ဂန်းစတားပုံစံ သရုပ်ဆောင်ဖို့ ကိုရီးယား ဂန်းစတားတွေကို လေ့လာနေတဲ့ ကောင်းမြတ်စံ
ရုပ်သံ ဇာတ်လမ်းတွဲတွေမှာ အောင်မြင်မှုတခု ရရှိနေတဲ့ သရုပ်ဆောင် ကောင်းမြတ်စံကတော့ နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာပြီး မကြာခင်မှာလည်း ဂန်းစတား (Gangster) ပုံစံနဲ့ မြင်ရဖို့ရှိတယ်လို့ သိရပါတယ်။
“ဒီရက်ပိုင်းမှာ Gym ကို သေချာဆော့နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် လာမယ့် ၁ လပိုင်းမှာ ကျနော့်ပုံစံနဲ့ လူရှိန်တဲ့ပုံစံ၊ ဂန်းစတားပုံစံ ရိုက်ရမယ်။ အဲဒါကြောင့် Gym ပုံမှန် ဆော့နေတယ်။ Gangster ရုပ်ရှင်က အန်ကယ်လေး (လူမင်း)နဲ့ ဒီ ၁ လပိုင်း ရိုက်ဖြစ်မယ်။ ကျန်တဲ့သူတွေလည်း တော်တော်များများ ပါတယ်” လို့ ကောင်းမြတ်စံက ပြောပါတယ်။
ဒီကားအတွက် ပြင်ဆင်မှုအနေနဲ့လည်း ကိုရီးယား ဂန်းစတားပုံစံမျိုးတွေကို လေ့လာနေပြီး Gym လည်း သေချာဆော့နေတယ်လို့ သိရပါတယ်။
“အဲ့ကားအတွက် ဘာတွေ ပြင်ဆင်ထားလဲဆိုရင် လူမိုက်ဆိုရင် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေနဲ့ ပုံစံမျိုးကို မသွားဘဲနဲ့ ကိုယ့်နဲ့လိုက်မယ့် ကိုရီးယားဘက်က ဂန်းစတား ပုံစံမျိုးတွေ လေ့လာနေတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကို လေ့လာနေတယ်။ ကျနော်နဲ့ တူတယ်လို့ ပြောတာ မဟုတ်ဘူးနော်”
“ကျနော်က Asian (အာရှသား) ရုပ်ဆိုတော့ အဲ့ဘက်ကို သွားယူရတာပေါ့။ European (ဥရောပသား) ရုပ်ဆိုရင်က အမွေးထူထူ အရပ် ထောင်ထောင်မောင်းမောင်းကြီးတွေ
မြန်မာပြည်က ဂန်းစတား ဆိုရင်လည်း မြင့်မြတ်နဲ့ ယုန်လေးကို သဘောကျတယ်လို့ ဆိုပါတယ်။
“ကိုမြင့်မြတ်တို့ ကိုယုန်လေးတို့ကျတော့လည်း ကျနော်နဲ့ မတူပြန်ဘူး။ သူတို့ကဘာလုပ်လုပ် အိုကေတယ်။ ကိုမြင့်မြတ်ကို တကယ် သဘောကျတယ်။ အေးပြီးဆိုလည်း အေးတယ်။ ကြမ်းပြီဆိုရင်လည်း အကြမ်း၊ ဟာသဆိုလည်း ဟာသ၊ သူက ဒီတိုင်းပဲ နေတာနော် ဘာမှ မပြောင်းလဲဘူး။ ဒါပေမယ့် သူသရုပ်ဆောင်လိုက်ရင် ကွက်တိ။ အဲ့လိုမျိုး အရမ်းသဘောကျတယ်။ ကျနော်တို့ဆို ကာရိုက်တာတခု Change ချင်ရင် အရမ်းလုပ်ယူရတယ်” လို့ ကောင်းမြတ်စံက ပြောပါတယ်။
သူကိုယ်တိုင်လည်း “ရတနာထဲက ရတနာ” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ဗီလိန်တယောက်အနေနဲ့ သရုပ်ဆောင်ဖူးတာကြောင့် ရအောင်လုပ်မယ်လို့ ဆိုပါတယ်။
“ရတနာထဲက ရတနာ ဇာတ်လမ်းတွဲမှာလည်း ကျနော်က ဗီလိန်လုပ်တာဆိုတော့ နှုတ်ခမ်းမွေး ထားပြီး ရအောင်ဖြဲတာ။ ကျနော်နဲ့ တွဲသရုပ်ဆောင်တာက ကိုအောင်မင်းခန့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းဆိုတော့ သူ့ကို ရအောင် ဖြဲတာ” လို့ ကောင်းမြတ်စံက ပြောပါတယ်။
ဒီကားကိုတော့ ဇန်နဝါရီလအတွင်းရိုက်ကူးသွားမှာ
ဆက်စပ်ဖတ်ရှုရန်
“Fashion Week တွေကို သေသွားမှ ရပ်မယ်”လို့ ဂျွန်လွင် ပြော
Fan Meeting က ရတဲ့ ငွေကြေးနဲ့ အလှူလိုက်ရတဲ့အတွက် ပီတိဖြစ်နေတဲ့ ဝတ်မှုံရွှေရည်
“အနှိမ်ခံရတဲ့စိတ်က တွန်းအားဖြစ်စေတယ်” လို့ မော်ဒယ်ထူးအောင် ပြော