Beatles အဖွဲ့ရဲ့ ယာဉ်မောင်းတဦးက ရာစုနှစ်ထက်ဝက်လောက် ထိန်းသိမ်းထားခဲ့တဲ့ ဒရမ်သမား Ringo Starr ဆီကနေ ရခဲ့တဲ့ ကားပါကင်လက်မှတ်နဲ့ အဆိုတော် ဂျွန်လီနွန် (John Lennon) ရဲ့ အမှတ်တံဆိပ် မျက်မှန်ဝိုင်းတစုံတို့ကို မကြာခင် လေလံပစ်ပြီး ရောင်းချမယ်လို့ သိရပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်နှောင်းတွေမှာ Starr နဲ့ တီးဝိုင်းအဖွဲ့သား George Harrison တို့အတွက် ယာဉ်မောင်းအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ Alan Herring က အဆိုတော် လွီနွန်ဟာ သူမောင်းနှင်နေခဲ့ မာစီဒီကား နောက်ထိုင်ခုံမှာ အဲ့ဒီမျက်မှန်တွေကို ချန်ထားခဲ့ပြီးနောက် သူ့ကို ပေးလိုက်တာလို့ ပြောကြားခဲ့ပါတယ်။
ယာဉ်မောင်း Alan က “လီနွန်က ကျနော့်ကားထဲကနေ ထွက်သွားတဲ့အခါတုန်းက နောက်ထိုင်ခုံမှာ အဲ့ဒီ နေကာမျက်မှန်၊ မှန်နဲ့ လက်ကိုင်ပြတ်တောက်နေတဲ့ မျက်မှန်ကို ထားခဲ့တယ်လို့ သိလိုက်ရတယ်။ ကျနော်က သူ့အတွက် ပြင်ပေးဖို့ ထားခဲ့တာလားဆိုပြီး လီနွန်ကို မေးလိုက်တယ်။ သူက စိတ်မပူဖို့ ကျနော့်ကို ပြောပါတယ်” လို့ ဆိုပါတယ်။
အဲ့ဒီ ကမ္ဘာကျော် မျက်မှန်နဲ့ Apple Records ကုမ္ပဏီအပြင်ဘက်မှာ ၁၉၆၉ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ထုတ်ပေးခဲ့တဲ့ ကားပါကင် လက်မှတ်တို့ကို လာမယ့်လမှာ ပြုလုပ်မယ့် Sotheby’s ရဲ့ အွန်လိုင်းလေလံပစ်အီအစဉ်မှာ တခြား Beatles အဖွဲ့ရဲ့ အမှတ်တရပစ္စည်းတွေနဲ့ အတူ ရောင်းချမှာလည်း ဖြစ်ပါတယ်။
Alan ရဲ့ အဆိုအရ အဲ့ဒီပစ္စည်းတွေကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ရတာဟာ စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်း၊ ဒါပေမယ့် Beatles အဖွဲ့နဲ့ဘဝမှာ အလုပ်အတူတွဲလုပ်ကိုင်ခဲ့ရတာဟာ တကယ့်ကိုပဲ ထူးခြားတဲ့ အမှတ်တရတွေ ဖြစ်ပြီး သူ့အတွက်လည်း အရေးကြီးတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
စတာလင်ပေါင် ၂ ပေါင်သာ တန်ဖိုးရှိတဲ့ အဲ့ဒီ ကားပါကင် လက်မှတ်ကို ပေါင် ၁၅၀၀ နဲ့ ရောင်းချမှာဖြစ်ပြီး Alan မပြင်ပေးဖြစ်လိုက်တဲ့ နေကာမျက်မှန်တွေကို ပေါင် ၈၀၀၀ နဲ့ရောင်းချမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ လေလံပစ်ရောင်းချမယ့် တခြားပစ္စည်းတွေထဲမှာ Alan ရဲ့ ကားထဲမှာ ထားခဲ့တဲ့ မီးခြစ်၊ Fab Four အဖွဲ့ဝတ်ခဲ့တဲ့ ရှပ်အကျီနဲ့ ပေါင် ၆ သောင်းနဲ့ ရောင်းချမယ်လို့ ခန့်မှန်းထားတဲ့ George Harrison ရဲ့ ဂစ်တာလည်း ပါဝင်ပါတယ်။
Ref:asiaone
You may also like these stories:
အဆိုတော် Beyonce ရဲ့ လူသိနည်းတဲ့ အကြောင်းများ
ဟောင်ကောင်ဆန္ဒပြပွဲ သတင်းကို Like ပေးမိတဲ့အတွက် အဆိုတော် Choi Siwon ပြန်တောင်းပန်
အမေဇုန်တော မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်များကို မင်းသား လီယိုနာဒို ငြင်းဆို