Entertainment

EXO အဖွဲ့ဝင်အသစ် ဖြစ်ပြီလို့ အရွှန်းဖောက် ပြောဆိုခဲ့တဲ့ မင်းသား Ryan Reynolds

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဟောလိဝုဒ်မင်းသား Ryan Reynolds ဟာ တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေစဉ်မှာ Kpop အမျိုးသားအဆိုတော်အဖွဲ့ EXO နဲ့ တွေ့ဆုံခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ်၊ မင်းသား Ryan က EXO အဖွဲ့ဝင်တွေ ဖြစ်တဲ့ Baekhyun, Chanyeol, Suho, Chen, Kai, Sehun တို့နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတပုံကို Twitter မှာ ဒီဇင်ဘာလ ၂ ရက်နေ့က တင်ခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံထဲမှာတော့ လက်မ ထောင်ထားတဲ့ အဖွဲ့ဝင်တွေနဲ့အတူ မင်းသားက အတူတွဲရိုက်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဖွဲ့ဝင်တွေရဲ့ ဆံပင်ပုံစံနဲ့ လိုက်ဖက်ညီတဲ့ ခရမ်းရောင် ဆံပင်ပုံစံကို သူ့ခေါင်းမှာ ပြောင်းလဲပြီးတော့ ဓာတ်ပုံကို ပြန်လည် တည်းဖြတ် ပြင်ဆင်ခဲ့ပါတယ်။

မင်းသားက “EXO အဖွဲ့ဝင်သစ်ဖြစ်လာတာ အရမ်းပျော်တာပဲ။ အကနဲ့ သီချင်းဆိုတာမှာ မပါဝင်နိုင်ပေမယ့် တခုတော့ သေချာတာက လက်မထောင်တဲ့ သင်္ကေတကို ဘယ်လိုလုပ်ရမယ်ဆိုတာ ကျနော် မသိတာပါပဲ။ ရိုးရိုးသားသား ပြောရရင် အဲ့ဒါမျိုး ဘယ်မှာမှ မသင်ခဲ့ရဖူးပါဘူး” လို့ ပုံစာမှာ ရေးသားခဲ့ပါတယ်။

မင်းသား Ryan ဟာ Netflix ကနေ ထုတ်လွှင့်မယ့် သူ့ရဲ့ရုပ်ရှင် “6 Underground” အတွက် ပရိုမိုးရှင်း လုပ်ငန်းတွေကို တောင်ကိုရီးယားနိုင်ငံမှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့ ရိုက်ကူးခဲ့တဲ့ မူရင်းဓာတ်ပုံကိုတော့ Instagram မှာ တင်ခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီ ပုံစာမှာတော့ “ကျနော်က အဖွဲ့သားဖြစ်ပါပြီ။ တကယ်တမ်းပြောရရင် ကျနော့်ကို စနောက်ခဲ့တဲ့ လုံခြုံရေး ဝန်ထမ်းက ကျနော့်ကို ကကွက်တွေ သင်ပြပေးခဲ့ပြီး ကျနော့် စိတ်ကူးထဲမှာတော့ ကျနော်တို့ရဲ့ မြေအောက်ထပ် စတူဒီယို ဒီကောင်တွေနဲ့ ကျနော် အလုပ်အတူ တွဲလုပ်နေတာပါပဲ” လို့ အရွှန်းဖောက် ရေးသားခဲ့ပါတယ်။

အဲ့ဒီ ဓာတ်ပုံမှာတော့ အဖွဲ့ဝင် Suho က “တွေ့ရတာ ဝမ်းသာပါတယ်။ ကိုရီးယားမှာ ပျော်ရွှင်ပါစေလို့ မျှော်လင့်ပါတယ်။ ရုပ်ရှင်ကိုလည်း မျှော်နေပါ့မယ်”လို့ တုံ့ပြန် ရေးသားခဲ့ပါတယ်။

နောက်ထပ်အဖွဲ့ဝင် Chanyeol ကလည်း မင်းသား Ryan နဲ့အတူ ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံတပုံကို Instagram မှာ တင်ခဲ့ပါသေးတယ်။ “6 Underground” ရုပ်ရှင်ကို လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကစလို့ Netflix ကနေ ကြည့်ရှုနိုင်တော့မှာပါ။

အဲ့ဒီ ရုပ်ရှင်ကို ဒါရိုက်တာ Michael Bay က ရိုက်ကူးထားပြီး Melanie Laurent, Manuel Garcia-Rulfo, Adria Arjona, Corey Hawkins နဲ့ Ben Hardy တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Ref: UPI

You may also like these stories:

Marvel စတူဒီယိုနဲ့ လက်တွဲ လုပ်ကိုင်ဖို့ရှိတဲ့ K-pop အဖွဲ့ SuperM

တရုတ် K-pop အဆိုတော် Zhang Yixing ရဲ့ မိသားစု အွန်လိုင်းမှာ အနိုင်ကျင့် စော်ကားခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading