Fantasy အမျိုးအစားရုပ်ရှင်တွေဟာ ဖန်တီးသူတွေရဲ့ စိတ်ကူးတွေနဲ့အတူ တင်ဆက်မှုပုံစံအသစ်အသစ်တွေကို ကြည့်ရှုသူပရိသတ်တွေအပေါ် ဆွဲငင်ဖမ်းစားနိုင်ဖို့ ရောနှော ထုတ်လုပ်ထားတဲ့ ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ ရုပ်ရှင်ချစ်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ Fantasy အမျိုးအစား ရုပ်ရှင်ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။
(၁) Hugo
၂၀၁၁ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ Hugo ရုပ်ရှင်ဟာဆိုရင်တော့ Drama ၊ Family နဲ့ Fantasy အမျိုးအစား ရုပ်ရှင်ဇာတ်ကားတကားဖြစ်ပြီး ဒါရိုက်တာ Martin Scorese က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ၁၉၃၀၊ ၁၉၃၁ ခုနှစ်တွေတုန်းက ပဲရစ်မြို့ရဲ့ မြင်ကွင်းတွေကို နောက်ခံထားဇာတ်အိမ်တည်ထားတာဖြစ်ပြီး မိဘမဲ့ ကောင်လေး တယောက်ရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။
(၂) Season of The Witch
Season of The Witch ရုပ်ရှင်ဇာတ်ကားကတော့ မင်းသားကြီး Nicolas Cage ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ Action,Adventure,Fantasy အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ၁၄ ရာစုနှစ်တွေရဲ့ စုန်း၊ကဝေ ယုံကြည်မှုတွေနဲ့အတူ ဘာသာရေးဝိဝါဒ ပြောင်းလဲမှုတွေကြားက စစ်သူရဲကောင်းတယောက်ရဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
(၃) Immortals
စူပါမန်း Solo ရုပ်ရှင် Man of Steel မအောင်မြင်ခင်တည်းက Henry Cavill ရယ်လို့ ပရိသတ်တွေ အသိအမှတ် ပြုခဲ့ ရတဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။ Clash of The Titans ရုပ်ရှင်နဲ့ အလားသဏ္ဍာန် ဆင်တူပြီး Henry Cavill ကို ဂရိသူရဲကောင်း တယောက်အဖြစ် တွေ့မြင်ကြရမှာပါ။
(၄) A Monster Calls
မိခင်ဖြစ်သူရဲ့ ရောဂါအခြေအနေဟာ တနေ့တခြားဆိုးရွားလာနေပြီး ဖခင်ဖြစ်သူကိုလည်း ပြန်တွေ့ဖို့ မဖြစ်နိုင်တော့တဲ့ ကောင်လေးတယောက်ဟာ အထီးကျန်မှုကို အဖော်ပြုရင်း သူ့ရဲ့နေ့ရက်တွေကို ကုန်ဆုံးနေခဲ့တာဖြစ်ပါတယ်။ သူ့အိပ်ရာနဲ့ မလှမ်းမကမ်းကို သတ္တဝါဆန်းကြီး ရောက်ရှိလာချိန်မှာတော့ အဲဒီကောင်လေးဟာ ပုံပြင်တွေထဲ စီးမျောပါဝင်သွားပုံကို ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်။
Ref. screenrant.com
You may also like these stories:
ဘယ်အချိန် ပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ရုပ်ရှင်ဇာတ်ကားများ
Rotten Tomatoes ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ Will Smith ရဲ့ အကောင်းဆုံး ဇာတ်ကားများ