နာမည်ကျော် ဟောလိဝုဒ်မင်းသား The Rock (Dwayne Johnson) ရဲ့ ၂၀၀၈ ခုနှစ်က ကွာရှင်းမှုဟာ သူ့အတွက်တော့ အချိန်ကာလတခုအထိ ခံစားချက် တစုံတရာ ပေးခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၄၇ နှစ်အရွယ် မင်းသား The Rock ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ အသက် ၃၅ နှစ်အရွယ် Lauren Hashian နဲ့ ဟာဝိုင်အီမှာ လက်ထပ်ခဲ့တာ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော်က Dany Garcia နဲ့ လမ်းခွဲပြီးတဲ့နောက်ပိုင်း ဒုတိယအကြိမ် မင်္ဂလာဆောင်ဖို့ ချီတုံချတုံဖြစ်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။
“ကျနော့်ရဲ့ ကွာရှင်းမှုက ကျနော့်အပေါ် တော်တော်လေး အကျိုုးသက်ရောက်ခဲ့ပါတယ်။ နောက်ထပ် လက်ထပ်ဖို့ ကြောက်နေခဲ့တာတော့ မဟုတ်ပါဘူး။ ချီတုံချတုံသာ ဖြစ်နေခဲ့တာပါ။ ဒါပေမယ့် Lauren က တော်တော်လေး စိတ်ရှည်ပါတယ်။ ‘ကျမ ရှင့်ကိုချစ်တယ်။ ရှင်ကလည်း ကျမကို ချစ်တာပဲတဲ့။ ကျမတို့မှာ ထူးခြားတဲ့ဘဝကို အတူတူပိုင်ဆိုင်နေတာပဲ။ အလျင်မလိုပါဘူးတဲ့’လို့ ပြောခဲ့တယ်”လို့ မင်းသားက WSJ. မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် Simone ဆိုတဲ့သမီးလေးကို Dwayne နဲ့ Dany တို့ ပိုင်ဆိုင်ခဲ့တာကြောင့် ၂၀၀၈ ခုနှစ်အထိ ကွာရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေမယ့် အဲ့ဒီမတိုင်ခင်ကတည်းက သူတို့ဟာ လမ်းခွဲခဲ့တာဖြစ်ပြီး Lauren ကို မင်းသား Dwayne တွေ့ဆုံခဲ့ချိန်မှာတော့ တော်တော်လေးကို ကြွေသွားခဲ့တယ်လို့ ဆိုပါတယ်။
သူက “စက္ကန့် ၃၀ အတွင်းမှာ ကျနော်က ဟာ ဒီကောင်မလေး တော်တော်လှတာပဲ လို့ ထင်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ကျနော်က Dany နဲ့ လမ်းခွဲထားတာပါ” လို့ ဆိုပါတယ်။
အခုတော့ Dwayne နဲ့ Lauren တို့ဆီမှာ Jasmine နဲ့ Tiana Gia ဆိုတဲ့ သမီးနှစ်ဦးကို ပိုင်ဆိုင်ထားပြီး Lauren နဲ့တွေ့ဆုံပြီး နောက်တကြိမ် ချစ်ကြိုက်ခဲ့ရတာ ဘယ်လောက် ကံကောင်းတယ်ဆိုတဲ့ အကြောင်းကိုလည်း မင်းသားက ပြောဆိုထားခဲ့ပါသေးတယ်။
“နောက်တကြိမ် ထပ်ပြီး ချစ်ကြိုက်ဖို့ဆိုတာ ကျနော်က တော်တော်လေး ကံကောင်းခဲ့တာပါ။ ကျနော် ရှိနေတဲ့ နေရာမှာ နှစ်ခါ ထပ်လုပ်ဖို့ တော်တော်လေးကို ခက်ပါတယ်။ ကျနော်က တော်တော်ကံကောင်းတဲ့သူပါ” လို့ မင်းသားက ဆိုပါတယ်။
Dany ဟာ Dwayne ရဲ့ မန်နေဂျာအဖြစ် ၂၀၀၈ ခုနှစ်ကတည်းက တာဝန်ထမ်းခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးက အခုအထိ ရင်းနှီးဆဲ အနေအထားမျိုးမှာ ရှိနေတာပါ။
အိမ်ထောင်ရေးအရ လမ်းခွဲခဲ့ကြပေမယ့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲထားကြတဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ Dany က “ကျမတို့ရဲ့ ဘဝအစိတ်အပိုင်းတခုဆီထဲကို ရောက်နေပြီး ကိုယ်ရေးကိုယ်တာအရ နီးကပ်တဲ့ ဆက်ဆံရေးထဲ ရောက်နေပြီ ဆိုတာကို ကျမ သိပါတယ်။ ကျနော်တို့က သူ့ရဲ့အေးဂျင့်တွေနဲ့ တော်တော်လေးကို နက်နက်ရှိုင်းရှိုင်း ဆက်ဆံရတာပါ။ ကျမရဲ့ သူ့ဇာတ်ညွှန်းတွေကို မှတ်ချက်ပေးရပါတယ်။ တကယ့်ကိုပဲ သဘာဝကျကျ စကားပြောကြတာပါ”
“သူက ဒီအချိန်ပြည့်အလုပ်ကို လုပ်ပေးဖို့ မင်းကို သဘောကျတယ်လို့ ပြောတယ်။ လူတွေက လမ်းခွဲပြီးရင် စကားမပြောကြတော့ဘူး။ တကယ့်ကို အမှောင်ကျတဲ့အချိန်ပဲ။ တယောက်က ထွက်သွားရင် ငါတို့ဆိုတာ ဘယ်တော့မှ ပြန်မဖြစ်နိုင်တော့ဘူး။ ကျမတို့ နေ့တိုင်း စကားပြောတယ်။ အလုပ်ကိစ္စအတွက်ပဲ ကြိမ်ဖန်များစွာ စကားပြောပါတယ်”လို့ Marie Claire US မဂ္ဂဇင်းကို ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
“Fast & Furious 9” မှာ ဧည့်သည်သရုပ်ဆောင် အနေနဲ့သာ ပါဝင်တော့မယ့် The Rock
မင်းသား Dwayne Johnson ရဲ့ “Black Adam” ရုပ်ရှင် ၂၀၂၀ ပြည့်နှစ်မှာ ရိုက်ကူးရေး စတင်မယ်