ဂျိန်းစ်ဘွန်း ရုပ်ရှင်သစ်ဖြစ်တဲ့ “No Time To Die” ဟာ သိပ်မကြာခင် အချိန်အတွင်းမှာ ကမ္ဘာအနှံ့က ရုပ်ရှင်ရုံတွေဆီ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဂျိန်းစ်ဘွန်း မင်းသား Daniel Craig ကို အဓိက ဇာတ်ကောင်နေရာမှာ နောက်ဆုံးအနေနဲ့ တွေ့မြင်ရဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်တဲ့အတွက် ဒီဇာတ်ကားသစ်မှာ ဘယ်လိုဆန်းသစ်မှုမျိုးနဲ့ တွေ့မြင်ရမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါ။
Killing Eve ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားသူ Phobe Waller-Bridge အကူအညီနဲ့ “No Time To Die”ကို အသက်သွင်းဖန်တီးထားတာ ဖြစ်ပြီး ပြည့်စုံသလောက် နီးပါးရှိနေပြီဖြစ်တဲ့အတွက် ဒီရုပ်ရှင်ဇာတ်ကားသစ်ကို James Bond ပရိသတ်တွေကတော့ အကြိုက်တွေ့ကြမှာ အသေအချာပါပဲ။
ရုံတင်ရက်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတချို့ ရှိခဲ့ပေမယ့် အကောင်းမွန်ဆုံး နောက်ဆက်တွဲ ရုပ်ရှင်အဖြစ် အားပေးမှုတွေရရှိဖို့ ရည်ရွည်မျှော်လင့်ထားတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
ရုပ်ရှင်မှာပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့ကို Teaser trailer သဘောအနေနဲ့ ချပြရင်း စီးပွားရေးဈေးကွက်အရ စီးပွားရေးဈေးကွက်အရ Marketing ခြေလှမ်းအသစ် စတင်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ထွက်ရှိလာတဲ့ Teaser trailer မှာဆိုရင် ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတချို့နဲ့ အက်ရှင်ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မင်းသား Daniel Craig ပါဝင်တဲ့ ဂျိန်းစ်ဘွန်း ရုပ်ရှင်တွေဟာ လွန်ခဲ့တဲ့နှစ်တွေတည်းက အောင်မြင်မှုတွေ ရရှိခဲ့ပြီး အမျိုးသမီးစပိုင် 007 တွေကို ရေရှည် သဘောမျိုးနဲ့ ရိုက်ကူးဖို့ အစီအစဉ်တွေ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ “No Time To Die” ရုပ်ရှင်ဟာ အပြည့်အဝ ထွက်ရှိလာတော့မယ်ဆိုတာကို Teaser trailer အနေနဲ့ ချပြရင်း အသိပေးလိုက်တာမျိုးဖြစ်ပြီး ထုတ်လုပ်ရေးရဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကတော့ ၂၀၂၀ ဧပြီလအတွင်း ထွက်ရှိလာတော့မှာ ဖြစ်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
နောက်ထွက်မယ့် James Bond ရုပ်ရှင်မှာ လူမည်းအမျိုးသမီး 007 ကို တွေ့မြင်ရဖွယ်ရှိ
၂၅ ကားမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကို “No Time To Die” လို့ နာမည်ပေး