မကြာခင် အိန္ဒိယနိုင်ငံမှာ ရုံတင်တော့မယ့် ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ မင်းသမီး Deepika Padukone ရုပ်ရှင်ကနေ မင်းသား Ajay Devgn ရဲ့ “Bhuj: The Pride Of India” တို့လိုမျိုး အိန္ဒိယရဲ့ သူရဲကောင်းတွေ အကြောင်း ဖော်ပြမယ့် ရုပ်ရှင်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။
အဲ့ဒီ လူသား သူရဲကောင်းတွေရဲ့ တကယ့်ဇာတ်လမ်းထက် အနည်းငယ် ရုပ်ရှင်ဆန်တဲ့အကြောင်းအရာတွေ ပါဝင်မှာဖြစ်ပေမယ့် ကြည့်ရှုသူ ပရိသတ်တွေရဲ့ စိတ်ထဲမှာ စိတ်အားတက်ကြွဖွယ် ဖြစ်နေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ အခု ရုံတင်နေဆဲနဲ့ မကြာမီ ရုံတင်ဖို့ရှိတဲ့ အိန္ဒိိယ ဇာတ်လမ်းကောင်း ၅ ကားအကြောင်း ဖော်ပြပေးချင်ပါတယ်။
Hotel Mumbai
မွမ်ဘိုင်းမြို့မှာရှိတဲ့ Taj ဟိုတယ်ကို ၁၁ လပိုင်း ၂၆ ရက်တိုက်ခိုက်မှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်မှာတော့ နာမည်ကျော်မင်းသား Dev Patel နဲ့ Anupam Kher တို့က အဓိက ပါဝင်ထားကြပါတယ်။ ဟိုတယ်အတွင်းမှာ အကြမ်းဖက်သမားတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားတဲ့ သာမန်ပြည်သူတွေရဲ့သတ္တိကို မြင်တွေ့ရမှာဖြစ်ပါတယ်။
“Hotel Mumbai” ရုပ်ရှင်ကတော့ သာမန်လူသားတွေနဲ့ လူသားဆန်တဲ့ စိတ်ဓာတ်ရဲ့ အောင်မြင်မှုကို ပုံဖော်ထားပါတယ်။
Chhapaak
မင်းသမီး Deepika Padukone က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ကတော့ အက်ဆစ်နဲ့ တိုက်ခိုက်ခံရပေမယ့် အသက်မသေခဲ့တဲ့ Laxmi Aggarwal ဆိုတဲ့ အမျိုးသမီးအကြောင်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Laxmi ဟာ သူ့ကိုလက်ထပ်ခွင့်တောင်းတဲ့ အမျိုးသားကို ငြင်းပယ်ခဲ့တာကြောင့် အဲ့ဒီအမျိုးသားရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။
ခွဲစိတ်ကုသမှုတွေ အများကြီး ခံယူခဲ့ရပြီးတဲ့နောက် သူဟာ အိန္ဒိယမှာ အက်ဆစ်ရောင်းချမှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုမှု ကို လှုပ်ရှားဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုကြောင့် အက်ဆစ်ရောင်းချမှုကို စည်းကမ်းထိန်းသိမ်းကန့်သတ်ဖို့ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပါတယ်။
Gunjan Saxena
မင်းသမီး Janhvi Kapoor ပါဝင်ထားတဲ့ ရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ Kargil စစ်ပွဲအတွင်းမှာ ပထမဆုံးအိန္ဒိယအမျိုးသမီးအဖြစ် ပါဝင်ခဲ့သူ ဖြစ်တဲ့ ရဟတ်ယာဉ်ပိုင်းလော့ Gunjan Saxena နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် Srividya Rajan တို့အကြောင်း သမိုင်းနောက်ခံအကြောင်းအရာပဲ ဖြစ်ပါတယ်။
Maidaan
စူပါစတား Ajay Devgn ပါဝင်ထားတဲ့ ရုပ်ရှင်ကတော့ အိန္ဒိယဘောလုံးလောကရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ ဂန္တဝင်နည်းပြ Syed Abdul Rahim အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ သူ့ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက်ကနေ ၁၉၅၁ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တို့မှာကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ အိန္ဒိယဘောလုံးအသင်း ဗိုလ်စွဲခဲ့ပါတယ်။
Bhuj – The Pride of India
ဒီရုပ်ရှင်မှာတော့ မင်းသား Ajay Devgn က တောင်ပံတပ်မှူး Vijay Karnik ဇာတ်ရုပ်ကနေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၉၇၁ ခုနှစ်၊ အိန္ဒိယ-ပါကစ္စတန် စစ်ပွဲမှာ ဂူဂျာရတ်ပြည်နယ်၊ Bhuj မြို့က လေတပ်အခြေစိုက်စခန်းကို Vijay က တာဝန်ယူကိုင်တွယ်ခဲ့ရပါတယ်။ ပါကစ္စတန်ဘက်ကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေအတွင်းမှာ လေတပ်အခြေစိုက်စခန်းရဲ့ လုပ်ငန်းပိုင်းဆိုင်ရာတွေ ဆက်လုပ်လုပ်ကိုင်နိုင်ဖို့ တာဝန်ယူ လုပ်ဆောင်ပေးရသူဖြစ်ပါတယ်။
Ref: koimoi.com