး။ အကြောင်းအရင်းကတော့ မင်းသား Warner Bros နဲ့ရော တခြားပရောဂျက်တွေအတွက်ပါ အလုပ်ရှုပ်နေလို့ ဖြစ်ပါတယ်။

Superman ရုပ်ရှင်အသစ်ကို အရင်ဇာတ်လမ်းတွေပဲ အသစ်တဖန် ပြန်လည် ဖန်တီးမယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပေမယ့် ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာ ဘယ်သူဖြစ်လာမလဲ ဆိုတာကို မသိရသေးဘူးလို့ Variety မီဒီယာက ဆိုပါတယ်။

မကြာသေးခင်တုန်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသား Henry Cavill က DC ကမ္ဘာထဲမှာ Superman အဖြစ် သရုပ်ဆောင်ရတဲ့ သူ့အလုပ်မပြီးသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။ မင်းသား Cavill “အပေါ်ရုံဝတ်စုံက ဗီရိုထဲမှာ ရှိနေပါသေးတယ်” လို့ Mens’ Health မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

သူက “ကျနော့် ကိုယ်ပိုင် ဖြစ်နေတုန်းပါ။ ဒီကိစ္စတွေ ဖြစ်ပျက်နေချိန် အမှောင်ထဲမှာ နှုတ်ဆိတ်ပြီး ကျနော်ထိုင်နေမှာ ဟုတ်ပါဘူး။ ကျနော် အဲ့ဒီဇာတ်ရုပ်ကို လက်မလျှော့သေးပါဘူး။ Superman အတွက် ကျနော် ပေးဆပ်စရာတွေ အများကြီးရှိနေပါသေးတယ်။ ပြောပြစရာ ဇာတ်လမ်းတွေလည်း အများကြီး ရှိနေပါသေးတယ်”လို့ ပြောဆိုထားပါတယ်။

Justice League ရုပ်ရှင် ငွေကြေးပိုင်းဆိုင်ရာအရ မအောင်မမြင် ဖြစ်ခဲ့ရပြီးတဲ့နောက် DC ရဲ့ အစီအစဉ်တွေကို ပြန်လည် သုံးသပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်း ကြေညာခဲ့ပြီးချိန်ကတည်းက Warner Bros ဟာ ဗြိတိသျှမင်းသား Cavill ပါဝင်လာမယ့် ဘယ်ရုပ်ရှင်ကိုမှ ထုတ်ဖော်ကြေညာတာမျိုး မလုပ်ခဲ့ပါဘူး။

မင်းသား ဂျော်ဒန်ဟာ “Black Panther” နဲ့ “Creed II” ရုပ်ရှင်တွေနဲ့ လူသိများသူ တယောက်လည်း ဖြစ်ပါတယ်။

You may also like these stories:

ခန္ဓာကိုယ်ဝနေလို့ James Bond နေရာမှာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခံလိုက်ရတဲ့ Henry Cavill

အက်ရှင်ကားတွေမှာ သရုပ်ဆောင်ဖို့ Tom Cruise ဟာ အသက်ကြီးနေပြီလို့ ‘Jack Reacher’ စာရေးသူဆို

Did you find apk for android? You can find new Free Android Games and apps.
Loading