အိန္ဒိယနိုင်ငံမှာသာမက တရုတ်နိုင်ငံမှာပါ ရုံဝင်ငွေ ကောင်းခဲ့တဲ့ မင်းသား အမီရာခန်းရဲ့ “Dangal” ရုပ်ရှင်ဟာ ဝင်ငွေ ရူပီး ကုဋေ ၂၀၀၀ ကျော် ရရှိခဲ့ပြီးတဲ့နောက် အခုဆိုရင် ဆယ်စုနှစ်တာအတွက် အအောင်မြင်ဆုံး ရုပ်ရှင်အဖြစ် သတ်မှတ်ခံလိုက်ရကြောင်း Yahoo India ကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာ ဖော်ပြထားပါတယ်။
နပမ်း ညီအစ်မနှစ်ဦးရဲ့ သူတို့ရဲ့ နည်းပြဖခင် ဖြစ်သူတို့အကြောင်း ဖော်ကျူးထားတဲ့ ဒါရိုက်တာ Nitesh Tiwari ရဲ့ “Dangal” ရုပ်ရှင်အနောက်မှာတော့ မင်းသား Salman Khan ပါဝင်ထားတဲ့ “Bajrangi Bhaijaan” ရုပ်ရှင်က ရပ်တည်နေပါတယ်။ အဲ့ဒီနောက်မှာတော့ ၂၀၁၄ ခုနှစ်တုန်းက ဒါရိုက်တာ Rajkumar Hirani ရိုက်ကူးထားပြီး မင်းသား Aamir Khan ပါဝင်ထားတဲ့ “PK” ရုပ်ရှင်က ရပ်တည်နေပါတယ်။
ဆယ်စုနှစ်တာ ကာလအတွက် အအောင်မြင်ဆုံး ထိပ်တန်းရုပ်ရှင် ၁၀ ကားစာရင်းမှာ Sultan, Tiger Zinda Hai, Dhoom 3, Sanju, War, Chennai Express နဲ့ Dabangg တို့လည်း ပါဝင်ပါတယ်။ “Dangal” ရုပ်ရှင်ဟာ တရုတ်ရုပ်ရှင်သမိုင်း မှာ ယွမ် ၁ ဘီလီယံကျော် ရရှိခဲ့တဲ့ ၃၃ ကားမြောက် ရုပ်ရှင်အဖြစ် တရုတ်ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။
တရုတ်နာမည်ကျော် လက်မှတ်ရောင်းချရေး ဝက်ဘ်ဆိုက် Maoyan ရဲ့အဆိုအရ Dangal ရုပ်ရှင်ဟာ တရုတ်ရုပ်ရှင် သမိုင်းမှာ ဝင်ငွေ ယွမ် ၁ ဘီလီယံကျော်ခဲ့တဲ့ ရုပ်ရှင် ၃၂ ကားနဲ့အတူ ပါဝင်သွားခဲ့ပြီလို့ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ တရုတ်နိုင်ငံမှာ အိန္ဒိယရုပ်ရှင်တွေကို ပရိုမိုးရှင်းတွေ လုပ်ပေးနေတဲ့ တရုတ်ကုမ္ပဏီ Strategic Alliance ရဲ့ မိတ်ဖက် Prasad Shetty က “အိန္ဒိယရုပ်ရှင်ကားအတွက် အောင်မြင်မှုနဲ့ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်ဖြစ်ပြီး တကယ့် နာမည်ကျော် ဖြစ်လာခဲ့တာပါ” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ပြသခဲ့ပြီးတဲ့နောက် နာမည်ကြီးသွားခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ တရုတ်ရုပ်ရှင် ဝင်ငွေ ဒုတိယအများဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေပါတယ်။ နံပါတ် ၁ နေရာမှာကတော့ “Pirates of the Caribbean 5” ရုပ်ရှင်က ရပ်တည်နေပါတယ်။
အခုအထိ ရုံပေါင်း ၉၀၀၀ ခန့်မှာ ပြသနေဆဲဖြစ်တဲ့ အဲ့ဒီရုပ်ရှင်ရဲ့အောင်မြင်မှုကြောင့် ကမ္ဘာ့ဝင်ငွေအများဆုံး ဈေးကွက်ဖြစ်တဲ့ တရုတ်ရုံဝင်ငွေဈေးကွက်မှာလည်း အိန္ဒိယရုပ်ရှင်တွေ အောင်မြင်မှု ရနိုင်တယ်ဆိုတာကို ပြသလိုက်တာလို့လည်း ဆိုကြပါတယ်။
Ref: newsnation
အိန္ဒိယနိုင်ငံရဲ့ ဒေသအချို့မှာပြသခွင့်မရတဲ့ “Kedarnath” ရုပ်ရှင်