Entertainment

"Iron Man" ရုပ်ရှင်ကို ကြည့်ပြီး Marvel မှာ သရုပ်ဆောင်ချင်ခဲ့တာလို့ စကားလက်ဂျိုဟန်ဆန် ပြော

Want create site? Find Free WordPress Themes and plugins.

မင်းသမီး စကားလက်ဂျိုဟန်ဆန် (Scarlett Johansso) ဟာ “Iron Man” ရုပ်ရှင်ကို ကြည့်ရှုပြီးတဲ့နောက် Marvel Cinematic Universe မှာ ပါဝင်ချင်တဲ့ ဆန္ဒပေါ်လာခဲ့တာလို့ ဆိုပါတယ်။ မင်းသမီး Scarlett ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်မှာ Black Widow ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့ပြီး လာမယ့်နှစ်မှာဆိုရင် တကိုယ်တော် ရုပ်ရှင်လည်း ထွက်လာဖို့ရှိနေပါတယ်။

မင်းသမီးကတော့ ပထမဆုံး Iron Man ရုပ်ရှင်ကို ကြည့်ရှုခဲ့ပြီးတဲ့နောက် Marvel မှာ ပါဝင်လာချင်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

“ကျမ Iron Man ကို သဘောကျပါတယ်။ အဲ့ဒီလို ဇာတ်ကောင်မျိုး ကျမ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး။ ကျမက စူပါဟီးရိုး ဇာတ်ကောင်နဲ့ ဇာတ်လမ်းပုံစံရဲ့ကြိုက်တဲ့ ပရိသတ်တယောက်တော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် မြေစမ်း ခရမ်းပျိုးတဲ့ပုံ ပေါက်ခဲ့ပါတယ်။ ပြီးတော့ Marvel နဲ့အတူ အလုပ်လုပ်ချင်ခဲ့တာပါ။ စိတ်လှုပ်ရှားဖို့ကောင်းမယ့် နေရာဖြစ်မယ်လို့ ထင်ခဲ့ပါတယ်”လို့ မင်းသမီး Scarlett က ဆိုပါတယ်။

အသက် ၃၅ နှစ်အရွယ် မင်းသမီး Scarlett က အဲ့ဒီ Black Widow ဇာတ်ကောင်နေရာအတွက် မင်းသမီး Emily Blunt ကို လွှဲပေးခဲ့ပေမယ့် မင်းသမီး Emily က အချိန်အခက်အခဲကြောင့် ပါဝင်သရုပ်ဆောင်ဖို့ အခွင့်အရေးကို လက်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ မင်းသမီး Scarlett ကတော့ အဲ့ဒီဇာတ်ကောင်မှာ ပါဝင်ဖို့ ဒုတိယအကြိမ် အခွင့်အရေးရခဲ့ပြီးတဲ့ နောက်မှာတော့ ဒါရိုက်တာ Jon Favreau နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကျမက အဲ့ဒါနဲ့ပတ်သက်လို့ တော်တော်လေး စိတ်လှုပ်ရှားနေခဲ့တာပါ။ ပြီးတော့ ကျမက Jon နဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါ သူဘာလို့ ကျမကို မရွေးခဲ့တာလဲဆိုပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောဆိုနိုင်ခဲ့တာပါ။ ဒါပေမယ့် ကျမ တော်တော်လေးကို စိတ်လှုပ်ရှားနေခဲ့တာပါ”လို့ ဆိုပါတယ်။

မင်းသမီးဟာ မကြာခင် ရုံတင်မယ့် Black Widow ရုပ်ရှင်ဟာ စူပါဟီးရိုး ဇာတ်လမ်း အမျိုးအစားကို တဆင့်မြင့်စေမှာဖြစ်ပြီး ဒါရိုက်တာ Cate Shortland ကိုလည်း ချီးမွမ်းပြောဆိုခဲ့ပါတယ်။

Ref: asiaone

You may also like these stories:

Iron Man ဇာတ်ရုပ်နဲ့ အော်စကာဆု မလိုချင်တဲ့ မင်းသား Robert Downey Jr

“Sherlock Holmes 3” ရုပ်ရှင်မှာ Moriarty အဖြစ် ပြန်လည် ပါဝင်လာဦးမယ့် Jared Harris

Did you find apk for android? You can find new Free Android Games and apps.
Loading