Entertainment

Myanmar Idol ကို Wild Card နဲ့ ပြန်သွားချင်ပေမယ့် မမျှော်လင့်ထားတဲ့ ထက်အဉ္ဇလီ

Myanmar Idol Season 4 ပြိုင်ပွဲကနေ ထွက်ခဲ့ရတဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီက Wild Card နဲ့ ပြန်သွားခွင့် ရမယ်ဆိုရင် ပြန်သွားချင်ပေမယ့် အရမ်းမမျှော်လင့်ထားဘူးလို့ ဆိုပါတယ်။

“Wild Card နဲ့ ပြန်သွားခွင့်ရမယ်ဆိုရင် ပြန်သွားချင်ပါတယ်။ ပြန်သွားရဖို့တော့ အရမ်း မမျှော်လင့် ထားဘူး။ ပရိသတ်တွေကတော့ အပြင်မှာပဲ အနုပညာတွေ ဖန်တီးပါလို့ ပြောကြတာ များတယ်။ ပြန်သွားခွင့်ရရင်တော့ အရမ်းပျော်နေမှာပါ။ မသွားရဘူးဆိုရင်လည်း ပျော်နေမှာပဲ။ အရာအားလုံးက ကိုယ့်အတွက် အကောင်းပဲလေ”

“Myanmar Idol ကနေ အတွေ့အကြုံတွေ ရတယ်။ ဆုံးဖြတ်ချက် ခိုင်မာဖို့၊ ဝေဖန်မှုတွေအပေါ် အရမ်း မခံစားဖို့၊ ကင်မရာ မကြောက်ဖို့၊ နေတာထိုင်တာ၊ ပြောတာဆိုတာက အစ အတွေ့အကြုံတွေ အများကြီး ရပါတယ်။ ပြိုင်ပွဲဝင်တွေကို မဲပေးရတဲ့ Voting စနစ်က ပရိသတ်ရဲ့ ချစ်ခင်မှုပေါ့။ အဆိုကောင်းရုံနဲ့ မရဘူး။ ပရိသတ်တွေက စံထားရတဲ့သူကို ချစ်ခင်မယ်၊ Voting ပေးမယ်။ Voting စနစ်နဲ့ ပတ်သက်ပြီး အများကြီးတော့ မပြောတတ်ဘူး”လို့ ထက်အဉ္ဇလီက ပြောပါတယ်။

ထက်အဉ္ဇလီက အနုပညာတိုင်းကို တန်ဖိုးထားတာဖြစ်လို့ အနုပညာနဲ့ ပတ်သက်တဲ့ ဘယ်လို ကမ်းလှမ်းမှုပဲလာလာ လက်ခံဖြစ်မှာလို့ ဆိုပါတယ်။

“လတ်တလောတော့ သီချင်းတွေ သွင်းနေတယ်။ ခရစ္စမတ်အတွက် Makeup Tutorial လုပ်ဖို့ ရှိတယ်။ အဓိကကတော့ ဂီတကိုပဲ သွားမှာပါ။ ဂီတကတော့ ညီမအတွက် ပထမဆုံး အိပ်မက်ပေါ့။ မိတ်ကပ်က ဂီတကို မလုပ်ခင်က သင်ယူခဲ့တဲ့ ပညာလေးဆိုတော့ မိတ်ကပ်ကိုလည်း ဒီတိုင်း အဆုံးမသတ်ချင်ဘူး။ ကိုယ်ရှိနေတဲ့ ပညာလေးနဲ့ လိမ်းပြတဲ့ ဗီဒီယိုလေးတွေ ကြည့်ခြင်းအားဖြင့် သူတို့အတွက် အကျိုးထူး သွားမယ်ဆိုရင် ညီမအတွက်လည်း ကောင်းတယ်”

“ကိုယ့်ပညာကို ဒီတိုင်းလက်လွှတ်လိုက်ရတာလည်း မဖြစ်ချင်တာကြောင့် မိတ်ကပ်လိမ်းတဲ့ ဗီဒီယိုလေးတွေ လုပ်ဖြစ်တာပါ။ သရုပ်ဆောင် ကမ်းလှမ်းလာရင်တော့ အရမ်းဝမ်းသာမိမှာပါ။ ညီမက အနုပညာတိုင်းကို ချစ်တယ်။ တန်ဖိုးထားဖြစ်လို့ ဘယ်လို ကမ်းလှမ်းမှုပဲလာလာ ညီမ လက်ခံဖြစ်မှာပါ”လို့ ထက်အဉ္ဇလီက ပြောပါတယ်။

Myanmar Idol ပြိုင်ပွဲဝင် ထက်အဉ္ဇလီကို Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲကနေ တဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြပြီး ထက်အဉ္စလီက Makeup Artist တဦးလည်း ဖြစ်ပါတယ်။

You may also like these stories:

Wild Card နဲ့ခေါ်ရင် ပြန်လာဖို့ ဒိုင်တွေပြောတဲ့အတိုင်း လေ့ကျင့်နေတဲ့ နေလင်းကျော်

Myanmar Idol မှာ Wild Card နဲ့ ပြန်ခေါ်ခံရရင် ကြိုးစားပြချင်သေးတဲ့ ခြူးစစ်ဟန်

“Myanmar Idol ခရီး ပြီးဆုံးသွားပေမယ့် အနုပညာခရီး အခုမှ စမှာပါ”လို့ တန်ခွန်ကျော် ပြော

Loading