ကျေးဇူးတော်နေ့ အားလပ်ရက်မှာ ရုံဝင်ငွေ စံချိန်တင်ခဲ့တဲ့ "Frozen II" ရုပ်ရှင်
“Frozen II” ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံ တဝန်းမှာ ၅ ရက်ကြာမြင့်ခဲ့တဲ့ ပိတ်ရက်ကာလအတွင်း ဝင်ငွေ ဒေါ်လာ ၁၂၃ ဒဿမ ၇ သန်း ရရှိခဲ့လို့ ဒုတိယမြောက် ရုံတင်တဲ့ သီတင်းပတ်မှာလည်း ရုံဝင်ငွေစာရင်း ထိပ်ဆုံးမှာ ရပ်တည်နေခဲ့တာကို တွေ့ရပါတယ်။
Variety မီဒီယာရဲ့အဆိုအရ Disney ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံရဲ့ ကျေးဇူးတော်နေ့ ပိတ်ရက်မှာ ပြသခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲ ၂၀၁၃ ခုနှစ်တုန်းက ရုံတင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၁၀၉ သန်းရရှိခဲ့တဲ့ “Hunger Games: Catching Fire” ရုပ်ရှင်ရဲ့ စံချိန်ကို ကျော်တက်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။
ရုံတင်ပြီး ပထမဆုံး သီတင်းနှစ်ပတ်အတွင်းမှာတော့ “Frozen II” ရုပ်ရှင်ဟာ မြောက်အမေရိကဒေသမှာတင် ဝင်ငွေဒေါ်လာ သန်း ၃၀၀ ရရှိဖို့ နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာရုပ်ရှင်ဈေးကွက်မှာတေ
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ အသစ်ရုံတင်လာတဲ့ “Queen and Slim” ရုပ်ရှင်ကတော့ ဝင်ငွေစာရင်းရဲ့ နံပါတ် ၅ နေရာကနေ ရပ်တည်နေပါတယ်။ ပိတ်ရက် ၅ ရက်ကာလမှာ ဝင်ငွေ ၁၅ ဒဿမ ၈ သန်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀ သာ ရှိတာကြောင့် တာထွက်ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နံပါတ် ၃ နေရာမှာ ရှိနေတာကတော့ Disney-Fox တို့ရဲ့ “Ford v Ferrari” ရုပ်ရှင်ဖြစ်ပြီး ပိတ်ရက် ၅ ရက်အတွင်း ဝင်ငွေ ဒေါ်လာ ၁၉ သန်းရရှိခဲ့ပါတယ်။ မင်းသားကြီး Tom Hanks ပါဝင်ထားတဲ့ “A Beautiful Day in the Neighborhood” ရုပ်ရှင်ကတော့ ပိတ်ရက်အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၁၇ ဒဿမ ၆ သန်း ရရှိခဲ့တာကို တွေ့ရပါတယ်။
Ref: etcanada
You may also like these stories
မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ “Secret Life Of Pets 2” ရုပ်ရှင် ထိပ်ဆုံးသို့ ရောက်ရှိ
မှန်းထားသလောက် ဝင်ငွေမရခဲ့တဲ့ “Terminator: Dark Fate” ရုပ်ရှင်
ရုံဝင်ငွေစာရင်းမှာ “Ford v Ferrari” ရုပ်ရှင်ထိပ်ဆုံးရောက်ပြီး “Charlie’s Angels” တာထွက် မကောင်း