ယခုနှစ်အတွင်း အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရုံတင်ပြသခဲ့ပြီး ဇာတ်ကားကောင်းများစွာ ပါဝင်ခဲ့တဲ့အတွက် တူမဖြစ်သူ မေတိုးခိုင်က ရင်ထဲက အကယ်ဒမီ ပေးထားပြီးပြီလို့ ပြောပါတယ်။
“တီဝဲ (အိန္ဒြာကျော်ဇင်) က ဒီနှစ် သူ့ကားတွေ အများကြီးပါတယ်။ အဲ့အတွက်ကြောင့် တချို့ကားတွေက တော်တော်ကောင်းတယ်။ ရင်ထဲမှာတော့ အကယ်ဒမီ ပေးလိုက်ပြီးသားပေါ့။ မျှော်လင့်တာတော့ မမျှော်လင့်ချင်ဘူးပေါ့။ တီဝဲ အကောင်းဆုံး ကြိုးစားထားပါတယ်” လို့ မေတိုးခိုင်က ပြောပါတယ်။
မေတိုးခိုင်နဲ့ အတူတွဲဖက်ပြီး ရိုက်ကူးထားတဲ့ “ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကိုလည်း ရုံတင် ပြသခဲ့တာဖြစ်တဲ့အတွက် ဒီကားနဲ့ရရင်တော့ အတိုင်းမသိ ဝမ်းသာမိမှာဖြစ်တယ်လို့ ဆိုပါတယ်။
“အဲဒါဆိုရင်တော့ အတိုင်းမသိ ဝမ်းသာမှာပါ။ အကြိုက်ဆုံးဇာတ်ကား ဆိုရင်တော့ ရိုးမပေါ်ကျတဲ့မျက်ရည်ကို တော်တော် သဘောကျတယ်။ ကိုတိုးကြီးပေါ့”လို့ မေတိုးခိုင်က ပြောပါတယ်။
“ရူးအောင်ချစ်မယ့်လူ” ရုပ်ရှင်ဇာတ်ကားကတော့ မေတိုးခိုင်ရဲ့ ပထမဦးဆုံး ဇာတ်ကားဖြစ်ပြီး အဒေါ်ဖြစ်သူနဲ့လည်း ပထမဆုံး အတူတွဲဖက် သရုပ်ဆောင်ရတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ တနှစ်တာရုံတင်ပြသခဲ့တဲ့ကားတွေထဲက “ရိုးမပေါ်ကျတဲ့မျက်ရည်” ရုပ်ရှင်ဇာတ်ကားကိုတော့ အကြိုက်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မေတိုးခိုင်ကတော့ နောက်နှစ်ထဲမှာ ရုပ်ရှင်ကားအသစ်များ ရိုက်ကူးဖို့အတွက် လက်ခံထားပြီး နှစ်အစပိုင်းလောက်မှာ စတင်ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။ “နောက်ထပ် ရုပ်ရှင်ကားတွေ လက်ခံထားတာ ရှိပါတယ်။ နောက်နှစ် အစလောက်မှာ ရိုက်ဖြစ်မှာပါ။ ဇာတ်လမ်းလေးတွေကို ဖတ်ပြီး သဘောကျရင် လက်ခံဖြစ်ပါတယ်”လို့ မေတိုးခိုင်က ပြောပါတယ်။
လတ်တလောမှာတော့ မေတိုးခိုင်က “Plastic Time Off” ဆိုတဲ့ Challenge မှာ ပါဝင်နေပြီး ပလတ်စတစ် လျှော့သုံးစွဲကြဖို့အတွက် လူတိုင်းကို တိုက်တွန်းချင်တာကြောင့် ပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“ရိုးမပေါ်ကျတဲ့ မျက်ရည်” ရုပ်ရှင်မှာ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ကို ချီးကျူးလိုက်တဲ့ မေတိုးခိုင်
မေတိုးခိုင်ကို ဇာတ်ကားနဲ့ လိုက်ဖက်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလို့ မြင်တဲ့ နေတိုး
ကျောင်းဆရာ ကိုတိုး ကာရိုက်တာဖြစ်အောင် သေချာ ကြိုးစားခဲ့တဲ့ အိန္ဒြာကျော်ဇင်