Entertainment

"Captain Marvel 2" မှာ Female Thor အဖြစ် ပါဝင်လာနိုင်ဖွယ်ရှိတဲ့ Natalie Portman

Natalie Portman နဲ့ Marvel studio ရဲ့ဆက်ဆံရေးဟာ ပိုမိုကောင်းမွန်တဲ့ အခြေအနေတခုမှာ ရှိနေပြီး Jane Foster ဇာတ်ကောင်ဟာ စူပါဟီးရိုးတဦးဖြစ်တဲ့ (Thor) ရဲ့ချစ်သူအဖြစ် Marvel ပရိသတ်တွေ သိရှိထားခဲ့ကြပါတယ်။ ဒါပေမယ့် “Avengers: Endgame” မတိုင်ခင်တည်းက Studio အနေနဲ့ Natalie Portman ကို ပိုမိုထင်ရှားတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။

“Thor: Dark World” ရုပ်ရှင်ပြီးဆုံးခဲ့ပြီးတည်းက Natalie Portman ကို “Thor: Rangnarok” မှာ ဧည့်သည်သရုပ်ဆောင်အဖြစ်တောင် တွေ့မြင်ခဲ့ရခြင်း မရှိပေမယ့် “Avengers: Endgame” ရဲ့ မပြသဘဲ တည်းဖြတ်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေမှာတော့ သူမရဲ့အခန်းတချို့ပါဝင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ Natalie Portman အနေနဲ့ MCU (Marvel Cinematic Universe) ဆီ နောက်တကြိမ်ပြန်လည် ပါဝင်လာဖို့ အခွင့်အရေးတခု ရရှိခဲ့တာဖြစ်ပြီး ပိုမိုသိသာထင်ရှားတဲ့ ဇာတ်ကောင်နေရာမှာ တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်။

Marvel အနေနဲ့လည်း မင်းသမီး Natalie Portman နဲ့အတူ ရုပ်ရှင်တချို့ ဆက်လက် ထုတ်လုပ် ရိုက်ကူးဖို့ ဆန္ဒရှိနေပြီး အခုလို ဇာတ်ကောင်နေရာ တနေရာနဲ့အတူ ပြန်လည် လက်တွဲဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

“Captain Marvel”, “She-Hulk”, “Black Widow” တို့အပြင် Female Thor ကိုပါ Captain Marvel 2 ရုပ်ရှင်မှာ ပြန်လည်တွေ့မြင်ကြဖို့ ရှိနေတာ ဖြစ်ပါတယ်။ ကမ္ဘာမြေပေါ်က သာမန် အမျိုးသမီးတယောက်ကို ထူးခြားတဲ့ စွမ်းအင်တွေ ပိုင်ဆိုင်ထားသူ တယောက်အဖြစ် MCU ရဲ့ အမျိုးသမီးဇာတ်ကောင် အခန်းကဏ္ဍမှာ ကြည့်ရှုကြရတော့မှာလည်း ဖြစ်ပါတယ်။

Natalie Portman ဟာ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားတဲ့ ပင်ကိုယ်ဟန်တခု တည်ဆောက်ထားနိုင်သူတဦးဖြစ်ပြီး Captain Marvel 2 မှာ Thor ရဲ့ချစ်သူ တယောက်ထက်ပိုတဲ့ Female Thor အဖြစ်သာ ပါဝင်လာခဲ့မယ်ဆိုရင်တော့ Captain Marvel 2 ဟာ မျှော်လင့်ထားချင်စရာ ရုပ်ရှင်ဇာတ်ကားတကား ဖြစ်လာမှာ အသေချာပဲ ဖြစ်ပါတယ်။

Ref. wegotthiscovered.com

You may also like these stories:

MCU ရဲ့ ပထမဆုံး LGBT စူပါဟီးရိုးဖြစ်လာမယ့် မင်းသမီး Tessa Thompson

Captain America သရုပ်ဆောင်အဖြစ်မှ မင်းသား Chris Evans တရားဝင်နုတ်ထွက်

မျက်နှာဖုံးတွေအောက်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ကြတဲ့ Marvel ဇာတ်ကောင်များ

Loading