ဟောလိဝုဒ်က မင်းသား၊ မင်းသမီးတွေဟာ ရိုက်ကွင်းတွေကနေ သူတို့ ကြိုက်တဲ့ ပစ္စည်းတွေကို ယူလာလေ့ရှိကြပါတယ်။ ကြီးကြီးမားမား ပစ္စည်းမျိုးတွေ မဟုတ်ပေမယ့် ရိုက်ကူးရေးရိုက်ရင်း အသုံးပြုဖူးတဲ့ ပစ္စည်းလေးတွေကို ယူလာလေ့ရှိတာလည်း ဖြစ်ပါတယ်။
မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားဖြစ်တဲ့ Thor ရုပ်ရှင်ကားတွေက အဓိကမင်းသား Chris Hemsworth ကလည်း Thor ကားထဲက တူတွေကို အိမ်ကို အမြဲယူလာလေ့ရှိတာကြောင့် စိတ်ညစ်နေရတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။
“သူက တူတွေကို အမြဲယူလာတယ်။ ပြီးရင် အိမ်ရဲ့ အလှအပဆုံး နေရာတွေမှာ တင်ထားပစ်တာ။ ကျမတို့ အိမ်မှာဆို အဲဒီတူတွေက ၅ လက်တောင် ရှိနေပြီ။ ရိုက်ပြီးသမျှ ရုပ်ရှင်တိုင်းက တူတွေကို ယူလာသလားပဲ။ စိတ်ရှုပ်ရတယ်”လို့ Chris Hemsworth ရဲ့ ဇနီးဖြစ်သူ မင်းသမီး Elsa Pataky က သြစေတြေးလျနိုင်ငံက ရေဒီယို သတင်းဌာနတခုကို ပြောပါတယ်။
မင်းသား Chris Hemsworth ဟာ တူအပြင် Infinity War ရုပ်ရှင်ထဲက “Mjolnir” ကိုပါ သြစတေးလျမှာ ရှိတဲ့ အိမ်ကို ယူလာတာဖြစ်တယ်လို့ သိရပါတယ်။ Thor ရဲ့ နောက်ထပ် ရုပ်ရှင်တကားဖြစ်တဲ့ “Thor: Love and Thunder” ရုပ်ရှင်က ၂၀၂၀ခုနှစ်မှာ ထွက်မှာ ဖြစ်ပြီး အဲဒီရုပ်ရှင်ထဲက တူတွေကို ထပ်ပြီး အိမ်ကို မယူလာဖို့ ဇနီးဖြစ်သူက မေတ္တာရပ်ခံထားတယ်လို့ Chris Hemsworth က ပြောပါတယ်။
Ref. insider
You may also like these stories:
နောက်ထပ် Star Terk ရုပ်ရှင်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေတဲ့ Chris Hemsworth
“Star Wars ရုပ်ရှင်မှာ သရုပ်ဆောင်ချင်တယ်”လို့ မင်းသား Chris Hemsworth ပြော