Entertainment

အနုပညာနဲ့ပတ်သက်ရင် မာနထားတဲ့အကြောင်း ပြောပြတဲ့ ထက်ထက်မိုးဦး

Want create site? Find Free WordPress Themes and plugins.

တချိန်က တီဗီကြော်ငြာများမှာ နံပါတ်၁နေရာကို သိမ်းပိုက်ထားခဲ့တဲ့ ပရိသတ်ရဲ့အချစ်တော် ထက်ထက်မိုးဦးကတော့ အနုပညာနဲ့ပတ်သက်ပြီး ထားရှိတဲ့မာနထားတယ်လို့ ဆိုပါတယ်။

“တချို့အနုပညာသမားကျတော့ အနုပညာအစစ်၊ အနုပညာမာန ရှိတယ်။ ကောင်းတဲ့နေရာဆို ရိုက်တယ်။ လုပ်ခွင့်ရရင် ရိုက်မယ်။ ဒါပေမယ့်ကိုယ့်နေရာနဲ့ ကိုယ်နဲ့လိုက်မယ့်ဇာတ်မျိုးကိုတော့ အကောင်းဆုံးရွေးချယ်တတ်ဖို့ လိုတယ်။ အမေအခန်းကဆိုပေမယ့် ဘယ်လိုအမေမျိုးမှာ နေရမှာလဲ။ ကိုယ်ဘယ်လောက်လုပ်ခွင့်ရမှာလဲ။

“ပါတဲ့အခန်းက ၂ခန်း ၃ခန်းနဲ့ ပိုက်ဆံရရင်အဆင်ပြေတယ်ဆိုရင် ဒီလောက်လေးနဲ့တင် အဆင်ပြေတယ်ဆိုရင်တော့ ဒီနားလေးတင်ပြီးသွားမှာပဲ။ ဒီလိုတော့လည်း ကိုယ်နှစ်ပေါင်းများစွာ ကိုယ့်ဘဝတွေ အပြန်ပြန်အလှန်လှန် ပေးဆပ်ခဲ့တဲ့ ရခဲ့တဲ့ အနုပညာတခုကိုတော့ ဒီလောက်ငွေလေး ဒီနားလေးတင်ပြီးသွားမယ့် ဇာတ်မျိုးကိုတော့ လက်မခံနိုင်ဘူး။ ဒါအနုပညာမာနလေ။ ဒီလိုတော့ရှိတာပေါ့” လို့ ထက်ထက်မိုးဦးကပြောပါတယ်။

အနုပညာဆိုတာခက်ပြီး ပိုက်ဆံရှိတိုင်း ၊ ရုပ်ချောတိုင်း ၊ စိတ်ခံစားချက်တွေရှိတိုင်းလုပ်လို့မရဘဲ ကံဇာတာ အကြောင်းတရားနဲ့ဆိုင်တဲ့အတွက် အရမ်းဆန်းကြယ်တယ်လို့ ဆိုပါတယ်။

“အနုပညာဆိုတာခက်တယ်။ ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့ မရဘူး။ ရုပ်ချောတိုင်းလည်း လုပ်လို့မရဘူး။ ပိုက်ဆံရှိတိုင်းလည်း လုပ်လို့မရဘူး။ ကိုယ့်စိတ်ထဲမှာ ငါအလုပ်တွေလုပ်ချင်နေပါပြီဆိုပြီး ဖီလင်တွေထည့်ထားလည်း လုပ်ချင်မှလုပ်ရတာ။ သူ့ကံဇာတာ အကြောင်းတရားနဲ့လာမှာပဲ ဖြစ်တာ။ အနုပညာကအရမ်းဆန်းကြယ်ပါတယ်” လို့ ထက်ထက်မိုးဦးကပြောပါတယ်။

ရုပ်ရှင်လောကဟာလည်း ယခင်ကနဲ့မတူတော့ဘဲ ပြောင်းလဲမှုများစွာရှိခဲ့တာကြောင့် ထက်ထက်မိုးဦးအနေနဲ့ အခွင့်အရေးကောင်းတွေ ရောက်လာတဲ့အချိန်မှာ ကြိုးစားမယ်လို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။

“ရုပ်ရှင်လောကရဲ့ပြောင်းလဲမှုက ကောင်းပါတယ်။ ဒီကောင်းတဲ့ရလဒ် ရနေတဲ့အချိန်မှာ ပရိုဂျူဆာတွေလည်း ထုတ်လုပ် နေတဲ့အချိန်မှာ မင်းသမီးမင်းသားတွေကလည်း အသည်းအသန်လိုက်ပြီး ကြိုးစားရမှာပဲ။ ကိုယ့်အတွက် အခွင့်အရေး ကောင်းတွေရလာပြီဖြစ်တဲ့အတွက် ကြိုးစားမယ်လို့ စိတ်ကူးထားပါတယ်” လို့ ထက်ထက်မိုးဦးကပြောပါတယ်။

မကြာခင်မှာလည်း ထက်ထက်မိုးဦးက ဒါရိုက်တာရာဇဝင်ကို ရိုက်ကူးမယ့် “မာယာရထားမောင်းတဲ့ မိန်းမ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ထူးခြားတဲ့ကာရိုက်တာဖြစ်လို့လည်း လက်ခံဖြစ်တာပေါ့။ ခါတိုင်းလို အချစ်ကြီးပဲလည်း မဟုတ်ဘူး။ ခါတိုင်းလို မိဘနဲ့သားသမီးဇာတ်လည်း မဟုတ်ဘူး။ တမျိုးလေးပဲ။ လက်ခံဖြစ်တဲ့ အကြောင်းအရင်းဆိုတာ ထက်ထက်လည်း ကားမရိုက်ရတာကြာပြီ”

“ ပြီးတော့ကိုယ်ရိုက်ရတဲ့ကားက ဟာသကားလည်း မဟုတ်ဘူး။ နည်းနည်းပါးပါးပါ ရတဲ့ကားလည်း မဟုတ်ဘူး။ သေသေချာချာလုပ်ရတယ်။ အဓိကက ပိုက်ဆံထက်ကို လုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပြီးကျေနပ်ပြီးလုပ်တာပါ” လို့ ထက်ထက်မိုးဦးကပြောပါတယ်။

ဇာတ်ကားရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းဖတ်ရင်း ဘယ်လိုမျိုးသရုပ်ဆောင်ရမလဲ ဘယ်လိုအခန်းမျိုးမှာ ဘာဝတ်ရမလဲဆိုတာကို စိတ်ကူးရင်း စိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

“စိတ်လှုပ်ရှားတာပေါ့။ ငယ်ငယ်တုန်းကလိုပဲ ကိုယ်ဘယ်လိုမျိုးအိုက်တင်လုပ်ရမလဲ ဘယ်လိုအခန်းမျိုးတွေမှာဆို ဘယ်လိုဝတ်ရမလဲ ဘယ်လိုသရုပ်ဆောင်ရမလဲ အခန်းတွေက တခန်းနဲ့တခန်းဆက်စပ်တဲ့အခါကျရင် ဘယ်လိုလုပ် ရမလဲဆိုတာကို ကြိုပြီးစဉ်းစားပြီး တကယ့်ကိုရင်ခုန်တာ။ ဒါရိုက်တာကိုတောင် စာလှမ်းပို့သေးတယ်။ ဇာတ်ညွှန်းတွေ ဖတ်ပြီးရင်တွေတုန်နေတာလို့” လို့ ထက်ထက်မိုးဦးက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားထဲမှာတော့ ထက်ထက်မိုးဦးနဲ့အတူ မေသဉ္ဖာဦး ၊ အိချောပို ၊ နန်းဆုဦး ၊ ရွှေအိမ်စည်နှင့် ရဲရင့်အောင်တို့က အဓိက ပါဝင်သရုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading